Thursday, October 2, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၂)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၂)

အစိုးရအဖွဲ့မှာ နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန် ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။

၁။ ဥပဒေပြုရေး (Legislature)

၂။ အုပ်ချုပ်ရေး (Executive)

၃။တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။

ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။

အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေးဒဏ်ခက်ပိုင်ခွင့်ရှိခြင်းတို့ပင်ဖြစ်ပါ၏။

လူသတ္တဝါသည် ဆင်ခြင်တိုင်းထွာတတ်သော ဉာဏ်ရှိသည် ဖြစ်ခြင်းကြောင့် တိရစ္ဆာန် လောကမှ ခွဲထွက်လာခဲ့ခြင်း ဖြစ်၏။ လူသည် မိမိတို့၏ အတွေ့အကြုံအသိတရားများအရ မိမိတို့၏တိုးတတ်မှုအတွက် အကျိုးတူလုပ်ငန်းများကို အတူပူးပေါင်း၍ လုပ်ဆောင် လာခဲ့ကြပါ၏။

ဤသို့အားဖြင့် လုပ်ကိုင်စားသောက်နေထိုင်ခြင်းကြောင့် နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်နှင့်အတူ ၎င်းနှင့်တွဲ၍ ပဋိပက္ခများ၊ အဓမ္မမှုများလည်း ဖြစ်ပေါ်လာစမြဲပင်ဖြစ်၏။ ထိုသို့ဖြစ်ပေါ်လာသောအခါ ဖြေရှင်းပေးနိုင်ရန်နှင့် ထပ်မံ၍မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်အစိုးရ၌ အချုပ်အခြာအာဏာသည် ရှိရပေမည်၊ သို့မှသာ နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းဇိမ်များအား ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်သည်။

၎င်းအချုပ်အခြာအာဏာ (Soverignty) တွင်လည်း နှစ်မျိုးရှိပါ၏……

၁။ ပြည်တွင်းအချုပ်အခြာအာဏာ (Domestic State Power and Authority)

၂။ ပြည်ပအချုပ်အခြာအာဏာ တို့ဖြစ်၏။ (International Apperance)

၁။ပြည်တွင်းအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအတွင်း ယှဉ်ဘက်မရှိသော တန်ခိုးသြဇာအာဏာဖြစ်၏။

၂။ပြည်ပအချုပ်အခြာအာဏာ ဆိုသည်မှာ နိုင်ငံတနိုင်ငံအား အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံတို့က တန်းတူရည်တူအနေဖြင့် အသိအမှတ်ပြုရခြင်းဖြစ်၏။

ထို့ကြောင့် နိုင်ငံသား၊ တိကျသောနယ်နမိတ်၊ အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဤအင်္ဂါလေးရပ်နှင့်ပြည့်စုံလျှင် နိုင်ငံဟု ဆိုပါ၏။ ဖေါ်ပြပါအင်္ဂါလေးရပ်မှ တခုခု ချို့ယွင်းနေပါက နိုင်ငံဟူ၍ မယူဆအပ်ပေ။

ခေတ်သစ်နိုင်ငံများသည် ရှေးယခင်နိုင်ငံများထက် ဧရိယာပိုမိုကျယ်ဝန်းလာခဲ့ကြပါ၏။ ဤသည်မှာလည်း အကြောင်းမဲ့ကျယ်ဝန်း လာခြင်းမဟုတ်ဘဲ ရှေးယခင်ခေတ် မြို့ပြနိုင်ငံငယ်လေးများ အချင်းချင်း ပေါင်းစပ်ဖွဲ့စည်းလာခဲ့သောကြောင့်ဖြစ်ပါ၏။

အဘယ့်ကြောင့် နိုင်ငံငယ်လေးများသည်

ပေါင်းစည်းလာခဲ့ကြပါသနည်း (ဆက်ရန်).........

Tuesday, September 30, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၁)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၁)

အခြေခံနိုင်ငံရေး သိပ္ပံအား တင်ပြသွားပြီးဖြစ်၍ ယခုမှစ၍ အဆင့်မြင့် နိုင်ငံရေး သိပ္ပံအား တင်ဆက်ဖော်ပြသွားမည်ဖြစ်သည်။

ပထဝီနိုင်ငံရေး

ပထဝီနိုင်ငံရေးဆိုသည်မှာ နိုင်ငံတခု၊ ဒေသတခုအပေါ် ပထဝီဝင် အခြေအနေများ၊ သမိုင်းနောက်ခ ံအခြေအနေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး အစရှိသည်အားဖြင့်လည်းကောင်း နိုင်ငံတကာ အခြေအနေ အရပ်ရပ်တို့အပေါ်၌ လည်းကောင်း လေ့လာသုတေသနပြုသော ပညာရပ်ဖြစ်၏။

၁။နိုင်ငံ

နိုင်ငံဆိုသည်မှာ လူသားတို့၏ အဖွဲ့အစည်းတခုသာဖြစ်၏။ ကမ္ဘာဦးမိသားစု အစုအဝေးများမှအစပြု၍ အဖွဲ့အစည်း၊ အသင်းအပင်း များစွာရှိပြီး ၎င်းအသင်းအပင်းများ၏ ဖွဲ့စည်းပုံမှာလည်း ယေဘူယျအားဖြင့် တူညီကြပေသည်။

အောက်ဖေါ်ပြပါ အင်္ဂါရပ်များကို လေ့လာပါက လူ့အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံမှာ အခြေခံအားဖြင့် တူညီကြောင်းတွေ့ရှိ ပေလိမ့်မည်။

၁။အသင်းသားများ (အဖွဲ့ဝင်များ)

၂။ အသင်းတည်နေရာ

၃။ အမှုဆောင်အဖွဲ့

၄။ အသင်းစည်းမျဉ်းများ တို့ဖြစ်ပါသည်။

လူ့အဖွဲ့အစည်း အသင်းအပင်းများသည် အထက်ပါအတိုင်း အခြေခံအားဖြင့် တူညီကြသော်လည်း ရည်ရွယ်ချက်များမှာမူကား တခုနှင့်တခု တသင်းနှင့်တသင်း တူညီခြင်းမရှိကြပေ။

