Saturday, February 27, 2010

ရှေးရိုးစွဲရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

အပိုင်း-၄
ဘိက္ခုနီအရေးတော်ပုံကျမ်း
နောက်ဆက်တွဲ ဒုတိယတစ်အုပ်အဖြစ် ဆရာတော် အရှင်အာဒိစ္စဝံသက ကရောင်း ၈-ချိုး စာမျက်နှာ ၄၅၀-ကျော်ပါတဲ့ ဘိက္ခုနီအရေးတော်ပုံကျမ်း စာအုပ်ထူကြီးကို ၁၉၃၅-ခုနှစ် အောက်တိုဘာ ၂၅-ရက်နေ့မှာ ရေးသားပြီးစီးခဲ့တယ်။ အရေးတော်ပုံဖြစ်စဉ်အစ သတင်းစာထဲ လှုံ့ဆော်တာတွေကနေစပြီး စည်းရုံးစည်းဝေးကြတာတွေ အလယ်၊ ဂျူဗလီဟော ပကာသနီယကံပြုပွဲကြီး အဆုံး.. ထိုးနှက်တိုက်ခိုက်ခဲ့ကြတာတွေ အားလုံးကို အချိန် နေ့ရက် နေရာအလိုက် မှတ်တမ်းတင်ထားကာ တစ်ချက်ခြင်းစီ ရှင်းလင်း ချေပပြီး ပယ်ပယ်နယ်နယ် ပြန်လည် ထိုးနှက် ရေးသားထားခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသရဲ့ မှတ်တမ်းတင်စွမ်းရည်က အလွန်အားကောင်းသလို စာရေးနိုင်စွမ်းကလည်း လက်ဖျားခါရလောက်အောင် ကောင်းလွန်းလှပါတယ်။
ဒီအရေးတော်ပုံကျမ်း စာအုပ်ထဲမှာ အရှင်အာဒိစ္စဝံသက ရဟန်းရှင်လူတို့ မခံမရပ်နိုင်ဖြစ်ကာ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတဲ့ ဘိက္ခုနီသာသနောပဒေသ စာမျက်နှာ ၂၄၊ ၂၆ ပါ စကားရပ်များရဲ့ ဆိုလိုရင်းများကိုလည်း ထည့်သွင်း ရှင်းပြထားခဲ့ပါတယ်။
“ဘုရားရှင်သည် လောကသူတို့ အကျိုးကို ဆောင်ရန် ဖြစ်ပွင့်ခဲ့သည် ဧကန်မှန်၏။ သို့ပင်ဖြစ်စေကာ သတ္တဝါအားလုံးကို အကျိုးရချည်း မဖြစ်စေနိုင်ခဲ့။ အချို့ကို မိမိညွှန်ပြချက် တရားအတိုင်း မလိုက်နာကြ၊ ကဲ့ရဲ့ရှုတ်ချကြ၊ အဓမ္မစွဲယူကြသဖြင့် အပါယ်လေးပါးတို့ ကျရောက်သည်ကိုပင် လျစ်လျူရှုတော်မူ၏” (စာမျက်နှာ-၂၄)
“ယခုလက်ရှိအယူကိုပင် မှန်လှပြီ ဟု အခိုင်မစွဲနိုင်သေး။ လက်မဲ့ အယူတပါးကိုမူ ဆိုရာပင်မရှိ။ သို့လော-သို့လော တွေးတောယုံမှားရှိ၍ အယူမှန်ဖြစ်ရန် ပိဋက ကြည့်ရှုခြင်း၊ သမထ ဝိပဿနာရှုခြင်းဖြင့် ခိုင်မြဲဖို့ ပြုလုပ်ကုန်၏။ ခရစ္စယာန်စသည် ထိုထိုအယူများကို စုံစမ်းကြည့်ရှုသင်ကြားခဲ့သော်လည်း မိမိယူမြဲ ဗုဒ္ဓအယူကို မဖျက်နိုင်၊ သာ၍ပင် ခိုင်မြဲတည်နေ၏။ သို့ဖြစ်၍ ကျွန်ုပ် အမှန်ဆုံး စွဲယူထားသည့် ဤကျမ်းဆိုင်ရာ ဘာသာဝါဒဆိုင်ရာများ၌ ဝါဒမှန် အယူမှန် ညွှန်ပြနိုင်သူများအတွက် တပည့် အစေခံဖြစ်ရန် ဝန်ခံပါသည်” (စာမျက်နှာ-၂၆)
