Friday, November 5, 2010
ကုလားဟူသည် ဤသို့တည်း
အခန်း (၁) နိဒါန်း
မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များဌာနခွဲသည် အရှေ့တောင်အာရှဒေသနိုင်ငံများအကြောင်းဆိုင်ရာ ပညာရပ်များ ဌာနငယ်တစ်ခု ဖြစ်သည်။
နှစ်ပေါင်းအတန်ကြာမျှ မြန်မာနိုင်ငံအကြောင်းဆိုင်ရာ ပညာရပ်များသုတေသီတစ်ဦးအနေဖြင့် လုပ်ခဲ့ဖူးသော မိမိ၏အတွေ့ အကြုံအရ နိုင်ငံတကာသုတေသနစာပေများတွင် အဆိုပါ အရှေ့တောင်အာရှနိုင်ငံများအကြောင်း ရေးသားတင်ပြမှုများ၌ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့အကြောင်းကိုသာ အများအပြားတွေ့ရပြီး အထူးသဖြင့် ၎င်းတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာ သာစကားများကို အလေးပေးရေးသားထားကြသည်ကို တွေ့ရှိရသည်။ သို့သော် မြန်မာနိုင်ငံ၏ စာပေ၊ ဘာသာစကားတို့နှင့် သက်ဆိုင်သော စာအုပ်စာတမ်းများကို များများစားစား မတွေ့ရချေ။ ထို့အပြင် နိုင်ငံတကာ ပညာရပ်စာပေနယ်ပယ်၌ အနည်းငယ်မျှသာရှိသော မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် စာအုပ်စာတမ်းများတွင် အချို့သော အချက်အလက် များသည် မှားယွင်းနေသည်။ အချို့သော အချက်အလက်များမှာ တိကျမှုမရှိ၊ အချို့သော အချက်အလက်များကိုအဓိပ္ပါယ် လွဲမှားစွာ ရေးသားတင်ပြထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အဆိုပါစာအုပ်စာတမ်းများထမှဲ မှားယွင်းသော(သို့) လိုရာ ဆွဲတင်ပြထားသော အချက်အလက်များကို ထပ်ဆင့်လေ့လာရေးသားသူများက မှီငြမ်းကိုးကား ရေးသားတင်ပြမှုများ ရှိလာ သည့်အခါ အများညီ ဤကို ကျွဲဟုဖတ်ဆိုသည့်ကိန်းမျိုး ဆိုက်လုနီးနီး ဖြစ်နေကြောင်းတွေ့ရပါသဖြင့် မှန်ကန်တိကျသော အချက်အလက်များဖြင့် ချေပရေးသားရမည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပါတော့သည်။
မြန်မာစာပေ၊ ဘာသာစကားနှင့်ပတ်သက်၍ တိကျသောစာအုပ်စာတမ်းများစွာရှိသော်လည်း ၎င်းတို့မှာ မြန်မာဘာသာဖြင့် သာ ရေးသားထားသော စာအုပ်စာတမ်းများ ဖြစ်သဖြင့် မြန်မာလူမျိုးမဟုတ်သော မြန်မာနိုင်ငံအကြောင်း လေ့လာနေကြသည့် နိုင်ငံခြားသားသုတေသီ များအတွက် အခက်အခဲများစွာ ရှိနေသည်။ ၎င်းတို့ထဲမှ အများစုမှာ မြန်မာဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆို၊ ရေးသား၊ ဖတ်ရှုနိုင်ခြင်းမရှိသည့်အတွက် ဥရောပဘာသာစကားတစ်ခုခုနှင့် ရေးသားထားသည့် စာအုပ်စာတမ်းများကိုသာ အားကိုးလေ့လာနေရသည့်အနေအထားတွင် ရှိနေသည်။
အထက်ပါအချက်နှင့်စပ်လျဉ်း၍ မိမိအနေဖြင့် တိုင်းတစ်ပါး၌ မြန်မာစာပေနှင့် ဘာသာစကားသင်ကြားရေးတွင် အတွေ့အ ကြုံအရှိဆုံး မြန်မာပညာရှင်များတွင်ပါဝင်သူ တစ်ဦးဖြစ်သည့် ဆရာဦးတင်ထွေး၏ မှတ်ချက်အား ထုတ်နုတ်တင်ပြလိုပါသည်။
“မြန်မာစာပေနှင့် ဘာသာစကားအား လေ့လာဆည်းပူးနေကြသည့် နိုင်ငံခြားသားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူ ကျောင်းသားအများအတွက် အဆိုပါ ပညာရပ်နယ်ပယ်သည် သာမန်ထက်ကျယ်ပြန့်ပြီး လေ့လာရန် အချက်အလက် အရင်းအမြစ် မြောက်များစွာရှိနေသည်။ သို့သော် ၎င်းဂန္တ၀င်စာပေလက်ရာများမှာ မြန်မာဘာသာစကားဖြင့်သာ ရေးသား ထားသဖြင့် ယနေ့အချိန်အထိ နိုင်ငံခြားသားသုတေသီများအတွက် မြန်မာစာအုပ်စာတမ်းများ၊ ဂန္တ၀င်စာပေလက်ရာများမှာ ၎င်းတို့တတ်ကျွမ်းသော မြန်မာဘာသာစကားအဆင့်၏ အလှမ်းမမီရာတွင် ရောက်ရှိနေကြောင်း ၀မ်းနည်းစွာတွေ့ရရှိရပေ သည်။ ထို့ကြောင့် ၎င်းတို့ထဲမှာ အများစု၊ အားမနာတမ်းပြောရလျှင် အားလုံးလောက်နီးပါးမှာ ဒေသခံများထံမှ ကြားဖူးနားဝ စကားများ၊ ပါးစပ်ရာဇ၀င်များကိုသာကိုးကား၍ စာတမ်းများပြုစုခဲ့ကြပြီး ၎င်းတို့၏စာတမ်းများကို ရာစုနှစ်ပေါင်းများစွာ တည် ရှိနေခဲ့သော ခိုင်မာသည့် မြန်မာစာပေရင်းမြစ်များနှင့် ကိုက်ညီမှု ရှိ /မရှိ သေချာစစ်ဆေးနိုင်စွမ်းမရှိခဲ့သည်ကို ဝမ်းနည်းစွာ တွေ့ရှိရလေတော့၏။ မည်သို့ပင်ဖြစ်စေ အငြင်းပွားဖွယ်ရှိ နေသောစာတမ်းများအပါအ၀င် အဆိုပါနိုင်ငံခြားသားသုတေသီများ ၏ ကြိုးပမ်းအားထုတ်မှုများအားလုံးကို မိမိတို့အနေဖြင့် လျှစ်လျှူမရှုသင့်ပဲ အသိအမှတ်ပြုသင့်ပါသည်။" (1)
"မြန်မာဘာသာစကားနှင့် စာပေဆိုင်ရာစာအုပ်စာတမ်းအချို့ကို မြန်မာလူမျိုး ပညာတတ်အချို့က အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထားသည်များရှိပါသည်။ ၎င်းပုဂ္ဂိုလ်များမှာ အင်္ဂလိပ်စာပေနှင့် ဘာသာစကားဆိုင်ရာ ပညာရပ်နယ်ပယ်မှ ပညာ ရှင်များဖြစ်ကြပြီး မြန်မာစာပေနှင့် ဘာသာစကားဆိုင်ရာ ပညာရပ်နယ်ပယ်မှ ပညာရှင်များမဟုတ်ချေ။ ထို့ကြောင့် အဆိုပါ ပုဂ္ဂိုလ်များသည် မြန်မာစာပေထက် အင်္ဂလိပ်စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကြသည်။”
၎င်းတို့ရေးသားပြုစုသော စာတမ်းများကို နိုင်ငံခြားသားသုတေသီများက ရည်ညွှန်းကိုးကားထည့်သွင်းရေးသားခြင်းများ မကြာခဏ တွေ့ရတတ်ပြီး ရလဒ်အနေဖြင့် အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်း၊ ခန့်မှန်းမှု အလွဲများ၊ လွဲမှားသည့် ခြုံငုံသုံးသပ် ချက်များကို တွေ့ရပေးသည်။ (2)
အထက်ပါအချက်နှင့်စပ်လျဉ်း၍ မြန်မာစာပေနှင့်ဘာသာစကားထဲတွင် အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူဘာသာပြန် နားလည် လျှက်ရှိသည့် Kula (ကုလား) ဟူသောစကားလုံးကို ဥပမာတစ်ခုအနေဖြင့် ထုတ်နုတ်တင်ပြလိုပါသည်။ အဆိုပါအခေါ် အဝေါ်တွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်တစ်စုံတစ်ရာမပါဝင်သော်လည်း နိုင်ငံခြားသား ပညာရှင် တချို့က ထိုစကားလုံးအား အဓိပ္ပါယ်လွဲမှားစွာ ကောက်ယူဘာသာပြန်ဆိုကြပြီး ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ရေးသားတင်ပြလျှက်ရှိကြသည်။ မိမိအနေဖြင့် ဤစာတမ်းတွင် အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် စပ် လျဉ်း၍ ခိုင်မာသည့် မြန်မာစာပေအရင်းအမြစ်များ၊ ထင်ရှားသည့် မြန်မာစာပေပညာရှင်များ၏ သုံးစွဲပုံများနှင့် သာမန်လူများ ထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားခြင်း၏ရလဒ်အဖြစ် ပညာရှင်အချို့၏ သတိမမူပဲ လွဲမှားစွာ ဘာသာပြန်ဆို ရေးသားတင်ပြမှုများကို ထုတ်နုတ်တင်ပြလိုပါသည်။
အခန်း(၂) စာပေအထောက်အထားများအရ အဓိပ္ပါယ်ဖွင့်ဆိုခြင်း
ကုလားဟူသည့် အခေါ်အဝေါ်နှင့်စပ်လျဉ်း၍ ၎င်းစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း အယူအဆ တစ်ရပ်ရှိပြီး မြင့်မြတ်သောအမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ (ကုလပုတ္တ-မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား၊ အမျိုးကောင်းသား) အဆိုပါအခေါ်အဝေါ်ဖြင့် မြန်မာနိုင်ငံမှ ရှေးဦး ဗုဒ္ဓဘာသာဝင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ချီးမြှောက်ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော် တိုင်ပင် အိန္ဒိယတိုင်းသားတစ်ဦးဖြစ်သောကြောင့် ပေတည်း။
အဆိုပါယူဆချက်အား အောက်တွင်ဖော်ပြထားသည့် စာပေများမှ အထောက်အထားများအရ သိရှိရသည်။ (1) The Myanmar Language Commission, Myanmar-English Dictionary, Yangon, 1993, p. 10. ကုလား / kala/ n 1. native of the Indian subcontinent. 2. court-card; picture card. adj of foreign origin. See also သင်္ဘော [Pali ကုလ]
(2) The Myanmar Language Commission, မြန်မာအဘိဓာန် (Myanmar-Myanmar Dictionary), Yangon, 1991, p. 9 ကုလား /kla;/ n 1’ အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2 သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်း နိုင်ငံများမှ လာသောသူများ 3 စက္ကူဖဲတွင် ဂျက်၊ကွင်း၊ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှလာသော။ နိုင်ငံခြား မှဖြစ်သော။ [ပါ၊ကုလ]
(3) ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22. ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူ များ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
(4) ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။(The PaliBurmese Dictionary), Rangoon, 1956, vol. 2, p. 329. ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျေွး ဒါယကာ။
(5) Judson, A., Burmese-English Dictionary, Baptist Press, Rangoon, edited 1953. p. 173 (First Edition: 1836). ကုလား (Pali) n, a race အမျိုး one whose race is distinctly marked, a caste person; a native of any country west of Burma; a foreigner ...etc.