ဥပမာအားဖြင့် ဘာသာရေးအတွက် ဖွဲ့စည်းထားသော အသင်းများရှိသကဲ့သို့ ပညာရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ငန်းများအတွက် ရည်ရွယ်၍ဖွဲ့စည်းထားသော နိုင်ငံများလည်း ရှိပေ၏။

နိုင်ငံတွင်မူ အခြားသောအသင်းအဖွဲ့များနှင့်မတူသော အချုပ်အခြာအာဏာ ဟူသောလဏ္ခာတရပ်ရှိပါ၏။ ထို့ကြောင့်ပင် လူသားတို့သည် ရှေးသဘာဝနိုင်ငံများခေတ်က ကဲ့သို့ လုံခြုံမှုကင်းမဲ့၍ ကျိးလန့်စာ စားရသောဘဝအခြေအနေမျိုးမှ ရုန်းထွက်လာနိုင်ခဲ့ ခြင်းဖြစ်ပေသည်။

၂။ နိုင်ငံတွင်ရှိသော အင်္ဂါရပ်များ

နိုင်ငံတနိုင်ငံတွင် ရှိသော အင်္ဂါရပ်များမှာ…

၁။ နိုင်ငံသား

၂။ တိကျသောနယ်နမိတ်

၃။ အစိုးရ

၄။ အချုပ်အခြာအာဏာ စသည်တို့ဖြစ်ပေသည်။

အဖွဲ့အစည်းအသင်းတခုတွင် အသင်းဝင်များ မရှိလျှင် အသင်းအင်္ဂါနှင့်မပြည်စုံ သကဲ့သို့ နိုင်ငံတနိုင်ငံတွင်လည်း နိုင်ငံသားမရှိ လျှင် အဓိပ္ပါယ်မရှိဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် နိုင်ငံသားရှိရပါမည်။ လူမရှိသောနယ်မြေတခုအား နိုင်ငံဟူ၍ မဆိုအပ်ပေ။

ခန္ဓာမရှိလျှင် လူမရှိနိုင်သကဲ့သို့ တိကျစွာသတ်မှတ်ထားသော နယ်မြေမရှိလျှင် နိုင်ငံမရှိနိုင်ပေ။ နိုင်ငံသားတို့နေထိုင် လုပ်ကိုင် စားသောက်နိုင်ရန် တိကျသောနယ်နမိတ် မြေဧရိယာ ရှိရပါမည်။ တိကျသော နယ်မြေရှိခြင်းဖြင့် နယ်နမိတ်နှင့်စပ်လျှင်း၍၎င်း၊ နိုင်ငံ အချင်းချင်း အငြင်းပွါးမှုများ ပဋိပက္ခများဖြစ်ပွါးမှုမှကင်းဝေး၍ နိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိတို့တန်ခိုးသြဇာအာဏာ ပြန့်နှံရာ ဒေသကို လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ပါသည်။

အစိုးရအဖွဲ့မှာလည်း နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော အင်္ဂါရပ်တခုဖြစ်၏။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသား တို့၏ ပညာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေးအစရှိသည်အားဖြင့် စည်ပင်တိုးတတ်ရန် တာဝန်မှာ အစိုးရ၏တာဝန်ဖြစ်၏။ အစိုးရသည် ၎င်း၏တာဝန်ကျေပြွန်ရန်အတွက် အောက်ဖေါ်ပြပါ လုပ်ငန်းသုံးခုအား မဖြစ်မနေပြုလုပ်ရပါ၏။

၁. ဥပဒေပြုရေး (Legislature)

၂။ အုပ်ချုပ်ရေး (Executive)

၃။ တရားစီရင်ရေး (Judiciary) စသည်တို့ဖြစ်၏။

ဥပဒေပြုခြင်းကို ဥပဒေပြုဌာနမှ ဆောင်ရွက်၍ ၎င်းဥပဒေများအရတိုင်း နိုင်ငံအုပ်ချုပ်ရေးကို အုပ်ချုပ်ရေးဌာနမှ ဆောင်ရွက်ရ၏။ ဥပဒေဖေါက်ဖျက်မှုများကို တရားစီရင်ရေးဌာနမှ စစ်ဆေးဆောင်ရွက်ပြီး အပြစ်ရှိ/ မရှိ ဆုံးဖြတ်စေပါ၏။

အချုပ်အခြာအာဏာသည် နိုင်ငံတိုင်း၌ မရှိမဖြစ်သော အင်္ဂါရပ်ဖြစ်သည်။ အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားတိုင်းလိုက်နာရန်အတွက် ဥပဒေရေးဆွဲခွင့်ရှိခြင်း၊ ၎င်းဥပဒေများနှင့် လျှော်ညီစွာ နိုင်ငံသားတို့အား အုပ်ချုပ်နိုင်ခွင့်ရှိခြင်း၊ ဥပဒေချိုးဖေါက်သောသူများအား အပြစ်ပေး ဒဏ်ခက်ပိုင်ခွင့် ရှိခြင်းတို့ပင်ဖြစ်ပါ၏။

Wednesday, November 20, 2013

မလွဲမသေအောင်မြင်နိုင်သူ၏ အင်္ဂါ(၄)ရပ်

လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်
အခြေခံအင်္ဂါရပ် (၄) ခုရှိဖို့လို၏
ယင်းအင်္ဂါ(၄)ရပ်ကို ဣဒ္ဓိပါတ်ဟု ခေါ်သည်-

၁။ ခိုင်မာသောရည်မှန်းချက်ရှိရမည်
၂။ မဆုတ်မနစ်သောရည်မှန်းချက်ရှိရမည်
၃။ စိတ်ဓါတ်ခိုင်မာရမည်
၎။ လုံလောက်သော ဥာဏ်ပညာရှိရမည်

ဤအင်္ဂါ(၄)ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ
လောကုတ္တာရာဖြစ်စေ တစ်နေ့တွင် မလွဲမသေအောင်မြင်ရာ၏။

