စိတ်ချမ်းသာဖို့ positive attitude လိုအပ်သလို
အမှန်မြင်ဖို့ Right Attitude လိုတယ်။
နေ့တိုင်း စောက်ပြဿနာတွေနဲ့
နေချင့်စဖွယ် တိုင်းပြည်လေးမှာ
တော်ရုံ စိန်ခေါ်မှုတွေကို ရင်မခုန်တော့သလို
ကြောက်ပြီးတော့လည်း ဖင်တုန်မနေတော့ဘူး။
မွေးကတည်းက Brain Wash လုပ်ထားတဲ့
ပညာရေး စနစ်နဲ့ ကြီးပြင်းခဲ့ရတာမို့
အဲဒီအမှောင်ထုက ရုန်းထွက်ပြီး
ကိုယ့် Value နဲ့ကိုက်ညီတဲ့ အသက်မွေးမှုကိုလုပ်ဖို့
Knowledge Worker ဘဝကိုရွေးချယ်ခဲ့တယ်။
သဘာဝကိုမြတ်နိုးလို့ ပိုက်ဆံရဖို့
ငါးမဖမ်း၊ သစ်မခုတ်၊ ကျောက်စိမ်းမထုတ်၊
ရေနံလည်းနဲ့ Gas လည်းမတူးဖူးသလို၊
သဘာဝကပေးထားတဲ့ စွမ်းအင်နဲ့
အရင်းအမြစ်တွေကို မဖျက်စီးဖူးဘူး။
သူများမျက်ခုံးမွှေးပေါ် လမ်းမလျှေက်တာကြောင့်
ဘယ်မှာပဲနေနေ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်…။
ဘာတွေပဲ ဖြစ်လာဖြစ်လာ
ကိုယ့် philosophy နဲ့ကိုယ် ရှင်သန်ရင်း
အင်တာနက်နဲ့ Laptop တစ်လုံး ရှိနေသရွေ့တော့
အိပ်မက်တွေမက်ပြီး လုပ်စရာရှိတာ
ကိုယ်ယုံကြည်တာကို ဆက်လုပ်နေအုံးမယ်။
ဘဝကို ကိုယ်ကမစမ်းသပ်ရင်
ကိုယ်ကဘဝရဲ့ Lab ထဲက
အစမ်းသပ်ခံ ကြွက်ဖြစ်နေအုံးမှာပဲ။
ကိုယ်က ကြိုးဆွဲမလား
သူများကြိုးဆွဲတာပဲ ဆက်ခံနေမလား ဆိုတာ
ကိုယ်တိုင်ပဲ ရွေးချယ်ကြရတာပဲမလား?
ချစ်လျှက် > ကိုနေ

No comments:
Post a Comment