အမှန်မှာ မြန်မာများသည် ပါဠိစကား ကုလ(မြင့်မြတ်သော၊ ကြီးကျယ်သော၊ အမျိုးမြင့်မြတ်သော၊ ထူးခြားသိသာသော - meaning holy, great, noble, distinguished etc.) အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ပုံစံအမျိုးမျိုး သုံးစွဲကြသည်။
အောက်ဖော်ပြပါ အသုံးအနှုန်းများအား ဥပမာအဖြစ်ထုတ်နုတ်တင်ပြလိုပါသည်။
(a) ကုလသမဂ္ဂ (Kula Thamagga) great/noble organization United Nations
(b) ကုလားအုတ် (ကုလသြဋ္ဌ) (Kula Oatta) distinguished camel camel, the distinguished animal
(c) ကုလကုမ္မာရီ (Kula Kumari) noble young lady young lady of the noble race
(d) ကုလပဗ္ဗတ (Kula Pabbata) great/distinguished mountain mountain range
ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မူလမွန်စကား ဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ်သောအိမ် တွင်နေသူများ) မှဆင်းသက်လာကြောင်း သိရှိရသည်။ အဆိုပါအယူအဆအား အထောက်အကူဖြစ်စေသည့် အထောက် အထားများအား တင်ပြလိုပါသည်။ (1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 495. "The true history of the word has for the first time been traced by Prof. Forchhammer to Gola , the name applied in old Pegu inscriptions to the Indian Buddhist immigrants, a name which he identifies with Sanskrit Gauda , the ancient name of northern Bengal, hence the famous city of Gaur".
ယင်းဝေါဟာရ၏ သမိုင်းကြောင်း လမ်းစအမှန်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သူမှာ ပါမောက္ခ Forchhammer ဖြစ်သည်။ ၎င်းက ရှေးဟောင်းပဲခူးကျောက်စာများတငွ် ဂိုလာဟူသော အသုံးအနှုန်းသည် လာရောက်အခြေစိုက်သူ အိန္ဒိယတိုင်းသား ဗုဒ္ဓဘာသာဝင်များကို ရည်ညွှန်းကြောင်း၊ ရှေးဟောင်း သင်္သကရိုက်ဘာသာတွင် ဘဂင်္လားမြောက်ပိုင်းကို "ဂေါဒ" ဟု ခေါ် ကြောင်း ယခုခေတ်တွင် "ဂေါ်ရ်" အမည်ဖြင့် ထင်ရှားသောမြို့ဖြစ်ကြောင်း ထုတ်ဖေါ်ပြခဲ့ပါသည်။
(2) The Kalyani Inscription, Pegu, 14. Century, written in Mon language. (Translation): "The heroes Sona and Uttara were sent to Ramaña, which forms a part of Suvannabhumi, to propagate the holy faith ........ This town is called to this day Gola mattikanagara , because of the many houses it contained made of earth in the fashion of houses of the Gola people."
မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ ၁၄ ရာစု၊ ပခဲူး။ "သူရေဲကာင်းသုန္နနှင့် ဥတ္တရတို့ကို သာသနာပြုရန် သုဝဏ္ဏဘုမ္မိတိုင်းတွင်ပါဝင်သောာရာမည ဒေသသို့ စေလွှတ်လိုက်သည်။ -------- ယင်းမြို့ကို ယနေ့အထိ "ဂိုလာမတ္တိ ကာနာဂရ" ဟုခေါ်သည်။ အကြောင်းမှာ အိမ်များကို "ဂိုလာ" တို့၏မူရင်းပုံစံအတိုင်းရွှံ့၊ မြေတို့ဖြင့် ဆောက်လုပ် ထားသော ကြောင့် ဖြစ်သည်။
(3)ဦးဝန်-တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁) (The University Burmese-Burmese Dictionary), Rangoon, 1952, vol.1, p. 22. ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူ များ---- နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ဂလာ။ ပါ၊ကုလ]
(4) ခေတ်သစ်မွန်ဘာသာစကားတွင် အိန္ဒိယတိုက်ငယ်မှလူမျိုးများအား ခေါ်ဝေါ်သည့်အမည်မှာ “ဂိုလာ” ဖြစ်သည်။ ပိုးက ရင်များက အိန္ဒိယလူမျိုးများအား “ကူလား” ဟုခေါ်ဆိုပြီး စကောကရင်များက “ကိုလား” ဟု ခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများ ကမူ အိန္ဒိယတိုင်းသားများအား “ကဲလ်” ဟု ခေါ်ဝေါ်ကြသည်။
တတိယအယူအဆအနေဖြင့် ကုလား(ကုလ)ဟူသော ဝေါဟာရသည် ကိုလား/ ခိုလား Cola/Chola ဟူသော ဝေါဟာရများမှ ပြောင်းလြဲဖစ်ပေါ်လာသည်ဟု သိရှိရသည်။ အဆိုပါအယူအဆအတွက် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ် သည်။
(1) Yule, Henry, Col. and Burnell, A. C., Hobson-Jobson, Calcutta, 1990 (First Edition 1886), p. 257. "Chola, as the name of Tamil people and their royal dynasty appears as Choda in one of Asoka's inscriptions, and in the Telugu inscriptions of the Chalukya dynasty." “ခိုလား" ဟူသောဝေါဟာရနှင့်ပတ်သက်၍ တမီလ်လူမျိုးနှင့် မင်းဆက်အကြောင်းကို အာသောကကျောက်စာနှင့် ကလုကျ မင်းဆက်အတွင်းရေးထိုးသည့် တယ်လ်လူဂူကျောက်စာများ အရ "ခိုဒါး" ဟုလည်းရေးထိုးထားကြောင်း သိရသည်။
(2) Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv. “အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက်ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ (Kadamba), ကလုကျ (Calukya), ရပ်စတြကုတ (Rashtrakuta) နှင့် ကိုလား (Cola) ကဲ့သို့သော မင်းဆက်များ ဆက် လက်ပေါ်ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi) ထွန်းကားလာ ခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi) အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အ ရေးအသား၊ တောင်ပိုင်းတွင် တယ်လဂူ (Telugu), ကနာတီ (Kanati), ကဝိသုံး ဂရန္တ (academic Grantha) နှင့် ကဒမ္ဗ (Kadamba), ကလုကျ (Calukya), ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေး အသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှဆင်းသက်လာသော ၎င်းစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ် ယုံကြည်မှုများ၊ ယဉ်ကျေးမှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊ သီရိလကာင်္၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီး ယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသားတို့ကို ဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးခဲ့သည်။
အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှုတို့ကို တပါတည်းယူ ဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား "ကိုလား" Cola (သို့) “ခိုလား“ Chola လူမျိုးများဟု ခေါ်ဆိုကြမည်မှာ အလွန်ဖြစ်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် အဆိုပါအခေါ်အဝေါ်သည် မွန်တို့၏မူလအသုံးအနှုန်းဖြစ်သော ဂိုလာ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ကူလားနှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား/ကုလ စသည့် အသုံးအနှုန်း များနှင့် ဆက်စပ်မှုရှိနိုင်ပါသည်။
မိမိထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသောဝေါဟာရသည် ပါဠိစာပေရှိ ကုလဟူသောစကားနှင့် ဆက်စပ်မှု ရှိခြင်း (သို့) အိန္ဒိယတောင်ပိုင်းရှိ "ကိုလား"/“ခိုလား" Cola/Chola မင်းဆက်မှဆင်းသက်လာခြင်း (သို့) နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာ ဟု မွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက်ပြောင်းသွားကြောင်း တွေ့ ရှိနိုင်သည်။ အထက်ဖော်ပြပါယူဆချက်အားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ် သက်ရောက်မှုမျိုး ချိုးနှိမ်သည့် သဘောဆန်သောအဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ ထို့ကြောင့်ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာ ပြောဆိုရေးသားသုံးနှုန်းနိုင်သည်သာမက ၎င်းအသုံးအနှုန်း သည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်ပါသည်။
ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကား အခေါ်အဝေါ်တစ်ခုဖြစ်သည်။ ပုဂံခေတ်ကျောက်စာ များ (အေဒီ၁၂ရာစု-အေဒီ ၁၄ရာစု) တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလားပသာသည် (ဗုံတီးသမား) စ သည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။ အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟု ခေါ်ဝေါ်ကြသည်။ (ဥပမာအာနန္ဒာ၊ သဗ္ဗေညု [ဘာသာပြန်သူ])။ အကယ်၍ ကုလားဟူသော ဝေါဟာရ သည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ် (သို့) အရာဝထ္ထုအား ဂုဏ်သရေညှိုးနွမ်းစေခဲ့လျှင် ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တနိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှ ထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။
ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်းဟုခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ရခိုင်ပြည် လောင်းကြက်မင်းဆက်၏ နောက်ဆုံးဘုရင်၊ အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့ကို စတင်တည်ထောင်သူ၊ မြောက်ဦး မင်းဆက်၏ ပထမဆုံးဘုရင်ဖြစ်သူ နရမိတ်လှ (မင်းစောမွန်) အား ရာဇ၀င်ဆရာတို့က ကုလားပြည်ရောက်မင်းဟု နာမည် ပြောင် ပေးခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် မင်းစောမွန်သည် အင်းဝကျူးကျော်စစ်ကြောင့် ဘဂင်္လားပြည်တွင် ခိုလှုံခဲ့ရ သောကြောင့်ဟု အချို့ရာဇ၀င်ဆရာများက ရေးခဲ့ပါသည်။ (သို့သော်လည်း ခေတ်သမိုင်းဆရာအချို့က ဘင်္ဂလီသမိုင်းနှင့် တိုက်ကြည့်ပြီး နရမိတ်လှ (မင်းစောမွန်) ဘင်္ဂလားပြည်တွင် ခိုလှုံခဲ့ရကြောင်းကို လက်မခံကြပါ။ [ဘာသာပြန်သူ]) အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင် ချိုးနှိမ်သည့် သဘောဆန်သော အဓိ ပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် ထိုခေတ်အခါက သက်ဦးဆံပိုင်ဘုရင်တည်းဟူသောပုဂ္ဂိုလ်အား မည်သူတစ်ဦးတစ် ယောက်ကမျှ ထိုကဲ့သို့သော အတိုကောက်အမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။ (နှိုင်းယှဉ်ရန်- ပုဂံခေတ် နရသီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟု ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အေဒီ ၁၂၈၇ ခုနှစ် တငွ် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသောကြောင့် ဖြစ်သည်။)
မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ရာဇ၀င်ဆရာများထဲမှာ တစ်ဦးဖြစ်သူ၊ မြန်မာ့သမိုင်းတွင် အရေးပါဆုံး ရာဇ၀င် ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယအင်းဝမင်းဆက်) အတွင်း ရေးသားပြုစုခဲ့သူ ရာဇ၀င်ဆရာ၏အမည်မှာ ဦးကုလားဖြစ်သည်။ အ ကယ်၍ ကုလားဟူသောအမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခုဖြစ်နေခဲ့ပါလျှင် ချိုးနှိမ်သည့် သဘောဆန် သော အဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် အဆိုပါရာဇ၀င်ဆရာသည် ၎င်း၏အမည် အား ပြောင်းလဲပစ်မည်မှာ သေချာသည်။
ရှေးခေတ်အခါက ရခိုင်၊ ဗမာ၊ မွန်ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင်မျိုးရိုးမှ ဆင်း သက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။ အထက်ပါအချက်အရ ထိုဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါအချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယ တိုက်ငယ်မှ မျိုးနွယ်စုများနှင့်ပတ်သက်၍ နှိမ့်ချဆက်ဆံခြင်း (သို့) လူမျိုးရေးခြွဲခားခြင်းစသည့် အချက်များ မြန်မာများတွင် မရှိခဲ့ကြောင်း သိနိုင်ပါသည်။
မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ပေါင်းစပ်၍ အ မည်သစ်ဖန်တီးကာ အဆိုပါအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း (သို့) နိုင်ငံခြားမှဝင်ရောက်လာကြောင်း (သို့) မြန်မာပြည်၏ အနောက်ဖက်ရှိတိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူသိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။
ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ
(1) ကုလားစပါး Indian rice/paddy rice/paddy of Indian origin wheat
(2) ကုလားတည် Indian preserve/pickle pickle or preserve of fruits/vegetables in Indian style Chutney or Indian style pickle
(3) ကုလားထိုင် Indian/foreigner sit the thing which foreigners use for sitting chair
(4) ကုလားပဲ Indian bean beans eaten by Indians passionately gram, chick pea
(5) ကုလားဖြူ Indian white the foreigners who are white Europeans, Caucasian နောက်တွင် ကုလားထည့်သွင်းခေါ် ဆိုသည့် နာမ်များ
(1) ဆိတ်ကုလား (သိုးသတ္တဝါ) goat Indian goat of Indian/foreign origin sheep
(2) ဒုံးကုလား lever Indian/foreign lever of foreign origin mechanical jack, motor car jack
(3) ငှက်ကုလား bird Indian/foreign bird of Indian/foreign origin black-necked stork ( Xenorhynchus asiaticus )
(4) ဗွတ်ကုလား bulbul (a kind of small bird) Indian/foreign bulbul of foreign origin Eurasian jay ( Garrulus leucotis )
(5) ကျေးကုလား parrot/parakeet Indian/foreign parrot/parakeet of Indian/foreign origin slaty-headed parakeet ( Psittacula himalayana )
အခန်း(၃) အဆင့်မြင့်မြန်မာစာပေများတွင် ကုလားဟူသောအသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ယောအတွင်းဝန် ဦးဖိုးလှိုင်-ဥတုဘောဇနသဂင်္ဟကျမ်း၊ စာပြီးနှစ် ၁၈၇၅ ခုနှစ်၊ စာမျက်နှာ-၈၉ [အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]
(1) ပုဂံဝန်ထောက်မင်း ဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို …….]