တစ်နေ့တွင်ဆိုရာ၌ ဣဒ္ဓိပါတ်ကြားမပြတ်သော  တစ်နေ့တွင် ဖြစ်၏။
ဣဒ္ဓိပါတ်ကြားပြတ်သွားပါက တစ် ကပင် ပြန်စရ၏။

ထိုအခါ တစ်နေ့တွင် သည်မဆုံးနိုင်သော တစ်နေ့တွင် ဖြစ်ပေလိမ့်မည်။


Sunday, June 23, 2013

Mruak-U, Arakan, Myanmar မြောက်ဦး

 မြောက်ဦး


ရင်အုံမှာ အီကွေတာ ကခုန်

 ကျောရိုးထဲ ဝင်ရိုးစွန်းပုန်းနေတဲ့မြို့။

 မန္တလေးကိုစာဖွဲ့တဲ့ “ကစ်ပလင်း” မသိ

ပုဂံကိုစာဖွဲ့တဲ့“ ဇော်ဂျီ”စာမသိတဲ့ ငါ့မြို့လေး။

မီးလောင်ပြင်ထဲက

 မီးသွေးထက်ဝက် အိမ်တိုင်တွေလို၊

 မိုးခေါင်ကပ်ဆိုက်တဲ့ခါ

 မြေမှာဒူးထောက် ကောင်းကင်ကိုတိုင်တည်တဲ့

 ကမ္ဘာဦးလူသားတွေလို၊

 မြို့ရိုးတံတိုင်းတွေနဲ့ ငါ့မြို့၊

 သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ

 ရာဇဝင်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊

 ၁၈ ရာစုတီကောင်တွေ

 ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊

 ငါ့မြို့လေ ငါ့မြို့အစစ်ပါ။

ဓနိရည်ပေါတယ်၊ ခြင်ပေါတယ်

 ဆင်းတုတော် အကျိုးအပဲ့တွေပေါတယ်

 စေတီပျက် ပုထိုးပျက်တွေပေါတယ်

 သဇင်ဥတွေ ရှားလွန်းပြီ

 ကြိုးကြာတွေ ပြုန်းလုပြီ

 ဂျပန်စာလို အင်တီနာတွေ ပိုလာရဲ့

 သူ့ခမျာ မီးခိုးတိုင်မရှိရှာဘူး။

အမေလို

 ငါ့နှလုံးသားကို မြင့်မြတ်စေတာ 

 မြောက်ဦး ဒီမြို့။

 သစ္စာတရားလို

 ဝိညာဉ်ကို ရဲရင့်ပျော်ရွှင်စေတာ

 မြောက်ဦး ဒီမြို့။

ခုတော့ ဦးနှောက်အမှေးရောင်နေတဲ့မြို့၊

 ကိုယ်ခံအား လျော့လျော့နေတဲ့ မြို့

 ချစ်ရလွန်းလို့ ကြေကွဲနာကျရပြီလေ။

မြို့ရိုးတံတိုင်းတွေကို ဆွဲဆွဲနှုတ်ပြီး

 ပင်လယ်ထဲသိမ်းထားမယ်၊

 ပြီးတော့ ကဗျာတွေနဲ့ လိုက်နေချင်ရဲ့

 ရင်ကွဲရလွန်းလို့ပါ ငါမြို့ရယ်။

*မောင်ခိုင်အောင်(ရခိုင်တန်ဆောင်မဂ္ဂဇင်း၊အမှတ်-၁၉(၁၉၉၆)

Wednesday, May 1, 2013

Myanmar to China: Kyaukphyu to Muse Railway Project

 

Myanmar–China Kyaukphyu–Muse Railway: Concerns Grow Over Transparency as Project Advances

The Myanmar government is reportedly moving forward with plans to finalize an agreement with China for the construction of a major railway line linking Kyaukphyu, Rakhine State, to Muse, Shan State, despite a lack of public disclosure and growing local concerns.

Officials from both countries signed a memorandum of understanding (MoU) for the project over two years ago. Now, negotiations are underway to upgrade the agreement to a memorandum of agreement (MoA) — a step that signals serious progress toward project implementation. However, the absence of public consultation or official information has raised questions about transparency, local rights, and long-term impact.

🚆 Project Overview

The proposed Kyaukphyu–Muse railway is a 868.3-kilometer (approximately 539-mile) corridor designed to connect the Bay of Bengal to China’s Yunnan Province, via key cities including Ann, Mandalay, Lashio, and Muse. According to initial plans, the line will include:

  • 79 train stations

  • 409 bridges

  • 101 tunnels

Once completed, it is expected to link with Kunming, the capital of China’s Yunnan Province, under the framework of the China–Myanmar Economic Corridor (CMEC) — part of Beijing’s broader Belt and Road Initiative (BRI). The project will reportedly be financed entirely through Chinese investment.


📍 Local Concerns Mount

Despite its significance, residents of Kyaukphyu and Maday Island report they have not been officially informed about the railway project. During a visit by Chinese Ambassador Yang Houlan on May 19, locals raised questions about potential infrastructure projects in the area — including the railway and related highways. However, the ambassador declined to confirm or deny the railway’s existence or route.

“We asked the Chinese ambassador whether there are railway or motorway projects on Maday Island, but he didn’t give a direct answer,” said Tun Kyi, a Kyaukphyu local. “We, the residents, still don’t know anything about the project.”

The situation echoes past experiences with the oil and gas pipelines and the Kyaukphyu Deep-Sea Port, where residents say they were left uninformed until construction had already begun. Many in the community now express fears of repeating patterns of exclusion, environmental degradation, and lack of compensation.


🗣️ Voices of Accountability

According to Snow, a representative of the Myanmar-China Pipeline Watch Committee, previous BRI-related infrastructure projects have displaced communities and damaged ecosystems without proper redress.

“Although the government talks about transparency, it has not practiced it in reality,” she said. “We’re not against investment in Rakhine, but development must benefit local communities — not just a privileged few. Without resolving past grievances or providing fair compensation, starting a new railway project is irresponsible.”