နောက်ပိုင်းကာလ အချိန်တစ်ခုရောက်တဲ့အခါမှာတော့ အဲဒီပွဲကြီးမှာ ပါဝင် ပတ်သက်ခဲ့ကြတဲ့သူတွေထဲက နောင်တရပြီး လာရောက်တောင်းပန် ဝန်ခံကြတာတွေလည်း ရှိခဲ့တယ်လို့ ဆရာတော်ရဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဖော်ပြထားတယ်။ ပကာသနီယကံပြုပွဲမှာ လူဒကာများဘက်က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးခဲ့ရသူ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အပြင် “အရှင်အာဒိစ္စဝံသနှင့် ပကာသနီယကံ” အကြောင်း လေးချိုး ရေးဖွဲ့ခဲ့သူ အရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်) တို့က သူတို့ရဲ့အမှားကို ဝန်ချတောင်းပန်ခဲ့ကြပါတယ်။ အရှင်တေဇောသာရ (ဒဂုန်ဦးထွန်းမြင့်)ရဲ့ လေးချိုးဆိုရင် မြန်မာ့အလင်း နေ့စဉ်သတင်းစာထဲမှာ ဖော်ပြပါရှိခဲ့တဲ့အပြင် ဂျူဗလီဟောက ကံပြုပွဲမှာလည်း ဖြန့်ဝေသလို မြန်မာတစ်ပြည်လုံးကိုလည်း ပလူပျံအောင် ဖြန့်ဝေခဲ့တဲ့ လေးချိုးတစ်ပုဒ် ဖြစ်ခဲ့တယ်လို့ ဆရာကြီးပါရဂူ ရေးတဲ့ မန္တလေးဆောင်းပါးမှာ ထည့်သွင်းဖော်ပြထားပါတယ််။
ဘိက္ခုနီဖိုးဘီးယားလေလော
ဘိက္ခုနီသာသနောပဒေသနဲ့ ဘိက္ခုနီအရေးတော်ပုံကျမ်း စာအုပ် ၂-အုပ်စလုံးဟာ ဒီနေ့အချိန်ထိ ခေတ်အဆက်ဆက် အပိတ်ခံထားခဲ့ရတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်သတ် အဓမ္မ စီရင်ချက် ချခံခဲ့ရတဲ့ ဒီအကျည်းတန် အဖြစ်အပျက်ကြီး မြန်မာ့ဗုဒ္ဓဘာသာသမိုင်းကနေ အဖျောက်မခံရစေဖို့ မျိုးဆက်တစ်ခုကနေတစ်ခု ဒီကနေ့အချိန်ထိ လက်ဆင့်ကမ်း မှတ်တမ်းပြုခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီနေ့ခေတ် အနောက်တိုင်းဆရာတွေ ပြောပြောနေကြတဲ့ မြန်မာသံဃာအများစုရဲ့ ဘိက္ခုနီဖိုးဘီးယား (Bhikkhuniphobia) ဟာ အဲ့ဒီအချိန်ကာလကတည်းက စနေခဲ့ပြီဆိုတာကိုလည်း သတိပြုလိုက်မိပါတယ်။
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ငြင်းပယ်ခြင်း
စာအုပ်ကျမ်းများစွာ ရေးသားပြုစုခဲ့တဲ့ အရှင်အာဒိစ္စဝံသကို မိလိန္ဒပဉှာပါဠိတော် နိဿယကျမ်း ရေးပြီးချိန် ၁၉၁၅ ရဟန်း ၁၄-ဝါ ရချိန်မှာတစ်ခါ၊ ၁၉၃၁ ရဟန်းဝါ ၃၀ ရချိန်မှာတစ်ခါ အဂ္ဂမဟာပဏ္ဍိဘွဲ့ ဆက်ကပ်ရန် ခွင့်ပန်ခဲ့ကြပေမယ့် ဆရာတော်က ငြင်းပယ်ခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသဟာ အများအကြိုက် ခေတ်အကြိုက်မလိုက်ခဲ့ဘဲ သူ့လမ်း သူဖောက်ကာ သူလျှောက်ချင်တဲ့ပုံစံအတိုင်း လျှောက်ခဲ့တယ်လို့ ယူဆပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း မျောမလိုက်ဘဲ ခေတ်ကို ပိုကောင်းအောင် ကြိုးစားခဲ့တဲ့ တော်လှန်ရေးသမားကြီးအဖြစ်လည်း မြင်ခဲ့ရတယ်။ အသက်အန္တရာယ်ပြုဖို့ ကြိုးစားကြသူတွေသာမက ရဟန်းဘဝကို သတ်ကြမယ့်သူတွေနဲ့ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပေမယ့် ဆရာတော်ဟာ သူ့ရဲ့ရပ်တည်ချက်၊ ခံယူချက်တွေကို မစွန့်လွှတ်ခဲ့ပါဘူး။ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှာ ပုံမှန်အတိုင်း စာသင် စာချရင်း ကျမ်းစာအုပ်များကို ဆက်လက်ရေးသားခဲ့ပါတယ်။