(2) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ ……]
(3) မန်လည်ဆရာတော်- မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ ခုနှစ်)၊ စာမျက်နှာ ၃၇ [ကုလားပသီ ဘရင်ဂျီက ……….. ]
(4) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ ခုနှစ်၊ စာမျက်နှာ ၂၉ [သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို … ] (5) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့ အလည်အပတ်လာရောက်စဉ် ရေးစပ်ခဲ့သည်။ [အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့် ……… ]
အခန်း(၄) ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ရက်နေ့၊ လုပ်ကြံခြင်းမခံရခင် ၆ ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သောမိန့်ခွန်းအတွင်း မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ ဖြုန်းတီးမှုများကို ထောက်ပြသွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပတင်သွင်းကုန် အရေအ တွက်ကို လျှော့ချသင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသောအသုံးအနှုန်းအား ဤသို့သုံးစွခဲ့သည်။ “ဆီကို ကုလားပြည်က ၀ယ်ရတယ်” အကယ်၍ ကုလားဟူသောအသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွား သောအဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ချေ။
(2) မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန် ဆိုထုတ်ဝေခဲ့သည့် ၀န်ကြီးချုပ်ဦးနု မြန်မာဘာသာဖြင့် မူရင်းရေးသားသော ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ ၁၇ တငွ်- “ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။”
စာမျက်နှာ ၂၀၅ တွင် တဖန်- “အုပ်ချုပ်ရေးစီရင်မှုအဖွဲ့(preparatory Committee) ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည် ချောင်း၍ အသတ်ခံရမည်လောဟူ၍) တိုင်ပင်ဘူး၏။”
(3) ဗမာပြည်ကန်ွမြူနစ်ပါတီ၏ အထွေေထအွတွင်းရေးမှူး၊ သတင်းစာဆရာ၊စာရေးဆရာ ဦးသိန်းဖေမြင့် သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာစာအုပ် စာမျက်နှာ၁၇၀ တွင် - “ကုလားဆင်းရဲသားများကား ဗမာပြည်၌ လာ ရောက်နေထိုင်ရသောကျေးဇူးကို မေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တခါတခါ ဗမာများနှင့် ဆိုးတူကောင်းဘက် ဆောင်ရွက်ကြ လေသည်။ ရေနံချောင်း၊ တညင်စသော ရေနံမြေသပိတ်တို့၌၎င်း၊ အခြားသပိတ်တို့၌၎င်း၊ ကုလားအလုပ်သမားနှင့် ဗမာအ လုပ်သမားသည် တပူးတပေါင်းတည်းရှိသည်မှာ ထင်ရှား၏။”
အခန်း (၅) အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ
(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွ့ချဲုပ်၏ ကြေငြာစာတမ်း အမှတ် (၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဏ)၊ ၁၉၄၄- ခု၊ သြဂုတ်လ ၇ ရက်။ (3) “ကရင်၊ ရှမ်း၊ ပလောင်၊တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုပ်၊ ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးအခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။” (2) မြေအောက် ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ ၂၇ ရက်။ အခဏ်း (၆)၊ အပိုဒ် (၄)။(4) “ကုလားစစ်တပ်ကိစ္စ။ (5) ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။”
အခန်း(၆) မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း
(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု
ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလန်ွအမင်းများပြား လာသည့်ကြောင့် အဆိုပါ အစွန်းရောက်အမျိုးသားရေးဝါဒီတို့က ကုလား ဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလားဟူသော ဝေါဟာရသည် “ကူး” (ဖြတ်သန်းခြင်း) ဟူသော မြန်မာဘာသာစကားနှင့် “လာ” (၀င်ရောက်ခြင်း) ဟူသော မြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများဟု အဓိပ္ပါယ်ရသည်။
၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစုံတရာမပါရှိပဲအတင်း မြန်မာမှုပြုခဲ့ကြခြင်း ဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်းစာပေဗဟုသုတမကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြု မူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်း အဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။
အကယ်၍ “ကူးလာ” မှ ကုလားဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကို ကပ္ပလီဟု မြန်မာ ဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်း အတင်းမြန်မာမှုပြု၍ “ကပ်”(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် “ပလီ”(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်) ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါက “ကပ္ပလီ” ဟူသော အခေါ်အဝေါ်သည် "အနီးတွင်နေ၍ ချွဲသူ” ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) “အစ္စလမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ" မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။
ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် “ကူးလာ” မှဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။
(ခ) မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယ နွယ်ဖွားများ ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်း။
ကုလားဟူသော အခေါ်အဝေါ်သည် တဖက်သားအား ထိခိုက်စော်ကားသည့်အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်းမရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ် အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲဟုအဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို “Coloured” ဟု နှိမ့်ချခြွဲခားဆက်ဆံခဲ့ကြခြင်းကြောင့်လည်း နာ ကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆြွဲပီး ကု လားဟူသောအသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ (ဝါ) ငမဲများဟု နှိမ့်ချခြွဲခား ဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။
သို့သော် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါအဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်းမရှိခဲ့ချေ။ အတိအကျထောက်ပြ ရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ ဗမာ၊ ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်ပါသည်။
အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့်စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတငွ်းမှီတင်းနေထိုင်ကြသည့် အိန္ဒိယ နွယ်ဖွားလူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကို သေချာစွာ မလေ့လာသည့်အပြင် ကိုယ်လို ရာဆြွဲပီး "ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်နေချက် သက်သက်သာဖြစ်သည်ဟု သုံးသပ်မိပါသည်။
မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အ သံထွက်သည် မြန်မာဝေါဟာရ ထဲတငွ် “ ဖာမ” သို့မဟုတ် “ဖားမ ” ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေပါသည်။ ကိုယ်လိုရာဆြွဲပီး အဓိပ္ပါယ်ဖွင့်ဆိုခ့မဲည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်းမရှိခဲ့ချေ။ (ထိုင်းလူမျိုးများအနေဖြင့် ဘုရင့်နောင်မင်းတရား ယိုဒယားကိုသိမ်းပိုက်ခဲ့သည်အချိန်တငွ် မြန်မာတို့အား Phama ဟုခေါ်ဆိုခဲ့သကဲ့သို့ ယခုမြန်မာလူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်း အောက်ခြေသိမ်း အလုပ်လုပ်ကိုင်နေရသည့် အချိန်တွင်လည်း Phama ဟုသာ ဆက်လက်ခေါ်ဝေါ်နေမည်သာဖြစ်သည်။ [ဘာသာပြန်သူ])
အခန်း(၇) အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူပဲ) ရေးသားတင်ပြမှုများ။
(1) Desai, W. S, India and Burma , Calcutta, 1954, p. 37-38. "Burmans call Indians Kalas . This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner.
Europeans are often called by Burmans Kala phyu , i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."
“မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို ကုလားဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိ ပ္ပါယ်ဖွင့်ဆိုထားသည်။ “Ku” သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ “La” သည် ဆိုက်ရောက်သည်ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသော စကားသည် တိုင်းပြည်တွင်းသို့ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရ သည်။
အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတခုမှာ သင်္သကရိုက် (ဝါ) သက္ကတဘာသာစကားအရ ကုလား၏အဓိပ္ပါယ်သည် လူမျိုးစု (သို့) ဇာတ်ခွထဲားသော၊ သီးသန့်ခွဲခြားထားသော လူတစုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲတတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ်ခဲ့ဟန်တူသည်။
အထက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသား ကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား) ဟု ခေါ်ဝေါ် လေ့ရှိသည်။။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တဖက်သားအား ရှုံ့ချစော်ကားစရာစကားတခု အမှန်ဖြစ် လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များသိမ်းပိုက်ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒိုဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။”
အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်းတင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်း အချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ် (၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။
အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်” ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။
(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ ၅ ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။ “နိုဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊ တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။”
(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ ၈ ရက်၊ ၁၉၄၂၊ တနင်္ဂနွေနေ့။ “တရုပ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆန့်နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။”
(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ ၂၉ ရက်၊ တနဂင်္နွေနေ့။ (၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။ “ဗမာပိုင်၊ ကုလားပိုင် အစရှိတဲ့သ င်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။”
(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။ “ကုလား ဒုက္ခသည်များ………”
အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအားပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေးသားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာ တွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တခြားနည်းလမ်းမရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင် ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
(2) Esche, A., Wörterbuch Burmesisch - Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40: ကုလား <P> vulg Inder m ; Mann m aus dem Westen Dr.Esche ၏အဆိုအရ ကုလား ဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှလူ (သို့) အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်း နှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။
အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံ နှင့် စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွမှဲုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီး သုံးဦးသည် လူမျိုးရေးခြွဲခားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုးများအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွား ပေ တော့မည်။
အကယ်စဉ်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊ နေရူး၊ မိုဟာမက် အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များအပေါ် အထူးလေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့် သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတဦးဖြစ်ပြီး ထိုပါတီမှ ရဲဘော်ရဲဘက်များနှင့် အလွန်ရင်းနှီး ကျွမ်းဝင် သောသူ ဖြစ်သည်။
အခန်း(၈) နိဂုံး
ခိုင်လုံသော မြန်မာစာပေအထောက်အထားများအရ “ကုလား” ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများ ကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ သို့ပါသော်လည်းကိုလိုနီခေတ်ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတချို့က “ကူးလာ” မှ ကုလားဖြစ်လာ သည်ဟုထင်ွခဲ့ကြခြင်း ကြောင့်၎င်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ (ဝါ) ငမဲ (သို့) အသားမဲဟု အဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေခြင်း ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီးနာကြည်းကြခြင်းကြောင့်၎င်း၊ မြန်မာ နိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြား သားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသောအသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ (ဝါ) ငမဲများဟု နှိမ့်ချခြွဲခားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီးပြောဆိုလေ့ရှိကြခြင်းကြောင့်၎င်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှုလွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆေွးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာ ကိုးကားရန် ပျက်ကွက်ခြဲ့ကသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။
စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂန္တဝင်စာပေအများစုကို လေ့လာရန် လက်လှမ်း မမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများအတွက် အ ထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။
နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်း ရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေနယ်ပယ်အတွင်း လေ့လာလိုက်စားသူများ အားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူပဲ လွဲမှားစွာအဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများ ကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာ လိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များ ကို လက်သင့်မခံလိုပဲ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုသာ စြွဲမဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။
Notes:
1 U Tin Htway, " Trash from Treasure, In the Case of Judson's Burmese English Dictionary ", in "Tradition and Modernity in Myanmar", The International Conference on Myanmar, Berlin, 1993. 2 See and compare: U Tin Htway, A Glimpse of General Observations on Burmese pum , South Asian Digest of Regional Writing, Heidelberg, Vol. 9, pp. 16, 25-27. 3 See also Thakhin Tin Mya, Anti - Fascists Revolution, Head Quarter and Ten Divisions , (in Burmese), Rangoon, 1968, p. 21. 4 Ibid, p. 51. 5 Japanese trained Indian National Army (INA) headed by Subhas Chandra Bose. 6 Dr. Annemarie Esche was the chief supervisor and consultant on Mr. Jens Lorenz's thesis on Gen. Aung San; Dr. Esche and Jens Lorenz translated Gen. Aung San's speeches from Burmese into German. U Thein Pe Myint was a communist who was to become a close friend of both Dr. A. Esche and her husband Dr. Otto Esche, who served as first secretary of the then East German Embassy in Rangoon (1962-66 and 1975-79). U Thein Pe Myint's wife, Daw Khin Kyi Kyi, was also mentioned by Dr. A. Esche as one of the consultants in her foreword to her above-mentioned dictionary. One wonders from which informant Dr. A. Esche received her information? Certainly, neither from the scholars mentioned in her foreword nor from the standard literature would substantiate such an interpretation. One can only assume that she obtained this interpretation either from the Indian (people from the subcontinent) community living in Rangoon or some "hearsay scholars".