Locals also note that when they raised objections or staged protests during earlier projects, they were met with legal action and suppression, rather than dialogue or inclusion.


⚖️ A Call for Inclusive Development

Community leaders and civil society groups are urging the government and Chinese counterparts to:

  • Ensure full transparency about the railway's scope, timeline, and impact

  • Conduct environmental and social impact assessments (ESIA) with public access to findings

  • Engage meaningfully with local communities along the route

  • Resolve outstanding land and compensation disputes from previous projects

While the Kyaukphyu–Muse railway has the potential to enhance connectivity, trade, and economic growth, its success hinges on inclusive governance, ethical investment practices, and respect for the rights and voices of the people it will affect most.


🌏 Strategic Significance

This railway is a centerpiece of the China–Myanmar Economic Corridor, enhancing Beijing’s access to the Indian Ocean and strengthening overland logistics that bypass the congested Malacca Strait. For Myanmar, it presents an opportunity to become a transit and trade hub — but only if managed with foresight, equity, and cooperation.


အများပြည်သူသို့ ချပြခြင်းမရှိဘဲ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အပြီးသတ်စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိမြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် အဆင်သင့်နီးပါး ဖြစ်ချိန်၌ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း စတင်ရန်အတွက် အများပြည်သူသို့ ချပြခြင်းမရှိဘဲ အပြီးသတ် စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။အဆိုပါ ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ် ဧပြီ ၂၇ ရက်က မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများမှ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိကာလ၌ အဆိုပါ မီးရထားလမ်း စီမံကိန်းအတွက် Memorandum of Agreement ကို မကြာမီ ရေးထိုးရန် စီစဉ်နေကြောင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ လက်ရှိအချိန်အထိ ထုတ်ပြန်မှု မရှိသေးကြောင်းလည်း သိရသည်။

”မနေ့(မေ၁၉)က တရုတ်သံအမတ်ကြီး မစ္စတာယန်ဟို့လျန် မဒေးကျွန်းကိုလာပြီး ကျွန်တော်တို့ ဒေသခံတွေနဲ့ တွေ့သွားတယ်။ ဘာလာလုပ်လဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့က မဒေးကျွန်းမှာ ရထားလမ်း၊ ကားလမ်းစီမံကိန်းတွေ ရှိနေတယ်ဆိုတာ ဟုတ်လားလို့ တရုတ်သံအမတ်ကိုမေးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ သူမသိပါဘူးတဲ့။ ရထားလမ်းစီမံကိန်း ရှိမရှိနဲ့ ပတ်သက်ပြီး တရုတ်သံအမတ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့ကို တရားဝင် ထုတ်ဖော်ပြောသွားတာ မရှိပါဘူး။ ကျောက် ဖြူ-မူဆယ် မီးရထားလမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒေသခံတွေ ဘာမှမသိရပါဘူး” ဟုလည်း ကျောက်ဖြူမြို့မှ ကိုထွန်းကြည်က ပြောပြသည်။


မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍လည်း စီမံကိန်း မစတင်မီက ဒေသခံများ မသိရှိဘဲ လုပ်ငန်းစတင်ခါမှသာ သိရှိခဲ့ရကြောင်း၊ လက်ရှိအပြီးသတ် စာချုပ်ချုပ်တော့မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများသို့ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း၊ ရထားလမ်း၊ ကားလမ်းသာမက ပွင့်လင်းမြင်သာမှုမရှိ၊ ဒေသခံများသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် မည့်သည့်စီမံကိန်းကိုမဆို ဒေသခံများ အနေဖြင့် လက်မခံကြောင်းလည်း ကျောက်ဖြူဒေသခံများက ဆိုပါသည်။


”ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှုတွေက ပြီးသလောက်ရှိနေပြီ။ ဂက်စ်ပိုက်လိုင်း စီမံကိန်းကြောင့် နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံတွေ ခံစားနေရပေမယ့် အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆက်လုပ်ခဲ့တာပဲ။ ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်တော့ ဒေသခံကို တရားစွဲတယ်။ ဒီအချိန်အထိ အဲဒါတွေ ရှိနေသေးတယ်။ အစိုးရက ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပါလို့ ပါးစပ်က ပြောနေပေမယ့် လက်တွေ့မှာ အကောင်အထည် မဖော်ကြသေးဘူး။ ရခိုင်ပြည်နယ်ကိုလာတဲ့ investment တွေကို ရခိုင်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေ အကျိုးရှိတာမျိုးလည်း ဖြစ်စေချင်ပါတယ်။ အခုတော့ လူတစ်စုကသာ အကျိုးခံစားရပြီး ဒေသခံတွေက မခံစားရဘူး။ နောက်ဆက်တွဲ ပြဿနာတွေကိုသာ ရင်ဆိုင်နေရတယ်။ ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံတွေရဲ့ နစ်နာမှုကိုတောင် မဖြေရှင်းနိုင်သေးဘဲ ရထားလမ်း စီမံကိန်း လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူး။ အခု စီမံကိန်းကို ဆုံးဖြတ်ချက်ပေးမယ့် သူတွေအနေနဲ့ ဒေသခံတွေ ပူးပေါင်းဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်” ဟု မြန်မာ-တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ဒေါ်စနိုးက ပြောကြားသည်။


အဆိုပါ မီးရထားလမ်း စီမံကိန်းသည် စုစုပေါင်း အရှည် ၈၆၈ ဒသမ ၂၆၂ ကီလို မီတာ၊ မိုင်အားဖြင့် ၅၃၉ ဒသမ ၁၉ မိုင်ရှိပြီး ကျောက်ဖြူ၊ အမ်း၊ မကွေး၊ မန္တလေး၊ လားရှိုး နှင့် မူဆယ်မြို့များကို ဖြတ်သန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ မီးရထားလမ်း စီမံကိန်း၌ ဘူတာရုံ ၇၉ ခု၊ တံတား ၄၀၉ စင်း၊ ဥမင်လိုဏ်ခေါင်း ၁၀၁ ခု ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ မီးရထားလမ်းသည် ကူမင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရာနှုန်းပြည့်ရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။