ဦးအောင်မြတ်ထွတ်ဘဝ ခံယူခြင်း
ဒုတိယကမ္ဘာစစ်မီး ရန်ကုန်မြို့ကို ကူးစက်လာပြီးနောက်ပိုင်း စစ်ရဲ့ဒဏ်ကို ခံနေရချိန်မှာတောင်မှ တက်တက်ကြွကြွနဲ့ သာသနာရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့တဲ့ ဆရာတော်ဟာ သူယုံကြည်ရတဲ့ တပည့်ရင်းကြီးတစ်ပါးက သူ့လုပ်ဆောင်ချက်တွေကို ကဖျက်ယဖျက် လုပ်လာတာ ကြုံတွေ့ရတဲ့အခါမှာ တော်တော်လေး အံ့ဩစိတ်ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ့နောက်ပိုင်း ရဟန်းလောက ရဟန်းဘဝအပေါ် ယုံကြည်မှုသဒ္ဓါတရား လျှော့ကျသွားတယ်လို့ ယူဆရပါတယ်။ ဒီလို စိတ်ပျက်အားလျှော့သွားချိန်၊ ဇရာရဲ့ဖိစီးမှုတွေ စပြီး ခံလာရချိန်၊ ဂျပန်ခေတ်ပျက်ကာလ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ ဒီလိုအကြောင်းပေါင်း စုံသွားချိန်မှာတော့ သက်တော် ၆၀-အရွယ် ၁၉၄၂-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့မှာပဲ ရဟန်းဘဝဇာတ်သိမ်းပြီး လူဝတ်လဲကာ ဦးအောင်မြတ်ထွတ် အဖြစ်ကို ခံယူလိုက်ပါတယ်။ အဲဒီဂျပန်ခေတ်ကာလ ရဟန်းဘဝစွန့်ပြီး ဦးအောင်မြတ်ထွတ်ဘဝ ရောက်လာချိန်ကနေစပြီး အသက် ၇၀ အရွယ် ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးက အသင်း၏ နာယကအဖြစ် ဆရာကြီးအား တင်မြှောက်ခဲ့ပါတယ်။
ရဟန်းဘဝစွန့်ပြီးနောက်မှာတော့ ဆရာကြီးကို လုပ်ကျွေး ပြုစု စောင့်ရှောက်လိုတဲ့ ဒေါ်ငွေတင့်နဲ့ အိမ်ထောင်ပြုကာ ကျောက်မြောင်းရပ်ကွက်က ဒေါ်ငွေတင့်ရဲ့အိမ်မှာ နေထိုင်ရင်း စာပေပို့ချခြင်းနဲ့ ကျမ်းစာရေးသားခြင်းတို့ကိုသာ ကွယ်လွန်ချိန်အထိ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ရဟန်းတော်များနဲ့ လူပုဂ္ဂိုလ်များကို နေအိမ်ကနေပြီး အရင်တုန်းကအတိုင်း နိကာယ်များ ပို့ချမြဲ ပို့ချပေးခဲ့ပါတယ်။
ကြီးကျယ်သော စျာပနအခမ်းအနား