(Dr. Annemarie Esche သည် Mr. Jens Lorenz ၏ မဟာဝိဇ္ဇာဘွဲ့ရရန်တင်သငွ်းသော "ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲ" အမည်ရှိကျမ်းအတွက် တာဝန်ခံ ကြီးကြပ် စစ်ဆေးခဲ့သူဖြစ်သည့်အပြင် Dr. A. Esche နှင့် Mr. Jens Lorenz တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကိုလည်း ဂျာမန်ဘာသာသို့ပြန်ဆိုခဲ့ကြပါ၏။ ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည် Dr. A. Esche ၎င်း၏ခင်ပွန်းသည် ထိုစဉ်က ရန်ကုန်ရှိအရှေ့ဂျာမနီသံရုံးမှ ပထမအတွင်းဝန် (၁၉၆၂ - ၆၆ နှင့် ၁၉၇၅--၇၉) Dr. Otto Esche တို့ နှင့်အလွန်ရင်းနှီး ကျွမ်းဝင်သောသူ ဖြစ်ပါသည်။ ဦးသိန်းဖေမြင့်၏ ဇနီး(ဆရာမ) ဒေါ်ခင်ကြည်ကြည်၏အမည်ကိုလည်း Dr. A. Esche က ၎င်းနှီးနှောတိုင် ပင်ဆွေးနွေးသူ ပညာရှင်များစာရင်းတွင် ဖော်ပြ ထားပါသည်။ သို့ပါလျက် Dr. A. Esche သည် အဘယ့်ကြောင့် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သုံးခဲ့မိပါသနည်း၊ အဘယ်သို့သော "မဟာ ပျင်ငြာယှိ" ထံမှ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရခဲ့ပါသနည်းဟုစာရှုသူတို့ အံ့ဩစွာ စဉ်စားနေကြပါလိမ့်မည်။ အထူးစဉ်စားစရာမလိုပါ။ Dr. A. Esche သည် ၎င်းနှီးနှောတိုင်ပင်ဆေွးနွေးသူ ပညာရှင်များစာရင်း ပါပုဂ္ဂိုလ်များနှင့်လည်း တိုင်ပင်ဆေွးနွေးခဲ့ဟန်မတူပါ။ ခိုင်မာသည့် မြန်မာစာပေ အရင်းအမြစ်များတွင်လည်း ရှာဖွေခြင်းမပြုခဲ့ပဲ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားခြင်း၏ရလဒ်တစ်ခုဖြစ်လျှင်ဖြစ်မည်၊ သို့မ ဟုတ်လျှင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများ၏ ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံး အနှုန်းသည် အသားမဲများ(ဝါ) ငမဲများဟု နှိမ့်ချခြွဲခားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်ကို နားယောင်မိသွားရှာသည်လည်း ဖြစ်နိုင်ပါကြောင်း။)
U Khin Maung Saw (Berlin) ၏ (Mis) Interpretations of Burmese Words:Part 1.In the case of the term Kala (Kula)
Wednesday, June 23, 2010
မြန်မာနိုင်ငံ ပညာရေး အဆင့်အတန်း နိမ့်ကျသွားရခြင်း အကြောင်းရင်းနှင့် တရားခံများ
ကိုလိုနီခေတ်ကပညာရေးကို ကျွန်ပညာရေး လို့ဘဲ ခေါ်ခေါ် ဘာဘဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့ အဆင့်ကို ကောင်းကောင်း မီခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်ဘွဲ့ ရခဲ့သူများက လွတ်လပ်ရေးရပြီးနောက် ရန်ကုန်တက္က သိုလ်မှာ ဆရာများ ဖြစ်လာခဲ့ပြီး အဲဒီဆရာများရဲ့ သင်ကြားပေးခြင်းခံခဲ့ရတဲ့ တပည့် များကလဲ ကမ္ဘာ့အ ဆင့်ကို မီခဲ့ကြပါတယ်။ ဦးနုအစိုးရက အင်္ဂလန်။ အမေရိကန်။ ၾသစေၾတးလ်။ ကနေဒါ စတဲ့ နိုင်ငံများသို့  ပညာတော်သင်များ စေလွှတ်ပြီး ၎င်းပညာတော်သင်များ၏ ၉၉% က လဲ အမိနိုင်ငံကို ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြပါတယ်။
ပညာရေးစနစ်မှာလဲ နိုင်ငံပိုင်ကျောင်းများသာမက အလွတ်ပညာသင်ကျောင်းများ၊ ခရစ်ယာန်သာသနာ ပြု ကျောင်းများပါရှိလို့ ကိုယ်ကြိုက်ရာကျောင်းမှာ သင်ကြားနိုင်ခဲ့ကြပါတယ်။ ကျောင်းလခကလဲ ခုခေတ် လို သိန်းနဲ့ချီပေးစရာမလိုပါဘူး။ အဲဒီခေတ်ကရန်ကုန်ကနာမည်ကြီးကျောင်းတွေမှာ ဒေါ်စုတက်ခဲ့တဲ့ အင်္ဂလိပ်မက်သဒစ်ကျောင်းက တစ်လကို ၂၅ကျပ်ယူပါတယ်။ ဒီကျောင်းက မိန်းကလေးရောယောက်ျား ကလေးပါလက်ခံပါတယ်။ ရိုမန်ကက်သလစ်ခရစ်ယာန်ဂိုဏ်းကထောင်ထားတဲ့ စိန်ပေါလ်ယောက်ျား ကလေးများကျောင်း (ဒေါ်စုအစ်ကိုရင်း ဦးအောင်ဆန်းဦးတက်ခဲ့တဲ့ကျောင်း)နဲ့ စိန်ဂျွန်းကွန်ဗင့် မိန်းက လေးများကျောင်း၊ အင်္ဂလီကန်ခရစ်ယာန်ဂိုဏ်းကဖွင့်ထားတဲ့ စိန်ဂျွန်းဒိုင်အိုစီဇင်ယောက်ျားကလေးများ ကျောင်း (ဒေါ်စုအစ်ကိုတစ်ဝမ်းကွဲ ဒေါက်တာစိန်ဝင်းတက်ခဲ့တဲ့ကျောင်း)နဲ့ စိန်မေရီဒိုင်အိုစီဇင် မိန်းက လေးများကျောင်း၊ တို့ကတော့ အတန်းအလိုက် ၁၅ ကျပ်က ၁၉ ကျပ်အထိ ယူပါတယ်။
ပညာရေးအဆင့်အတန်းကလည်းမြင့်ပါတယ်။ စာမေးပွဲတွေမှာ မတတ်ပဲနဲ့ မအောင်ပါဘူး။ အထူးသဖြင့် ၁၀တန်းစာမေးပွဲလို့ခေါ်တဲ့ တန်းမြင့် ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်သူ ၁၀%တောင် မရှိခဲ့ပါဘူး။ ၁၉၅၉ ခုနှစ်က ၃.၄% ပဲရှိပါတယ်။ တရာဖြေမှလေးယောက် တောင် မအောင်ခဲ့ပါဘူး။ အဲဒီ နှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးသြရသ အောင်ဆန်းဦးက ဂုဏ်ထူးနှစ်ခုနဲ့အောင်ခဲ့ပါတယ်။ ရန် ကုန်တက္ကသိုလ်ရဲ့ အဆင့်ကလည်း ကမ္ဘာအဆင့်မီခဲ့ပါတယ်။ အာဖရိကတိုက်က တချို့ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်မှာလာတက်ခဲ့ရပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်ရင် တက္ကသိုလ်မှာ ကိုယ်ကြိုက်ရာ ၀ါသနာပါရာ ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ ဘာသာရပ်ကို အတင်းသင်ယူရခြင်းမရှိပါ။ စာတော်သူအများစုကလဲ ကိုယ်စိတ်မပါရင် ဆရာဝန်၊ အင်ဂျင်နီယာ ဘာသာရပ်များကို မသင်ကြဘဲ Honours ခေါ် ဂုဏ်ထူးတန်း ကို ကိုယ့်စိတ်ကြိုက်ဘာသာရပ်နဲ့ တက်ရောက်သင်ကြားကြပါတယ်။ ဝိဇ္ဇာ ပညာရပ်များ သင်ကြားသူများ လဲ ဂုဏ်မငယ်ကြပါ။ ဝိဇ္ဇာ။ သိပ္ပံ။ စီးပွါးရေး။ ပညာရေး။ စိုက်ပျိုးရေး။ ဆေးပညာ။ အင်ဂျင်နီယာအတတ် တို့ မှာလဲတကယ်စိတ်ပါသူများသာတက်ရောက်ဘွဲ့ ယူခဲ့ကြပြီး တကယ်တတ်သူက တတ်လိုသူကို ပညာ သင်ပေးတဲ့ ခေတ်နဲ့စနစ်ဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ရင် ဥပစာ(က)တန်းမှာတစ်နှစ်၊ ဥပစာ(ခ)တန်းမှာနောက်တစ်နှစ်၊ စုစုပေါင်း နှစ်နှစ်တက်ရပါတယ်။ အင်္ဂလိပ်လိုကတော့ Intermediate Part (A) and Part (B) လို့ခေါ်ပါတယ်။ ဝိဇ္ဇာ သမားတွေအတွက်က Intermediate of Arts အတိုက I.A ပါ။ သိပ္ပံသမားတွေအတွက် Intermediate of Science အတိုက I.Sc. ပါ။ ဥပစာ(ခ)တန်း အောင်ပြီးမှ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုးသိပ္ပံ ဘွဲ့ရဖို့နောက် ထပ်နှစ်နှစ် ထပ်တက်ရပါတယ်။ B.A (A) & B.A (B) or B.Sc.(A) & B.Sc.(B) ပါ။ စုစုပေါင်း ၄ နှစ်ပါ။ Honours ခေါ် ဂုဏ်ထူးတန်းတက်ချင်ရင် ဥပစာ (ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် ဘွဲ့ရ ဖို့နောက်ထပ်သုံးနှစ် ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ ဥပဒေဘွဲ့ B.L နဲ့ ပညာရေးဘွဲ့ B.Ed တို့ ဟာ ဘွဲ့လွန်သင်တန်းတွေပါ။ ရိုးရိုးဝိဇ္ဇာ ဒါမှမဟုတ် ရိုးရိုး သိပ္ပံ ဘွဲ့ရပြီးမှနောက်ထပ် ၂ နှစ်ထပ်တက်ရပါ တယ်။ စုစုပေါင်း ၆ နှစ်ပေါ့။ ဒါကြောင့်လဲ လူတွေက ရတဲ့ ဘွဲ့အလိုက် ဦးဘ B.A., B.L ဒေါ်လှ B.Sc., B.Ed စသဖြင့်ရေးကြပါတယ်။ ဆေးပညာနဲ့တိမွေးကုပညာ သင်လိုသူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ် ချက်နဲ့ပြည့်စုံရင် M.B.B.S ဘွဲ့ရဖို့နောက်ထပ် ၅ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၇ နှစ်ပေါ့။ B.Sc. (Vet) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၆ နှစ် ပါ။ အင်ဂျင်နီယာအတတ်သင်လိုသူ တွေဟာ Intermediate Part (A) and Part (B)မှာ Physics, Chemistry and Mathematics ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက်နဲ့ပြည့်စုံရင် B.Sc.(Engg) ဘွဲ့ရဖို့နောက်ထပ် ၄ နှစ်ထပ်တက်ရ ပါတယ်။ စုစုပေါင်း ၆ နှစ်ပါ။ B.Sc.(Forestry)သစ်တောပညာ ဘွဲ့နဲ့ B.Sc.(Agri) စိုက်ပျိးရေးပညာ သင် လို သူတွေဟာ Intermediate Part (A) and Part (B) မှာ Physics, Chemistry and Mathematics ဒါမှမဟုတ် Physics, Chemistry and Biology ယူခဲ့ရပြီး ဥပစာ(ခ)တန်း အောင်ပြီးသတ်မှတ်ချက် နဲ့ပြည့်စုံရင် ဘွဲ့ရဖို့နောက်ထပ် ၃ နှစ်ထပ်တက်ရပါတယ်။ စုစုပေါင်း ၅ နှစ်ပါ။ သစ်တောပညာသင်လိုသူ တွေဟာ မိုင် ၂၀လမ်းလျှောက်ပြကြရပြီး သူ့ခေတ်သူ့အခြေ အနေအရ ကျောင်းသားတွေကိုသာ တက် ခွင့်ပြုပါတယ်။ ကျောင်းသူတွေလျှောက်ခွင့်မရှိပါ။ အဲဒီခေတ်က သွားဘက်ဆိုင်ရာဆေးပညာ မြန်မာပြည် မှာမသင်နိုင်သေးပါ။