ကျောက်ဖြူမှ မူဆယ်အထိ ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းပြမြေပုံ


Monday, November 19, 2012

MAKE A DIFFERENCE

Never forget the power you have to make a difference.
သင့်မှာ လူတွေနဲ့မတူအောင်ဖောက်ထွက်ပြီးလုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

Saturday, June 23, 2012

ဘ၀ - BaWa by Nayzaw Tun

 


ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀. ချက်


ဥာဏ်ကောင်းကိုကောင်းစေရပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။
1. Go for a walk with a friend
လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။
2. Solve Puzzles, Play Games
ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။
3. Meditate
တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။
4. Eat healthy
မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။
5. Think positive
အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။
6. Laugh It Up
ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။
7. Listen To Music
သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။
8. Do Self-Hypnosis
Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။
အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။
9. Set Goals
ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။
10. Follow a Sleep and Wake up Routine
စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ဒီတော့ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။
အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။

Thursday, November 17, 2011

သောင်းနှင့်ချီ၍ ပေးရသောစာအုပ်များ ကို အခမဲ့ ရယူပါ။
အလွန်တန်ဖိုးရှိသောစာအုပ်များ ဘာသာပြန် စာအုပ် (၁၃၀ အုပ်)
(၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v

(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7
(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak
(၄)ပျောက်ဆုံးနေသောကမ္ဘာ(ဌေးမောင်)
http://www.mediafire.com/?fomlkhbfbutj224
or
https://docs.google.com/…/d/0B5MWMa_nIbQOb2NaVkhzeWlJT…/edit
(၅)သန်းကောင်ယံ ခုနှစ်မိနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?soehqh7gf7rr3ik
(၆)ဘင်လာဒင်ရှာပုံတော် (စိန်ဝင်းစိန်)
http://www.mediafire.com/?r7b5brt2r9blkb8
(၇)ဂျူလိယက်ဖူးချစ် - ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဘာသာပြန်-အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ)
http://www.mediafire.com/?5pih1dcttkly4vt
(၈)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp
(၉)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef
(၁၀)အိုင်းစတိုင်း(ဆန်းလွင်)
http://www.mediafire.com/?ijzbeazsij9uijz
(၁၁)မေတ္တာရှင်မလေးပ်ါလီယာနာ(ထင်လင်း)
http://www.mediafire.com/?egecbrvap2rymvm
(၁၂)တစ်ကျွန်းစံ၏ အပြန်လမ်း(ထင်လင်း)
http://www.mediafire.com/?w5ppjwanfp61ose
(၁၃)အဆိပ်(ထင်လင်း)
http://www.mediafire.com/?1gl6ar75j4uf33v
(၁၄)စည်းအပြင်ကလူ(ထင်လင်း)
http://www.mediafire.com/?rj0ia7r0905ers0
(၁၅)လေယာဉ်ပြန်ပေးနှင့်အစ္စရေးဓါးစာခံ (မောင်မောင်ညွန့်)
http://www.mediafire.com/?l3twnmtd33m88j3
(၁၆)ဘ၀ကိုကြက်ခြေခတ်ခဲ့ရပေမယ့်(မြတ်ငြိမ်း)
http://www.mediafire.com/?nn8xctc1qxhsddd
(၁၇)အဖေပေးတဲ့အမွေ(မြတ်ငြိမ်း)
http://www.mediafire.com/?36faok93aices7f
(၁၈)လက်ဆောင်မွန်(မြတ်ငြိမ်း)
http://www.mediafire.com/?o531p156bqbvzh5
(၁၉)ဖိနပ်ခြောက်ရန်ဆောင်ရွက်နည်း(မြတ်ငြိမ်း)
http://www.mediafire.com/?qv7diz42rdauyg7
(၂၀)ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ(မြတ်ငြိမ်း)
http://www.mediafire.com/?3dvq18mg1rpplbp
(၂၁) ချစ်သွေးသစ္စာ(မောင်ထွန်းသူ)
http://www.mediafire.com/?14lhi0x4qx5x3x8
(၂၂) ဂျပန်ဘာကြောင့် အောင်မြင်ခဲ့သလဲ(မောင်ထွန်းသူ)
http://www.mediafire.com/?qp8847mi30scdnn
(၂၃)နှစ်လောက (ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?q16ltol1jhqyckq
(၂၄)ကာမင်း(ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?hk8schhswm14919
(၂၅)မော်ရေးဗီးယား ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?9f8blckobv12l9k
(၂၆)မောင်ထွန်းသူ- ဒေါသမာန်(မောင်ထွန်းသူ)
http://www.mediafire.com/?h6lqwizdwxc6amo