တိမွေးကုပညာဘွဲ့ဟာ Bachelor of Science (Veterinary) (အခုခေတ်အခေါ် B.V.S, Bachelor of Veterinary Science) မို့ ဘယ်သူကမှ ကိုယ့်နာမည်ရှေ့မှာ "ဒေါက်တာ" မတတ်ရဲပါဘူး။ Bachelor ဘွဲ့ မက Master of Science (Veterinary) ရထားတဲ့ဆရာကြီးတွေတောင် ကိုယ့် နာမည်ရှေ့မှာ ဒေါက်တာ မတတ်ပါဘူး။ တတ်ရင်လဲ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ်ကောင်စီ တို့က လက်မခံပဲ အရေးယူမှာ သေချာပါတယ်။
နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်ပါတယ်။ ပူပြင်းလှ တဲ့မတ်လကုန်ကစပြီး မေလကုန်ထိဟာ နွေရာသီကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ ဂျွန်လမှာ နောက် ဆက်တွဲစာမေးပွဲလုပ်ပေးတာကြောင့် မတ်လစာမေးပွဲမှာမအောင်သူတွေအတွက် တစ်နှစ်မနာသွားစေနိုင် တဲ့အခွင့်အရေးရခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ဟာ ပညာရေးဝန်ကြီးရဲ့အောက်မှာမရှိဘဲ ကိုယ်ပိုင် အက် ဥပဒေတွေအရ တက္ကသိုလ်ဆီးနိတ်အဖွဲ့နဲ့တက္ကသိုလ် ကောင်စီတို့ကအုပ်ချုပ်ပါတယ်။ တက္ကသိုလ် ကောင်စီမှာကျောင်းသားကိုယ်စားလှယ်နှစ်ယောက်ပါပါတယ်။ ကိုယ်စားလှယ်နှစ်ယောက်ကို ကျောင်း သားတွေကမဲပေးစံနစ်နဲ့ရွေးချယ်ရပါတယ်။ ဝန်ကြီးချုပ်ဟာ မူအရ ရန်ကုန်တက္ကသိုလ်အဓိပတိ၊ ဒု ဝန်ကြီး ချုပ်ဟာ မူအရ မန္တလေးတက္ကသိုလ်အဓိပတိဖြစ်ပေမဲ့ ပညာရေး၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ဝင်စွက်လေ့မရှိ ပါ။
ကျောင်းသားဆန္ဒပြပွဲများမကြာခဏဖြစ်ပေါ်လေ့ရှိပေမဲ့ ဘယ်အာဏာပိုင်ပုဂ္ဂိုလ်ကမှ တိုင်းပြည် နောင်ရေး ဒုက္ခပေးမဲ့ ဘုန်းဘောလအော အအောင်ပေးတဲ့စနစ်၊ ကျောင်းသားအချင်းချင်း သွေးကွဲစေမဲ့စနစ်၊ ကျောင်းသားများ မဆူပူပြီးရော အစိုးရဆန့်ကျင်ရေးလုပ်တာကလွဲပြီး ကျန်ကိစ္စများကို ကြိုက်သလိုလုပ် ထားခွင့်၊ ဥပမာ ကျောင်းဆောင်များထဲ ဖဲရိုက်။ အရက်သောက်။ မူးယစ်ဆေးဝါး သုံးစွဲတာကို လျစ်လျူပြု ထားခြင်း စတာမျိုး ခွင့်မပြုခဲ့ကြပါဘူး။
ဘုန်းဘောလအော အအောင်ပေးတာဆိုလို့ "ဟယ်ရီတန် ၇ တန်း" လို့နာမည်တွင်သွားတဲ့ ၁၉၅၆ ခုနှစ်က အစိုးရစစ် ၇ တန်း စာမေးပွဲတစ်ခုသာရှိခဲ့ဖူးပါတယ်။ စာမေးပွဲစစ်နေတုန်း မေးခွန်းပေါက်ကြားပြီး နောက် တစ်ရက်မှာမှဖြေရမယ့်ဘာသာရပ်ရဲ့မေးခွန်းဟာတစ်ရက်ကြိုပြီး ဗမာ့ခေတ်သတင်းစာမှာပါလာလို့ အစိုးရ က စာမေးပွဲဖျက်သိမ်းပြီး နောက်မှထပ်ကျင်းပမယ်လိုကြေညာတယ်။ ကျောင်းသားတွေကမကျေနပ်လို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ဗမာ့ခေတ်သတင်းစာတိုက်ကိုခဲနဲ့ပေါက်ရာက အဓိကရုဏ်းဖြစ်ပြီး ရဲက သေနတ်နဲ့ပစ်လူစုခွဲရာမှာ စိန်ပေါလ်ကျောင်းသားလေး ဟယ်ရီတန်(ခေါ်) မောင်မောင်ဟာ ဗဟန်းအစိုးရ အထက်တန်းကျောင်းရှေ့မှာ သေနတ်မှန်ပြီးသေဆုံးသွားပါတယ်။ လူထုကြီးပါ ပါလာမှာစိုးရိမ်ပြီး ဝန်ကြီး ချုပ်ဦးနုက စာမေးပွဲ နောက်ထပ်မကျင်းပတော့ပဲ ဖြေသူအားလုံးကိုအအောင်ပေးလိုက်ကြောင်းနဲ့ ဟယ်ရီ တန် သေဆုံးရမှုကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေး အရေးယူပေးမယ်ဖြစ်ကြောင်း ကြေညာလိုက်လို့ ကျောင်းသားတွေနဲ့လူထုကြီး ကျေနပ်သွားပါတယ်။ နောက် ၆ လလောက်ကြာပြီး ရွေးကောက် ပွဲ နိုင်ပြီး ဖဆပလ အစိုးရဆက်အာဏာရလာချိန်မှာ ဝန်ကြီးချုပ်ဦးနုက ကျောင်းသား ငါးသောင်းကျော်ကို စာမေး ပွဲမစစ်ပဲ အအောင်ပေးမိတာ ရွေးကောက်ပွဲနီးနေလို့ ကြံမိကြံရာလုပ်ခဲ့ရတဲ့ ဖဆပလ အစိုးရရဲ့အမှားပါ လို့ဝန်ခံခဲ့ပါတယ်။ ၁၉၅၆ ခုနှစ်က ၇ တန်း စာမေးပွဲမှာ ဘုန်းဘောလအော အအောင်ပေးမိတဲ့ ရလဒ်က တော့ ၁၉၅၈ ခုနှစ်နဲ့ ၁၉၅၉ ခုနှစ် တန်းမြင့်ကျောင်းထွက်နှင့်တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ကျရှုံးသူ များ လာခြင်းပါဘဲ။ ၁၉၅၉ ခုနှစ်က စာမေးပွဲအောင်သူ ၃.၄% ပဲရှိပါတယ်။
ဖဆပလ အစိုးရခေတ်က စစ်ရဲတပ်များဟာ အစိုးရအဖွဲ့ဝင် ဆိုရှယ်လစ်ပါတီရဲ့ ခါးပိုက်ဆောင်တပ်များ လို့ နာမည်ကြီးပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲများမှာ လက်ဝဲသမားတွေလို့ ဖဆ ပလ အစိုးရကသတ်မှတ်ထားတဲ့ "တပ်ဦး" က အမြဲနိုင်ကာ ဆိုရှယ်လစ်များထောင်ပေးထားတဲ့ "ရဲခေါင်" ကို ကျောင်းသားထုကြီးကမကြိုက်ကြလို့ မဲမပေးကြပါဘူး။။ ဒါကြောင့် အောက်တိုဘာကျောင်းတစ်လ ပိတ်ရေးစတဲ့ ကျောင်းသားသပိတ်များ၊ ဆန္ဒပြပွဲများကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေး ကိုယ် တိုင် စစ်ရဲများကိုဦးစီးပြီးဖြိုခွဲကာ စစ်ရဲတပ်ဌာနချုပ်မှာ ကျောင်းသားစစ်ဆေး ညှင်းဆဲရေးစခန်း ဖွင့်လေ့ ရှိကြောင်း စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးရဲ့ဝတ္ထုတွေမှာပါတတ်ပါတယ်။
ဖဆပလ အစိုးရ ခေတ်က ဆိုးတယ်၊ ရက်စက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးတောင်မှ နောက်တက်လာတဲ့ စစ် အစိုးရအဆက်ဆက် ကျောင်းသားတွေအပေါ် လုပ်ရက်တာတွေကြည့်ပြီး "ရက်စက်လှချည်လားဟရို့" လို့အော်ရပါလိမ့်မယ်။ ၁၉၅၉ အိမ်စောင့်အစိုးရ ခေတ်ကတည်းက ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းပြီး ကိုကိုးကျွန်းပို့ကာအစွယ်ပြခဲ့ပါပြီ။ ဂျွန်လမှာ နောက်ဆက်တွဲစာမေးပွဲလုပ်ပေးတဲ့စနစ်ကိုလဲဖျက်သိမ်းလိုက်ပါတယ်။ ကိုယ်တိုင်ဘွဲ့မရခဲ့သူ ဗိုလ်နေဝင်း က အိမ်စောင့်အစိုးရခေတ်ဝန်ကြီးချုပ်ဘဝနဲ့ ရန်ကုန်တက္ကသိုလ်အဓိပတိတက်လုပ်ခဲ့တာဟာလဲ ပြောစ မှတ်ကြီးဖြစ်ကျန်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မတ်လနှစ်ရက်နေ့ကစပြီးစစ်အာဏာရှင်စနစ်ပေါ်ပေါက်လာတယ်။ "ဝန်ကြီး"ဆိုတဲ့အခေါ်ဟာ ဗျူရိုကရက်ဆန်တယ်ဆိုပြီး "ဝန်ကြီး"လို့မခေါ်ပဲ "ဌာနတာဝန်ခံ" ဆိုတဲ့ဝေါဟာရသစ်တစ်ခုကို ထွင်ပါ တယ်။ အင်္ဂလိပ်လိုသုံးရာမှာတော့ Ministry, Minister စတဲ့ဝေါဟာရတွေကိုပဲသုံးပါတယ်။("ဌာနတာဝန် ခံ" ဆိုတဲ့ဝေါဟာရဟာ ၆ နှစ်လောက်သာခံပြီး နောက်တော့ဝန်ကြီးလို့ပဲပြန်သုံးပါတယ်)။ မိန်းမပွေတယ်၊ မိန်းမကိစ္စရှုပ်တယ်လို့နာမည်ကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်နေ၀င်းက ၁၉၆၂ ခုနှစ် မေလဆန်းမှာ ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသာလှ သမိုင်းအုတ်စက်ကမိန်းမရွယ်တစ်ယောက်နဲ့ သတင်းကြီးနေ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာသာလှကို ခေါ်တွေ့ကာ "ခေါင်ကမိုးမလုံရင် ဘယ်နေရာမှ မိုးမလုံဘူး" လို့ပြောတော့ မဟုတ်မခံသမား ဒေါက်တာသာလှကလဲ "ကိုရှုမောင်၊ ကျုပ်ကိုလာဆုံးမနေရအောင် ခင်ဗျားကရော ဘာထူးလို့လဲ။ ဘိန်းစားချင်းအတူတူ ပြောင်းတစ်လုံးပိုမရှူချင်ပါနဲ့" လို့ ဘုတောတာနဲ့ စကားပြောအဆင်မပြေဖြစ်ကြပြီး ဒေါက်တာသာလှ ရာထူးကနှုတ်ထွက်သွားပါတယ်။ နောက်နှစ်ရက် လောက်အကြာမှာ "ဦးကာအား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူး ချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ အရင်က ပါမောက္ခချုပ် လို့မခေါ်ခဲ့ပဲ "ဒုတိယအဓိပတိ" လို့သာခေါ်ခဲ့တဲ့ မန္တလေးတက္ကသိုလ်မှာလဲ "ဒေါက်တာကိုကိုလေးအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်လိုက်သည်" ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ ဌာနတာဝန်ခံ၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာပါတယ်။ ဒီနည်းနဲ့ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ် တို့ဟာ ပညာရေးဝန်ကြီး ရဲ့အောက်ကိုရောက်သွားပါ တော့တယ်။ နောက်သုံးရက်လောက်အကြာမှာ "ရန်ကုန်တက္ကသိုလ်မြန်မာစာပေဌာနပါမောက္ခ ဦးဧမောင်အား အငြိမ်းစားယူခွင့်ပြုလိုက်သည်။ ရန်ကုန် တက္ကသိုလ်မြန်မာဘာသာဌာနပါမောက္ခ ဦးဝန်အား ၎င်း၏မူလရာထူးဖြစ်သော ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနကြီးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်သည်။ မြန်မာစာပေ ဌာနနှင့်မြန်မာဘာသာဌာနတို့ကို ပြန်လည်ပူးပေါင်းစေလိုက်ပြီး ယခင်ကအတိုင်း မြန်မာစာဌာနဟုသာ ခေါ်တွင်စေရမည်။ မြန်မာစာပေဌာနကထိကဦးမောင်မောင်ကြီးအား မြန်မာစာဌာနပါမောက္ခအဖြစ်ခန့် အပ်လိုက်သည်"။ ပုံ။ ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာန။ ဆိုတဲ့အမိန့်ထွက်လာ ပါတယ်။
ပါမောက္ခဦးဧမောင်နဲ့ ဗိုလ်မှူးချုပ်သန်းဖေတို့ဟာ ကျောင်းနေဘက်သူငယ်ချင်းတွေမို့ အလွန်ခင်ကြတယ်။ဗိုလ်မှူးချုပ်သန်းဖေဟာ မလုပ်ချင်ပဲ "အထက်အမိန့်"ကြောင့်လုပ်ရတယ်ဆိုတဲ့သတင်းထွက်လာပါတယ်။ နောက်ဆယ်ရက် လောက်အကြာမှာ တော်လှန်ရေးကောင်စီဝင်နဲ့ဒုစစ်ဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ်သန်းဖေ၊ "ဌာနတာဝန်ခံ"၊ ပညာရေးဝန်ကြီးဌာနဟာနှလုံးရောဂါနဲ့ ကွယ်လွန်တဲ့အကြောင်းသတင်းနဲ့ တော်လှန်ရေး ကောင်စီဝင် နဲ့ ကျန်းမာရေးဝန်ကြီးဌာန "ဌာနတာဝန်ခံ" ဗိုလ်မှူးကြီးလှဟန်ကို ပညာရေးဝန်ကြီးဌာန အတွက်ပါ "ဌာန တာဝန်ခံ" အဖြစ်ခန့်အပ်ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်နေဝင်းရဲ့အမိန့်လဲ ထွက်လာပါ တယ်။
၁၉၆၂နှစ် ဇူလိုင်လ ၇ ရက်မှာ ကျောင်းသားများ ဆန္ဒပြပွဲကို ဂျီသရီး မောင်းပြန်သေနတ်များ အသုံးပြု ကာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပါတယ်။ နောက်တစ်နေ့မနက်အစောကြီးမှာ ကျောင်းသားသမဂ္ဂ အ ဆောက်အဦကို မိုင်းဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးရုံနဲ့ အားမရသေးဘဲ ညပိုင်းမှာ အာဏာရှင် ဗိုလ်နေ၀င်း က “ဒါဟာရှိတဲ့အား တစ်စိတ်တစ်ပိုင်း ထုတ်သုံး ပြီးနှိမ်နင်းတာဘဲရှိသေးတယ်။ ဒီ့ထက်လွန်လာရင် ဓါးကို ဓါးချင်း။ လှံကို လှံချင်း ရင်ဆိုင်ရန် အသင့်ရှိ တယ်” လို့မြန်မာ့အသံကအသံလွှင့်ပြီး “ကျွန်းပြန် လူမိုက် ဓါးကြိမ်း ကြိမ်း”သလို ပြည်သူလူထုကြီးကို ခြိမ်းခြောက်ပြခဲ့ပါတယ်။ စစ်အစိုးရကနောင်ကျောင်းသားတွေ ဆူပူမှုလုပ်ရင် တက္ကသိုလ်တွေကိုပိတ်ပစ်ပြီး မြန်မာပြည်မှာ တက္ကသိုလ်တွေ မထားတော့ဘူးလို့လဲပြောပါ တယ်။ အဲဒီအချိန်ကတည်းက စစ်အစိုးရဟာ တိုင်းပြည်နောင်ရေး ဘာမှမစဉ်းစားတော့ပဲ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ထက် သူတို့အာဏာတည်မြဲရေးသာ စဉ်းစားခဲ့တယ်ဆိုတာ လက်တွေ့ပြနေပါတယ်။
နှစ်လလောက်အကြာမှာ ကျောင်းတွေပြန်ဖွင့်တော့လဲ ကျောင်းသားတိုင်း ပုဆိုးနဲ့တိုက်ပုံအင်္ကျီ ဝတ်ရ မယ်။ ဘောင်းဘီဝတ်ရင် "နက်တိုင်" တပ်ရမယ်။ ကျောင်းသူတွေလဲ အင်္ကျီလက်ရှည်ထူထူဝတ်ရမယ်။ အင်္ကျီပါးပါးနဲ့အင်္ကျီလက်ပြတ်မဝတ်ရ။ ဆရာတွေ၊ ဆရာမတွေကကြည့်ထိန်းရမယ်။ စည်းကမ်းအတိုင်း ဝတ်မလာသူတွေကို စာသင်ခန်းထဲဝင်ခွင့်မပြုရ။ စတဲ့အမိန့်တွေထုတ်ပါတယ်။
၁၉၆၂လောက်က အဆိုတော်ကိုမင်းနောင်ဆိုခဲ့တဲ့ "တက္ကသိုလ်ကျောင်းသူတစ်ဦး"ဆိုတဲ့သီချင်းမှာ "တက္က သိုလ်ကျောင်းသူတစ်ဦး၊ လှပုံထူးသမျှ၊ တွေ့ရဖူးသည်မှာ၊ တစ်ပတ်လျှိုဆံထုံးကျော့မှာ၊ တစ်ပွင့်ပန်းပန် ကာ၊ လက်ရှည်ထူထူကလေးဝတ်ကာ ------" လို့ပါပါတယ်။ အဲဒီသီချင်းနဲ့ရှုမဝရုပ်ရှင်က မောင်ယဉ်ထွေး နဲ့ စမ်းစမ်းအေးတို့ရဲ့ပထမဆုံးကား "ရွှေရင်သိမ်းသစ်" ဇာတ်သိမ်းပိုင်းလောက်မှာ စမ်းစမ်းအေး ဝတ်စား ပုံကို ကြည့်ရင်တော့ "အားလုံးကောင်းပါသည်ခင်ဗျား" ပေါ့။ ဒါပေမဲ့တကဲ့လက်တွေ့မှာတော့ ဆင်းရဲတဲ့ ကျောင်းသားတွေမှာ တိုက်ပုံ အင်္ကျီအများဆုံးနှစ်ထည်လောက်ပဲတတ်နိုင်တော့ မိုးတွင်းနှစ်ရက်လောက် ဆက်ပြီးမိုးမိလိုက်ရင် လဲစရာတိုက်ပုံအင်္ကျီမရှိ၊ ကျောင်းရောက်ပြန်ရင်လဲ တိုက်ပုံအင်္ကျီဝတ်မထားတော့ ဆရာတွေက စာသင်ခန်းထဲ ဝင်ခွင့်မပြုနဲ့ ဒုက္ခရောက်ကြရရှာတယ်။ ပူအိုက်တဲ့နေ့တွေမှလဲ "နက်တိုင်" တို့၊ တိုက်ပုံအင်္ကျီတို၊့ လက်ရှည်ထူထူကလေးတို၊့ ဝတ်ထားရတော့ ချွေးတစ်လုံးလုံး၊ ချွေးနံ့တစ်ထောင်း ထောင်းနဲ့ပေါ့။ အတန်းတင်စာမေးပွဲတွေကလဲနွေရာသီမတ်လမှာဆိုတော့ အပူဒါဏ်မှာအဝတ်အစားက "ဗူးလေးရာဖရုံဆင့်" ဖြစ်ပြီး ကျက်မှတ်ထားတာမေ့ကာ စာမေးပွဲကျခဲ့ရသူတွေလဲရှိခဲ့ပါတယ်။
ကျောင်းသားလှုပ်ရားမှုကတော့ ရပ်တန့် မသွားပဲ ၁၉၆၃ခု နိုဝင်ဘာလမှာ အပြင်းထန်ဆုံး အဆင့်ကို ရောက်ရှိလာလို့ စစ်အာဏာပိုင်တို့ က ရန်ကုန် တက္ကသိုလ် လက်အောက်ခံ ဝိဇ္ဇာ မဟာဌာန၊ သိပ္ပံ မဟာ ဌာနနဲ့ လူမှုရေး သိပ္ပံမဟာဌာန (နောင် စီးပွါးရေးတက္ကသိုလ်) တို့ ကို ရက်အကန့် အသတ်မရှိ ပိတ်ပစ် လိုက်ပြီး ဆေးပညာမဟာဌာန၊ အင်ဂျင်နီယာ မဟာဌာနနဲ့ ပညာရေး မဟာဌာနတို့ ကိုတော့ ဆက်ဖွင့် ထားခဲ့ပါတယ်။ ကျောင်းသားများကို သွေးခွဲ အုပ်ချုပ်လိုက်ခြင်း (Divided and Rule) ရဲ့အစ ပထမပါ။ ဒါပေမဲ့ ကျောင်းသား ဆန္ဒပြမှုများဟာ မန္တလေးတက္ကသိုလ်၊ နယ်ကောလိပ်များနဲ့ ဂျီတီအိုင်ခေါ် အစိုးရ စက်မှုလက်မှု သိပ္ပံအထိ ကူးစက်သွားလို့ မန္တလေးတက္ကသိုလ် လက်အောက်ခံ ဆေးပညာမဟာဌာနနဲ့ စိုက်ပျိုးရေး မဟာဌာနကလွဲပြီး ကျန်ဌာနအားလုံးကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ပါတယ်။
၁၉၆၃ခု နိုဝင်ဘာလမှာ ဖဆပလ(တည်မြဲ) ခေါင်းဆောင်ဦးဗဆွေက "ဗိုလ်ချုပ်နေဝင်းဟာ ပါးစပ်ကသာ ရှေ့သို့လို့ အာပေါက်အောင် အော်နေပေမဲ့၊ လက်တွေ့လုပ်နေတာက နောက်သို့တွေချည်းဖြစ်နေတယ်။ ဒါကြောင့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ သာသနာနဲ့ တပ်မတော်ရဲ့ရှေ့ရေး၊ ကောင်းကြိုး စတာတွေကို တကယ်တွေးရင်၊ တကယ်စေတနာရှိရင် ရာထူးကအမြန်ဆုံးနှုတ်ထွက်ပါ၊ တော်လှန်ရေးကောင်စီကို ဖျက်သိမ်းပြီး ပါတီစုံရွေးကောက်ပွဲလုပ်ပါ"လို့ပြောလိုက်ပါတယ်။ ဘာရမလဲ၊ ကျားကြီးဗဆွေရဲ့ "နောက် သို့" ဆိုတဲ့ မိန့်ခွန်းဟောကြားပြီး ရက်အနည်းငယ်အကြာမှာ အာဏာရူးကြီး ဗိုလ်ချုပ်နေဝင်းက အာဏာ သိမ်းတဲ့အချိန်က မဖမ်းသေးပဲထားခဲ့တဲ့ တည်မြဲဖဆပလခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့ တပ်မတော်မှာဒုတိယစစ်သေနာပတိနဲ့မြန်မာပြည်လွတ်လပ်ရေးရချိန်မှာ ဒုတိယဝန်ကြီးချုပ်နဲ့ကာကွယ် ရေးဝန်ကြီးဖြစ်ခဲ့တဲ့ဗိုလ်လက်ျာ၊ စာရေးဆရာမကြီးဂျာနယ်ကျော်မမလေး အစရှိတဲ့ နိုင်ငံရေးအခြေခံရှိသူ ရာနဲ့ချီပြီး ဖမ်းတဲ့အပြင် မြန်မာတစ်ပြည်လုံးမှာ မဆလကလွဲပြီး ကျန်ပါတီအားလုံးကို ဖျက်သိမ်းခိုင်းလိုက် ပြီး တစ်ပါတီအာဏာရှင်စံနစ်နဲ့ အုပ်ချုပ်တော့တာပေါ့။ တကယ်တော့ဗိုလ်လက်ျာဟာ ၁၉၄၇ ခု ဒီဇင်ဘာ လအကုန်ပိုင်း လွတ်လပ်ရေးမရခင်ရက်ပိုင်းအလိုမှာ ဗိုလ်နေဝင်းကို ဒုတိယဗိုလ်မှူးကြီးအဆင့်က ဗိုလ်မှူး ချုပ်အဆင့်ကို ရာထူးတစ်ဆင့်ကျော်တင်ပေးခဲ့တဲ့အပြင် ၁၉၄၈ ခု လွတ်လပ်ရေးရပြီးတော့လဲ ဗိုလ်ချုပ် အဆင့်ကို ရာထူးတင်ပေးကာ ဒုတိယစစ်သေနာပတိ ခန့်ပေးခဲ့သူပါ။ တည်မြဲဖဆပလခေါင်းဆောင် ဦးဗ ဆွေနဲ့ဦးကျော်ငြိမ်းတို့ဟာလဲ ၁၉၄၉ ခု မှာ ကရင်လူမျိုး ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်းကို စစ်သေနာပတိ အဖြစ်က အတင်းပင်စင်ပေးပစ်ပြီး ဗိုလ်နေဝင်းကို စစ်သေနာပတိဖြစ်လာစေတဲ့အပြင် နောက်ပိုင်း ဗိုလ် နေဝင်းက လင်ရှိမယားဒေါ်ခင်မေသန်းကိုယူလို့ ဝန်ကြီးချုပ်ဦးနုက ဗိုလ်နေဝင်းကို စစ်သေနာပတိအဖြစ် က ဖြုတ်ဖို့လုပ်ထားတုန်းကလဲ အတင်းဝင်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေပါ။