(၂၇)ရဲတိုက် အတွဲ(၁) – (မောင်ထွန်းသူ)
http://www.mediafire.com/?1f0u1d65rt71n4l
(၂၈)ရဲတိုက် အတွဲ(၂) – (မောင်ထွန်းသူ)
http://www.mediafire.com/?13mr2rj4bipmcgs
(၂၉)တော်စတွိုင်းဝတ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?r0crw254sx62we3
(၃၀)ဆိုင်ဂုံ (၁+၂+၃)(မောင်ထွန်းသူ)
http://www.mediafire.com/?iqdbuy7y7ewnnpi
or
https://docs.google.com/…/d/0B9UcDHcVpAz6ZWZ1cl9yRDFTa…/edit
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၁)ဆိုင်ဂုံ (၄+၅+၆)(မောင်ထွန်းသူ)
http://www.mediafire.com/?7275mmq27q6p6ms
or
https://docs.google.com/open?id=0B9UcDHcVpAz6Ny1QTHhPMmpuVHM
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၂)ဆိုင်ဂုံ (၇+၈)(မောင်ထွန်းသူ)
http://www.mediafire.com/?ho2rnp44i2jr4rr
or
https://docs.google.com/…/d/0B9UcDHcVpAz6amdnTjd0Vk1BN…/edit
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၃)ဆင်ကုန်သည်(မောင်ထွန်းသူ)
http://www.mediafire.com/?mm8ghhdkosa8yod
(၃၄)ပီကင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4bcfy33r82nmcbv
(၃၅)ခွင့်လွှတ်ခြင်းသူခိုးနှင့် မိုဆွန်ပါ ၀တ္ထုများ(မောင်ထွန်းသူ)
http://www.mediafire.com/?5jbcjxaqj33dbbb
or
https://docs.google.com/open?id=0B674PBCHce-mMXZTV3hjcmJhd0U
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၃၆)တို့ဘ၀တို့ကမ္ဘာ(မောင်ထွန်းသူ)
http://www.mediafire.com/?39i9wyv6d18h8td
or
https://docs.google.com/…/d/0B674PBCHce-mVnJkYjgyZEJGU…/edit
(၃၇)ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့်(မောင်ထွန်းသူ)
http://www.mediafire.com/?7147v33z16yk3u4
(၃၈)အနန္တမေတ္တာ (Three Loves ) (ပထမပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?0k5nvyuobbgbyxm
(၃၉)အနန္တမေတ္တာ (Three Loves ) (ဒုတိယပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?yea8aadtl1jnqaj
(၄၀)အကျဉ်းစံ(မောင်ထွန်းသူ)
http://www.mediafire.com/?mltfbexn2554naq
(၄၁)အိုဟင်နရီ၏ ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?vjt7sry7u0mnrnu
or
https://docs.google.com/viewer…
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၄၂) စူဇီဝေါင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4g7u3nre34b7bd5
or
https://docs.google.com/…/d/0B674PBCHce-mZm1Oc0FvYkNaN…/edit
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)
(၄၃)ပင်လယ်ပြာနှင့် တံငါအို(မောင်ဆုရှင်-မြန်မာပြန်)
http://www.mediafire.com/?3pog6mpd8u4a2z4
(၄၄)စစ်နှင့် ငြိမ်းချမ်းရေး (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?166nb2cv3u9aluv
(၄၅)ရှိတ်စပီးယားပုံပြင်များ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?5p63nav3q6t167j
(၄၆)ရွှေ (ဘာသာပြန်) (မောင်မြင့်ကြွယ်)
http://www.mediafire.com/?4gw6vb7t1bnnjyw
(၄၇)ဂျာမဏီအတွင်းရေး (ဘခိုင်)
http://www.mediafire.com/?kpnree49jc4zqf6
(၄၉)မောင်ပေါ်ထွန်း - ခေါင်းဆောင်ကောင်း ဆိုသည်မှာ
http://www.mediafire.com/?d7lo2nzaczw5kg3
(၅၀)မောင်ပေါ်ထွန်း- ငါ့ဘ၀ ငါသာသခင် ငါသာဘုရင်
http://www.mediafire.com/?h3x9jxteefx9567
(၅၁)မောင်ပေါ်ထွန်း- ဂန္ဓာရ စမ်းရေအိုင်
http://www.mediafire.com/?dzut3eta1s1o1m1
(၅၂)မောင်ပေါ်ထွန်း - စံပြခေါင်းဆောင်မှု့
http://www.mediafire.com/?jbmbtoc92gw80up
(၅၃)မောင်ပေါ်ထွန်း-စွန့်စားမှ အောင်မြင်မည်
http://www.mediafire.com/?50pt89ltm8fiwqw
(၅၄)နေရစ်လေဦးအကိုရယ် (၀င်းမြင့်အောင်)
http://www.mediafire.com/?0b865ntn11ebk9c
(၅၅)အရိပ်မဲ့လူသတ်သမား (၀င်းမြင့်အောင်)
http://www.mediafire.com/?qvtu7o3jpvjh0o4
(၅၆)မော့ဆက်နှင့်နာဇီသေမင်းတမန် (၀င်းနိုင်ဦး-ရေနံ)
http://www.mediafire.com/?4393aga4kllpzy4
(၅၇) ချေဂွေဗားရား (လင်းယုန်မောင်မောင်)
http://www.mediafire.com/?gt3nyxcdlyfb7f6#
(၅၈)ဟိုချီမင်း(လင်းယုန်မောင်မောင်)
http://www.mediafire.com/?ocy65ee7xecdpz6
(၅၉)ဟစ်တလာရဲ့ သေတမ်းစာ(လင်းယုန်မောင်မောင်)
http://www.mediafire.com/?vviy9icysky0ruf
(၆၀)ကြီးသုံးကြီးကို လုပ်ကြံရန် ဟစ်တလာရဲ့အကြံ(လင်းယုန်မောင်မောင်)
http://www.mediafire.com/?a5t5cns95ezj5ab
or
https://docs.google.com/…/d/0B5MWMa_nIbQOanI5ZnhtX1JHM…/edit
(၆၁)ဂျူးမကလေးအီဗာ(လင်းယုန်မောင်မောင်)
http://www.mediafire.com/?6558m2us3oudiyb
or