တက္ကသိုလ်တွေတစ်နှစ်နီးပါးပိတ်ထားတုန်းကျောင်းသားများ ငြိမ်ဝပ်ပိပြားရေးအတွက် ဗိုလ်နေ၀င်းက ဘူမိဗေဒပါမောက္ခဘဝက ပညာရေးဌာနအတွင်းဝန်ဖြစ်လာတဲ့ (နောင်ဝန်ကြီး ဖြစ်လာမည့်) ဒေါက်တာ ညီညီကို တာဝန်ပေးလိုက်တယ်။ ဒေါက်တာညီညီနဲ့ အပေါင်းပါများကလဲ "စနစ်သစ် ပညာရေး" ဆိုတာ ကြီးကို အကောင်အထည် ဖော်လိုက်ကြပါတော့တယ်။ နီးရာဓားကြောက်ရလို့ "ဗောင်းတော်ငြိမ့် စိတ် တော်သိ"လိုက်ရတာလား။ "တိုင်းပြည်နောင်ရေးဘာဖြစ်ဖြစ် မိမိတို့ လူစု စစ်အာဏာရှင်လက်ကျန် အရိုး အရင်း စားရနည်းလား"။ "ဘယ်သူ သေသေငတေမာပြီးရော"ဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်နဲ့ လုပ်ခဲ့ကြ တာလား။ ဆိုတာကိုတော့ ကာယကံရှင်တွေသာအသိဆုံးဖြစ်ပါလိမ့်မယ်။
စာသင်နှစ်ကိုလဲ ဂျွန်လမှာမစတော့ပဲနိုဝင်ဘာလလာက်မှစပြီး စက်တင်ဘာလမှာ အတန်းတင်စာမေးပွဲ တွေစစ်ပါတယ်။ ကျောင်းပိတ်ရက်တွေက အောက်တိုဘာနဲ့ဧပြီလတွေဖြစ်သွားတော့ ပူပြင်းလှတဲ့မတ်လ နဲ့မေလမှာစာသင်ရလို့ ဆရာ၊ ဆရာမတွေရော ကျောင်းသူကျောင်းသားတွေပါ ပင်ပန်းကြပါတယ်။ မူလတန်းကတက္ကသိုလ်ဝင်တန်းအထိကတော့အရင်အတိုင်း နှစ်စဉ် ဂျွန်လမှာစာသင်တန်းတွေစဖွင့်ပြီး မတ်လဆန်းမှာ အတန်းတင်စာမေးပွဲတွေစစ်လို့ ဆယ်တန်းအောင်ကာစ ကလေးတွေဟာ နှစ်စဉ် ၆ လ လောက် အချိန်အလကားကုန်ခဲ့ရပါတယ်။
ဒေါက်တာညီညီရဲ့ စနစ်သစ်ပညာရေးကြီးမှာ
(၁) ယခင် မဟာဌာနများကို Institute ခေါ် ပညာရပ်တစ်ခုတည်းကို သင်ပေးတဲ့ တက္ကသိုလ်ကလေးများ အဖြစ် ပြောင်းလဲဖွင့်လှစ်ရန်။ (ကျောင်းများကွဲသွားလို့ ကျောင်းသားများ သွေးကွဲစေရန် ရည်ရွယ်ချက်)။
(၂) တက္ကသိုလ်ဝင်တန်းအောင်ရင်အမှတ်အများဆုံးရသူများကို ဆေးပညာမဟာဌာန တစ်ဖြစ်လဲ ဆေး တက္ကသိုလ်များသို့ ဝင်ခွင့်ပြုရန်။ ဒုတိယ အဆင့်ရှိသူများကို အင်ဂျင်နီယာ မဟာဌာန တစ်ဖြစ်လဲ စက်မှု တက္ကသိုလ်မှာ တက်ခွင့်ပြုရန်။ (ဒီနည်းနဲ့ ကျောင်းသားတွေ တစ်ဦးကို တစ်ဦးငုံ့ ကြည့် ကြည့်ကြပြီး သွေး ကွဲသွားစေရန်ရည်ရွယ်ချက်)။
ဒီနည်းက နောင်အခါမှာ ထိရောက်သင့်သလောက် ထိရောက်သွားပါတယ်။ ဆေးတက္ကသိုလ်ကျောင်း သားများက ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ကို "အမှိုက်ပုံး"လို့ နောက်ပြောင်ခေါ်ကြပါတော့တယ်။ တစ်ခါက သမိုင်းရှိ တက္ကသိုလ်များ အားကစားကွင်းမှာ ပညာရေး တက္ကသိုလ် အမျိုးသမီး ဘောလီဘောအသင်းနဲ့ ဝိဇ္ဇာနှင့် သိပ္ပံ အမျိုးသမီး အသင်း ယှဉ်ပြိုင်ကြရာမှာ ၀ိဇ္ဖာနှင့် သိပ္ပံ ကျောင်းသားများက "ဆရာမတွေ လင် လိုချင် သမိုင်းကွင်းကိုဝင်" ဆိုပြီး စကြရာ ဆရာမလောင်းများက "RASU ကျောင်းသား မစဉ်းစား။ ပျာတာ ခိုင်းဖို့ ထား" လို့ ပြန်နှိမ်ကြပါတယ်။
(၃) ကျောင်းသားများ တက္ကသိုလ်တွင် ကြာရှည် မနေနိုင်စေရန် စာမေးပွဲတွင် လူတိုင်းလောက်နီးနီး အအောင်ပေးရန်။
ဒီနည်းကြောင့် တက္ကသိုလ်များဟာ ဘွဲ့ လက်မှတ်ထုတ်ပေးတဲ့ စက်ရုံကြီးများသဖွယ် ဖြစ်သွားပြီးဘွဲ့ ရများ ဆရာ ဖြစ်လာတဲ့အခါ "မတတ်သူက မသိသူကိုသင်ပေး" သလိုဖြစ်သွားလို့ ပညာရည် အဆင့်အတန်း အလွန်နိမ့်ကျသွားပါတော့တယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး စာရေးသူက ၁၉၇၀ ခုနှစ်များမှာ တစ်ချိန်ကကိုယ့်ဆရာဖြစ်ခဲ့ဖူးတဲ့ ပါမော က္ခကြီး တစ်ဦးကို တင်ပြခဲ့ဖူးပါတယ်။ "ဆရာရယ် ကျွန်တော်တို့ ခေတ်က ဆရာစစ်တာ ကြမ်းလွန်းလို့ "F" ထိပြီးကျောင်းကထွက်သွားရရှာတဲ့ ကျွန်တော်တို့  သူငယ်ချင်းတွေဟာ ခုခေတ်ကျောင်းသားတွေ ထက် အများကြီးသာပါတယ်" လို့ ပြောလိုက်မိတော့၊ ပါမောက္ခကြီးက "ဒါတော့ ငါလဲ ဘာတတ်နိုင်မလဲ ကွ။ မင်းတို့ခေတ်ကပညာရေးပေါ်လစီက တတ်မှအအောင်ပေးရမယ်ဆိုတော့ စာမေးပွဲတွကလဲခက်ပြီး ကျသူများတာပေါ့။ ခုခေတ် ပေါ်လစီက ဒီလိုဖြစ်နေတာကိုး" လို့ ပြန်ဖြေပါတယ်။ ကျွန်တော်ကထပ်ပြီး"ဆရာတို့  ဒီကိစ္စကို ဆွေးနွေးကြဖို့  တော်ပြီထင်တယ်။ အခုဆို တိုင်းပြည်ရဲ့ ပညာရေးဟာ ပျက်စီးခြင်း လမ်းပေါ်ရောက်နေပြီ။ နောင်ဆိုရင် အဖတ်ဆယ်မရ ဖြစ်တော့မယ်" ဟု ပြောလိုက်ရာ ဆရာကြီးက"ဟေ့ ကောင်။ ငါ့ကို ပင်စင်ပါပြုတ်ပြီး အိုကြီးအိုမရောက်မှ ထောင်ထဲသွားပြီ
မြန်မာ့စာပေအရေးအသား
မြန်မာ့စာပေအရေးအသား
တိုက်ရိုက်ဖွဲ့ဆိုနည်းများ
******************
၂။ ဂုဏ်ကိုဖွဲ့ဆိုနည်း
၃ ။ ကြိယာကိုဖွဲ့ဆိုနည်း
၎ ။ဒြပ်ကိုဖွဲ့ဆိုနည်း
၅ ။အမည်ကိုဖွဲ့ဆိုနည်း
သွယ်ဝိုက်ဖွဲ့ဆိုနည်း
***************
၁ ။အလွန်အကဲဖွဲ့ဆိုနည်း (အတိသယဝုတ္တိ)
၂ ။ခိုင်းနှိုင်းဖွဲ့ဆိုနည်း (ဥပမာ)
၃ ။ထပ်တူပြုဖွဲ့ဆိုနည်း (ရူပက)
၎ ။ထပ်ဆင့်ဖွဲ့ဆိုနည်း (အာဝုတ္တိ)
၅ ။ထွန်းပြဖွဲ့ဆိုနည်း (ဒီပက)
၆ ။တားမြစ်ဟန်ဖြင့်အထူးပြုဖွဲ့ဆိုနည်း (အက္ခေပ)
၇ ။ထောက်ခံဖွဲ့ဆိုနည်း (အတ္တန္တရနျာသ)
၈ ။အထူးဖော်ပြဖွဲ့ဆိုနည်း (ဗျတိရေက)
၉ ။မထင်ရှားသောအကြောင်းပြဖွဲ့ဆိုနည်း (ဝိဘာဝန)
၁၀ ။အကြောင်းဆက်ဖွဲ့ဆိုနည်း (ဟေက္ခ)
၁၁ ။အဆင်ကျအောင်ဖွဲ့ဆိုနည်း (ကမ)
၁၂ ။လွန်စွာနှစ်သက်သည်ကိုပြ၍ဖွဲ့ဆိုနည်း (ဝိယတရ)
၁၃ ။ချုံ့၍ဖွဲ့ဆိုနည်း (သမာသဝုတ္တိ)
၁၄ ။ကြံဖန်ဖွဲ့ဆိုနည်း (ပရိကပ္ပနာ)
၁၅ ။အခြားအကြောင်းအရာတစ်ခုဖော်ပြဖွဲ့ဆိုနည်း (သမာဟိတ)
၁၆ ။ပရိယာယ်ဖြင့်ဖွဲ့ဆိုနည်း (ပရိယာဝုတ္တိ)
၁၇ ။ကဲ့ရဲ့အောင်ချီးမွန်းဖွဲ့ဆိုနည်း (ဗျာဇောပဝဏ္ဏနာ)
၁၈ ။အထူးဂုဏ်ပြဖွဲ့ဆိုနည်း (ဝိသေသဝုတ္တိ)
၁၉ ။ ကြုံးဝါးဖွဲ့ဆိုနည်း (ဒုဋ္ဌာလင်္ကာရ)
၂၀ ။အနက်ဖက်ဆက်ကပ်ဖွဲ့ဆိုနည်း (သိလေသ)
၂၁ ။ဂုဏ်အတူတူထား၍ဖွဲ့ဆိုနည်း (တုလျယောဂိတာ)
၂၂ ။အကျိုးတပါးဆက်ပြဖွဲ့ဆိုနည်း (နိဒဿန)
၂၃ ။ကြီးကျယ်ခမ်းနားပုံပြဖွဲ့ဆိုနည်း (မဟန္တတ္ထ)
၂၄ ။ဝှက်၍ဖွဲ့ဆိုနည်း (ဝဉ္ဇနာ)
၂၅ ။မလုပ်နိုင်သည်ကိုချီးကျူဖွဲ့ဆိုနည်း (အပ္ပတကတ္ထု)
၂၆ ။ဂုဏ်ရည်များကိုစီတန်းဖွဲ့ဆိုနည်း (ဧကာဝဠိ)
၂၇ ။အပြန်အလှန်ဖွဲ့ဆိုနည်း (အညမညဝိဘူသန)
၂၈ ။အတူဖြစ်သည်ကိုဖော်ပြဖွဲ့ဆိုနည်း (သဟဝုတ္တိ)
၂၉ ။(ဆန့်ကျင်ဘက်ရောနှောဖွဲ့ဆိုနည်း (ဝိရောဓိ)
၃၀ ။အပေးယူသဘောကိုဖွဲ့ဆိုနည်း (ပရိဝုတ္တိ)
၃၁ ။ထင်ယောင်ထင်မှားဖွဲ့ဆိုနည်း (ဘမ)
၃၂ ။သဘောကိုဖော်ပြဖွဲ့ဆိုနည်း (ဘာဝ)
၃၃ ။အလင်္ကာများရောနှောဖွဲ့ဆိုနည်း (မိဿ)
၃၄ ။တောင်တ၍ဖွဲ့ဆိုနည်း (အာသီ)
၃၅ ။အရသာပေါ်အောင်ဖွဲ့ဆိုနည်း (ရသီ)
Wednesday, April 28, 2010
မြန်မာစာအုပ်လင့် စုစည်းထားသလောက်ပါ..