http://docs.google.com/fileview…
(၆၁)သပိတ်တိုက်ပွဲ (ဘာသာပြန်လီနင်)
http://www.mediafire.com/?ggqna2igpvcbwol
or
https://docs.google.com/…/d/0B5MWMa_nIbQOQmM1Y2ZZTHVUb…/edit
(GoogleDocumentဒေါင်းလုပ်သည်ဝဘ်ဆိုက်၏ဘယ်ဘက်အစွန်ဆုံးရှိ Fileကိုနှိပ် Download ကို နှိပ်၍ စာအုပ်များကို ဒေါင်းလုပ်ရယူပါ။)
(၆၂)ဆောင်းပါးသုံးဆောင် (ဘာသာပြန်၊လီနင်)
http://www.mediafire.com/?itn571jp2ov2114
or
https://docs.google.com/…/d/0B5MWMa_nIbQOb2MwMTIzNGtUR…/edit
(၆၃)ဘာသာပြန်စာပေ (တက်တိုးအပါအ၀င် ကလောင်စုံစာတမ်းများ)
http://www.mediafire.com/?duldi2rsman5vhn
(၆၄) ဂျူပီတာဖိုက် (မြသန်းတင့်)
http://www.mediafire.com/?7au6amiyo9azbzt
or
https://docs.google.com/viewer…
(၆၅) တိမ်းရှောင်သူ (မြသန်းတင့်)
http://www.mediafire.com/?l84x2hy2mm14gul
or
https://docs.google.com/leaf…
(၆၇) လမင်းကိုထရံပေါက်မှချောင်း ကြည့်ခြင်း (မြသန်းတင့်)
http://www.mediafire.com/?uej3n7k385am8l9
or
https://docs.google.com/viewer…
(၆၈) လာခြင်းကောင်းသောအရှင် (မြသန်းတင့်)
http://www.mediafire.com/?ki6iq6b96bn8kp4
or
https://docs.google.com/leaf…
(၆၉) မှောင်မိုက်မှာငို (မြသန်းတင့်)
http://www.mediafire.com/?mzxkata6f4hb93t
or
https://docs.google.com/viewer…
(၇၀) ရေပွက်ပမာ (မြသန်းတင့်)
http://www.mediafire.com/?g18tmicuxkdi21b
or
https://docs.google.com/leaf…
(၇၁) နှစ်တစ်ရာကမ္ဘာ့စုံထောက်ဝတ္ထုတိုများ (မြသန်းတင့်)
https://docs.google.com/viewer…
(၇၂)နွံထဲကကြာ (မြသန်းတင့်)
http://www.mediafire.com/?u3ijb6qtkjco6t6
(၇၃)အမှောင်ရိပ်ဝယ် (မြသန်းတင့်)
http://www.mediafire.com/?skz215hm2plirh8
(၇၄)လေရူးသုန်သုန် (ပထမပိုင်း) (မြသန်းတင့်)
http://www.mediafire.com/?s5rt49djup2wc24
or
https://docs.google.com/viewer…
(၇၅)လေရူးသုန်သုန် (ဇာတ်သိမ်းပိုင်း) (မြသန်းတင့်)
http://www.mediafire.com/?gf3k5q5jce5guj9
or
https://docs.google.com/viewer…
(၇၆)မှော်ရုံတောမှာ မောလှပြီ (မြသန်းတင့်)
http://www.mediafire.com/?5dpqg9m6564z08m
(၇၇)ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ (မြသန်းတင့်)
http://www.mediafire.com/?n9cu0y4sme7guna
(၇၈)မာယာဘုံ (မြသန်းတင့်)
http://www.mediafire.com/?ns4ttz7tygmvrto
(၇၉)နှစ်တစ်ရာစုံထောက်ဝတ္ထုတိုများ (၂) (မြသန်းတင့်)
http://www.mediafire.com/?9ba5rtw6rk5f6b5
(၈၀)နှစ်တစ်ရာစုံထောက်ဝတ္ထုတိုများ (၃) (မြသန်းတင့်)
http://www.mediafire.com/?dzc593rz9g2cep9
or
https://docs.google.com/…/0B_tDQldqWQvgNTYyZTU4MGMtYT…/edit…
(၈၁)ပီကာဆို၏ပဉ္စလက်မီးအိမ် (မြသန်းတင့်)
http://www.mediafire.com/?a23pbijsu439vxc
(၈၂)သြဂုတ်တစ္ဆေနှင့်အခြားဝတ္ထုတိုများ (မြသန်းတင့်)
http://www.mediafire.com/?t1dwter686kncqc
(၈၃)ရွှေပြည်တော်မျှော်တိုင်းဝေး (ပထမပိုင်း) (မြသန်းတင့်)
http://www.mediafire.com/?61a71v9n6f2y3x6
(၈၄)ရွှေပြည်တော်မျှော်တိုင်းဝေး (ဒုတိယပိုင်း) (မြသန်းတင့်)
http://www.mediafire.com/?vnj9dr2docvrlr1
(၈၅)တဂိုးဝတ္ထုတိုများ (မြသန်းတင့်)
http://www.mediafire.com/?eqo81eztdq7ddl8
(၈၆) မေ၀ါ၏ကလဲ့စား (ဒဂုန်ရွှေမျှား)
http://www.mediafire.com/?w8a2vrzm2coo67r
or
https://docs.google.com/viewer…
(၈၇) သုံးဖေါ်ညီနောင်(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?94thd1dl20ldk5q
or
https://docs.google.com/viewer…
(၈၈) ရုပ်တုကျိန်စာ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?749o9rh9ecpf7s5
or
https://docs.google.com/viewer…
(၈၉) ဘ၀မုန်တိုင်း နှင်းမုန်တိုင်း(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?8tf3iui66u6dth1
or
https://docs.google.com/viewer…
(၉၀) ချစ်သွေးဧကရီ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?mik9b2rq47srbm9
or
https://docs.google.com/viewer…
(၉၁) ပုလဲဒေ၀ီ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?mnv19ola0i8646a
or
https://docs.google.com/viewer…
(၉၂) ကမ္ဘာမြေအောက်ခရီး(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?q3nlid6xhy1afnb
or
https://docs.google.com/viewer…
(၉၃) ရော်ဘင်ဆင်ကရူးဆိုး(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?a8gx5a5yjplpje5
or
https://docs.google.com/viewer…
(၉၄) အီဂျစ်ဘုရင်မာယာရှင်(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?p2nn7l3yu8n913y
or
https://docs.google.com/viewer…
(၉၅) လူသစ်ပင်(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?44nsgwmdtsd4zib
or
https://docs.google.com/viewer…
(၉၆) ငယ်ကချစ်အနှစ်တစ်ရာ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?setmrk553sle7zf
or
https://docs.google.com/viewer…
(၉၇) ကျွန်မင်းသား(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?jbvh2b0dc6vfs28
or
https://docs.google.com/viewer…
(၉၈) ကမ္ဘာကိုကိုင်လှုပ်သူ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?r3d1duw94xbqz8b
or
https://docs.google.com/viewer…
(၉၉) ကမ္ဗလာနီအောက်ဝယ်(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?qvbvpqv926etaqa
or
https://docs.google.com/viewer…
(၁၀၀) စက်ဦးနှောက်နှင့်ဆန်းဆန်းကြယ်ကြယ်ဝတ္ထုတိုများ(ဒဂုန်ရွှေမျှား)
http://www.mediafire.com/?e9w34lc9pjxlfeg
or
https://docs.google.com/viewer…
(၁၀၁)မဟာဘီလူး(အထောက်တော်လှအောင်)
http://www.mediafire.com/view/?1afv4i42croarwm
(၁၀၂)နာဇီပဋိညာဉ်ခံ(အထောက်တော်လှအောင်)
http://www.mediafire.com/?gb2270czdsyd3dm
(၁၀၃)ထန်းသီးကြွေခိုက် ကျီးနင်းလိုက်(အထောက်တော်လှအောင်)
http://www.mediafire.com/?6a6o68diy9c6qkm
(၁၀၄)ထီးနှင့်အခြားဝတ္ထုတိုများ(အထောက်တော်လှအောင်)
http://www.mediafire.com/?w1s7wtktx2zocwz
(၁၀၅)မက်ဟောတန်၏ မြန်မာတောတွင်းမှာ ရက် ၁၀၀(အထောက်တော်လှအောင်)
http://www.mediafire.com/?5xl1qpeu6zdjoaq
(၁၀၆)စူဇီဝေါင်း(အထောက်တော်လှအောင်)
http://www.mediafire.com/?65c6376184ecny3
(၁၀၇)ဇာမဏီမ (အထောက်တော်လှအောင်)
http://www.mediafire.com/?imoz7gr9mih53g7
(၁၀၈)ဘဂ္ဂဒက်မြို့မှ သူခိုးအာမက် (သခင်ဘသောင်း)
http://www.mediafire.com/?t0c1ewa8leq8tmc
(၁၀၉)နှလုံးမည်းနှင့်နှလုံးဖြူ (အောင်ခန့်)
http://www.mediafire.com/?c7w37qc54o04423
(၁၁၀)လက်သုံးတော်ဓား (အောင်ခန့်)
http://www.mediafire.com/?93cz38334nd07r3
(၁၁၁)အနာဂတ်မျက်လုံးရှင် (အောင်ခန့်)
http://www.mediafire.com/?fed261pe7ukk1ox
(၁၁၂)ကာလီဒေ၀ီ (အောင်ခန့်)
http://www.mediafire.com/?4s7ev934vitfje7
(၁၁၃)နေဘုရားသားတော် (အောင်ခန့်)
http://www.mediafire.com/?9a86qyv39aqca0m
(၁၁၄)ရတနာရွှေမြေ (ဦးလှဒင်)
http://www.mediafire.com/?kncnu9u1ec7hib9
or
https://docs.google.com/open?id=0B86Vf6QPGqx_WXVEcFRPTDFwZms
(၁၁၅)ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် - နတ်နွယ်
http://www.mediafire.com/?1d8peb655ttovud
(၁၁၆) ရောမမြို့က မိန်းမပျက် (နတ်နွယ်)
http://www.mediafire.com/?3acajcz3pxxq2xi
(၁၁၇)မိုရေဗီးယား၏အတိုင်းအတာများ နှင့် တခြားဝတ္ထုတိုများ (နတ်နွယ်)
http://www.mediafire.com/?khvntzhvy2t
(၁၁၈) ကမ္ဘာ့စာပေ တစ်စေ့တစ်စောင်း (နတ်နွယ်)
http://www.mediafire.com/?2tjhztfdozm
(၁၁၉) ဒက်ဇယ်လာ (နတ်နွယ်)
http://www.mediafire.com/?tuc7ihdjr3z
(၁၂၀)မင်းမှာသစ္စာ လူမှာကတိ (နတ်နွယ်)
http://www.mediafire.com/?penfn83se9g1ool
or
https://docs.google.com/…/0Bwl_hA7bJaAeMWYyMGU3ODQtZD…/edit…
(၁၂၁) ရတနာလိုဏ်ဂူ (နတ်နွယ်)
http://www.mediafire.com/?hbo9vifkq3l1pcc
(၁၂၂) ရေအောက်တစ္ဆေ (နတ်နွယ်)
http://www.mediafire.com/?87obu50o9lwt29d
(၁၂၃)အလည်လာတဲ့ မိန်းကလေးရယ် (နတ်နွယ်)
http://www.mediafire.com/?vfvdgjzeo0c
(၁၂၄)တဖန်ပြန်၍ မနိုးသော ဝေဒနာ (နတ်နွယ်)
http://www.mediafire.com/?euym9ikt8vndz03
(၁၂၅)မိုးရွာပြီးညနေခင်း (နတ်နွယ်)
http://www.mediafire.com/?5gmwm9g01if5q61
(၁၂၆)ဖရန့်(ဇ)ကာ(ဖ)ကာ၏စာ (မြင့်သန်း)
http://www.mediafire.com/?tcaspx3vau4dlql
(၁၂၇)ဆွန်ဇု၏ စစ်ပညာကျမ်း (စံလှိုင်)
http://www.mediafire.com/?vnzacrg8c67sn04
or
https://docs.google.com/…/d/0B5MWMa_nIbQONnZPb2tJQ1plQ…/edit
(၁၈၂) အရှေ့လေနှင့်အနောက်လေ (မနှင်းပွင့်-ဘာသာပြန်)
http://www.mediafire.com/?o7rdqtdr1e7qw4n
or
https://docs.google.com/…/d/0BzpzWcBi8XkoOGJyYm9pWFlWU…/edit
(၁၂၉) ကျော်ကြားသော တရုတ်ပုံပြင်များ(မနှင်းပွင့်-ဘာသာပြန်)
http://www.mediafire.com/?5e24rqmme7l58za
or
https://docs.google.com/…/d/0BzpzWcBi8XkoMWdnZ1N2T19xU…/edit
(၁၃၀) ကျော်ကြားသော တရုတ်ပုံပြင်များ အတွဲ ၂(မနှင်းပွင့်-ဘာသာပြန်)
https://docs.google.com/…/d/0BzpzWcBi8XkoRTRMc0RTTFRLa…/edit

https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html