စုစည်းထားသလောက်ပါ..
မဇ္စျိမ အရေးတော်ပုံကျမ်း
✪✪✪✪✪✪✪✪✪✪✪✪✪✪
မဟာပညာကျော် လျှောက်ထုံး
✪✪✪✪✪✪✪✪✪✪✪✪✪✪
download link;
သံတွဲသမိုင်း(သို့မဟုတ်)ရခိုင်တို့၏ဒွါရာဝတီကျမ်း
ဒွါရာဝတီအသျှင်ကုသလ.pdf
ရခိုင်စာပီဟောင်းများဖော်ထုတ်ရီး၊ သုတေသနလုပ်ငန်းများလုပ်ကတ်ပါ။ (အသျှင်စက္ကိန္ဒ)
✪✪✪✪✪✪✪✪✪✪✪✪✪✪
( ၈ ) ရခိုင်စကား၊ ရခိုင်စာ (မောင်စံဖော်)
( ၉ ) ရခိုင်စကားကို ဘာသာစကားသုတေသီတို့ ယူဆချက် (အသျှင်ကြီး)
( ၁၀ ) မြောက်ဥူးခေတ်လယ် ရခိုင်စာရွီးဟန် သုံးမျိုး (မောင်ဗသိန်း)
( ၁၁ ) မတူညီရေ အယူအချက်ကြားက ရခိုင်စာပီ၏ ကံကြမ္မာ (မိုးညို)
(၁) ရခိုင်အက္ခရာ ဆင်းသက်ရာ (အသျှင်စက္ကိန္ဒ)
(၂) ရခိုင်အက္ခရာ စာပီခရီးလမ်းကြောင်း (အသျှင်စက္ကိန္ဒ)
(၃) ရခိုင်သင်ပုန်းကြီး ရွတ်ဖတ်နည်း (အသျှင်စက္ကိန္ဒ)
(၄) အက္ခရာအကြောင်းဟောပြောချက် (အသျှင်စက္ကိန္ဒ)
(၅) ဂန္တဝင်ရခိုင်ဝေါဟာရများ
(၆) ရခိုင်ဘာသာစကားလမ်းညွန်
(၇) လောကသာရ အဖျား (ရခိုင်သူမြတ်)
(၈) လောကသာရဆုံးမစာ (ရခိုင်သူမြတ်)
(၉) အာန္ဒာစနြ္ဒားကျောက်စာ
(၁၀) ရခိုင်ကျောက်စာ၊ ပီစာ၊ ပုရပိုက်စာ၊ ခေါင်းလောင်းစာ၊ နန့် အခြားစာပီမူတိ
(၁၁) ဂဝိန္ဓကျမ်း (ရခိုင်ဝေသာလီခေတ်တွင်သက္ကတဘာသာမှ ရခိုင်ဘာသာသို့ပြန်ဆိုအသုံးပြုခသောကဗျာ၊လင်္ကာဆိုင်ရာသဒ္ဒါကျမ်း)
(၁၂) ကဝိပါသဏ္ဍကျမ်း
(ရခိုင်ဝေသာလီခေတ်တွင်သက္ကတဘာသာမှရခိုင်ဘာသာသို့ပြန်ဆိုအသုံးပြုခသောကဗျာ၊လင်္ကာဆိုင်ရာသဒ္ဒါကျမ်း)
(၁၃) မြန်မာမူပြုမရသော ရခိုင်ကာရံများ (စ/ဆုံး)
(၁၄) ရခိုင်ရွီပီ ကြိုးစာ
(၁၅) ရခိုင်စာပီမူ (ပါမောက္ခ ဒေါက်တာအေးကျော်)
(၁၆) ရခိုင်စကားပုံတိ
(၁၇) ထူးဆန်းသောပုရပိုက်ကျမ်းစာ
(၁၈) ရက္ခိတမဂ္ဂဇိင်း-၁
(၁၉) ရက္ခိတမဂ္ဂဇိင်း-၂
(၂၀) ရက္ခိတမဂ္ဂဇိင်း-၃
(၂၁) ရက္ခိတမဂ္ဂဇိင်း-၄
(၂၂) ရက္ခိတမဂ္ဂဇိင်း-၅
(၂၃) ရက္ခိတမဂ္ဂဇိင်း-၆
(၂၄) ရခိုင်စာပီ မဂ္ဂဇိင်း-၁
(၂၅) စိတ်ကူးခြောက်ပိဿာနန့်မြောက်ဥူးကဘီလူး
(၂၆) ကိုသာလှဥူး ၏ စုစည်းမူများ
(၂၇) သျှစ်သောင်းဘုရားသံထီးတင် ရခိုင်သံချပ်ကြီး
(၂၈) အေဒီခြောက်ရာစုနန့်ယင်းမတိုင်မှီရခိုင်ပြည်သုံးအက္ခရာတိကိုဖော်ထုတ်ခြင်း
(၂၉) ရခိုင်စကားပြင်ကျောက်စာတချပ်
(၃၀) ဘာသာရေးဆိတ်သုန်မူနန့်မြန်မာမူပြုခံရရခိုင်စာပီ
ဓည၀တီရာဇ၀င်သစ် (မင်းကျောင်းဆရာတော် ဦးပဏ္ဍိ).pdf
ဓည၀တီမြို့၏နိဂုံးရွာများသမိုင်းလင်္ကာ+ကျောက်ရစ်ကေဆရာ ဦးမောင်စံလှ.pdf
နတ်သမီးသိုက် ရခိုင်ရာဇ၀င်.pdf
A marriage in Burmah by Mrs. M. Chan-Toon.pdf
ကင်းဘာရင်း ခေါ် ဗိုလ်ချင်းပြန်.pdf
ကိုယ်တွေ့မေယုမြေ (ဦးစံထွန်းအောင်).pdf
ကိုလိုနီဘ၀ ရွှေပြည်ရခိုင်.pdf
ကျိန်းရိပ်မြေလက်ရွေးစင်ဆောင်းပါးပေါင်းချုပ်.
ဂုတ္တိလနှင့် မုသိက သာခြင်းသစ် (ဆရာဦးအောင်ထွန်း).
ဂန္တ၀င်ရခိုင်ဝေါဟာရ (၂၁၀၀).pdf
စိတ်ကူးခြောက်ပိဿာနန့် မြောက်ဦးကဘီလူး
ဇာလုပ်ကတ်ဖို့လေး+ဆရာစံကျော်ထွန်း.pdf
ငါရို့ဇာလုပ်ကတ်ဖို့လဲ ၄.pdf
ပီပြင်သော ရခိုင်ဘုရင်များ၏ရာဇ၀င်.pdf
ဘူးသီးတောင်မြို့နယ်ဖြစ်စဉ်သမိုင်း.pdf
ဘုံပေါက်သာကျော်-တော်လှန်ရေးခရီး၀ယ် (၁).pdf
ဘုံပေါက်သာကျော်-တော်လှန်ရေးခရီး၀ယ် (၂).pdf
မင်းရာဇာကြီးစာတမ်း.pdf
မင်းပြားတခွင် ကျိန်းတော်ရှင်.pdf
မင်းပြားမြို့နယ်ဖြစ်စဉ်သမိုင်း.pdf
ရက္ခမဏ္ဍိုင် အမှတ် (၁).pdf
ရခိုင်ကဗျာနန့် ရခိုင်အတွေးအခေါ် (စံကျော်ထွန်း).pdf
ရခိုင်စတူပါ ကျောက်စေတီငယ်များ.pdf
ရခိုင်စာဆိုတော်များ- ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ).pdf
ရခိုင်စာအရီးအသားနှင့်ပြသနာများ (မောင်ဗသိန်း).pdf
ရခိုင်စာပေခရီး (အရှင်ကောသလ္လ - ဂဝေသီ).pdf
( ၁ )ဘင်္ဂလားအဝကျွန်းသမိုင်း
( ၂ ) သီရိသုဓမ္မ္မရာဇာ၏နန်းတက်ပွဲအခမ်းအနား
( ၃ ) ရခိုင်ရို့အားဖိနှိပ်ခရေဗမာ(မြန်မာ) မြို့၀န်များ
( ၄ ) ကမ္ဘာပေါင်းများစွာမှဘုရားများကိုကိုးကွယ်ခြင်း
( ၅ ) သျှစ်သောင်းပုထိုးအတွင်းရှိအဓိကမဏ္ဍိုင်များ
( ၆ ) ရခိုင်နိူင်ငံတော်ကျဆုံးခြင်း
Subscribe to:
Posts (Atom)
https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html
100 Life-Changing Netflix Movies to Inspire You
100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...
https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html
-
The resurgence of Stoicism in contemporary culture has sparked a debate about its authenticity and purpose. Once a profound philosophical ...
-
Interviewer: Aung Zaw (AZ) Interviewee: Maj-Gen Twan Mrat Naing (TMN), Arakan Army (AA) Aung Zaw : Thank you for joining us, Major General. ...
-
Flow: The Psychology of Optimal Experience by Mihaly Csikszentmihalyi is a groundbreaking exploration of the "flow" state—a psy...