ရဟန်းဘဝစွန့်ပြီး ၉-နှစ်အကြာ ၁၉၅၁-ခုနှစ် ဩဂုတ်လ ၂၁-ရက်နေ့မှာ ရန်ကုန် ကျောက်မြောင်းရပ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှာ ကျင်းပတဲ့ ဆရာကြီးရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ကြတဲ့ သံဃာတော်ပေါင်း ၃၀၀၀-ကျော်ရှိပြီး လူပုဂ္ဂိုလ် ပရိသတ် ၂၀၀၀-ကျော်ရှိကြောင်း အဲဒီအချိန်က သတင်းစာတွေမှာ ဖော်ပြကြပါတယ်။ တာမွေသုသာန်မှာ မီးသင်္ဂြိုဟ်နေတဲ့ အချိန်ထိအောင် ပရိသတ်အုပ်ကြီးဟာ ကျောက်မြောင်းဈေးရှေ့မှာ မကုန်နိုင်သေးဘဲ မုတ်သုံရာသီ မိုးထဲလေထဲကနေ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တပည့်တွေပြောတဲ့ သူ့အကြောင်း
သာသနာတော်ကို ထိပါးစော်ကားသူအဖြစ် အရှင်အာဒိစ္စဝံသကို စွပ်စွဲပုံဖျက်ခဲ့ကြတဲ့ ဝါဒမှိုင်းက တစ်ပြည်လုံးကို ပျံ့နှံ့ခဲ့တယ်။ ရဟန်းရှင်လူအများရဲ့ အထင်အမြင်မှားခြင်းကိုလည်း ခံခဲ့ရတယ်။ ဒီလို တိုင်းပြည်က ဆရာကြီးအကြောင်း အမှန်အတိုင်း မသိရှိကြခြင်းအပေါ် တပည့်တွေဘက်ကတော့ မချိတင်ကဲဖြစ်ခဲ့ရတယ်လို့ ဆိုကြတယ်။
“ဆရာကြီးကို အဝေးနေ လူရှင်ရဟန်းအများစုက ကြမ်းကြုတ်သည်ဟု ထင်မှားနေကြ၏။ အနီးနေကျွန်တော်တို့တွေ၊ မိတ်ဆွေတွေ၊ လူဝတ်ကြောင်တပည့်တွေက ဆရာကြီးသည် အလွန်နူးညံ့သော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သဘောထား အကွဲအပြားမရှိ ယုံကြည်ကြပါသည်။ တစ်ခုတော့ ရှိသည်။ ဆရာကြီးသည် “ထန်းပင်ပေါ်ကသူ” သို့မဟုတ် “ရွှေအိမ်ဘုံမြင့်၊ခုနစ်ဆင့်” နေလူများနှင့်ဆုံရာတွင် မျက်နှာလို မျက်နှာရမလုပ်၊ အအုပ်အမိုး အစိုးတရ ခြယ်လှယ်မှုကို မခံတတ်၊ ကြွပ်ဆတ်လှသည်။”
“ဆရာကြီးကား နေပူသည်ကိုလည်း မမှု၊ မိုးရွာသည်ကိုလည်း မမှု၊ ထီးကိုလည်း ဆောင်းလေ့မရှိ။ ဖိနပ်လည်း စီးချင်မှ စီးသည်။ နေပူလျှင် နေက အသရေပေးနေသည်ဟု ဆိုသည်။ မိုးပက်လျှင် မိုးက အအေးဓာတ်ပေးနေသည်ဟု ဆရာကြီး ပြောလေ့ရှိ၏။” ဆိုပြီး တပည့်ရင်းဖြစ်သူ အရှင်ဉာဏိဿရက “ဆန်းထွန်း (မန်းတက္ကသိုလ်) သူ့ဘဝသူ့အကြောင်း တစေ့တစောင်း” စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။
ပြဿနာမှသည် ဘဝမှတ်တိုင်သို့
အရှင်အာဒိစ္စဝံသအကြောင်း လေ့လာဖတ်ရှုပြီးတဲ့အခါမှာ သဘောကျရတဲ့အချက်တစ်ခုက ဆရာတော်ဟာ သူ့ဘဝမှာ ကြုံတွေ့ခဲ့တဲ့ ပြဿနာကြီးတွေ အားလုံးကို စာအုပ်အဖြစ် ဖန်တီးနိုင်ခဲ့တာပါပဲ။ တချို့လူတွေဟာ ပြဿနာအကြီးကြီးတွေ ဖြစ်တဲ့အခါ အဲ့ဒီပြဿနာကြီးထဲမှာ လုံးထွေးသွားတတ်ကြတယ်၊ နစ်မြုပ်သွားတတ်ကြတယ်။ တချို့ကျတော့ ကိုယ့်ရဲ့ပြဿနာတွေအပေါ်မှာ ရှက်ကြတယ်။ ဖုံးကွယ်ထားချင်ကြတယ်။
အရှင်အာဒိစ္စဝံသကတော့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး။ သူကြုံခဲ့ရတဲ့ ပြဿနာတွေကို ကကြီး ကနေ အ အထိ သေချာမှတ်တမ်းတင်တယ်၊ ပြန်သုံးသပ်တယ်၊ တစ်ချက်ချင်းစီ ဖြေရှင်းရေးသားတယ်။ ပြီးတော့ တစ်လုံးမကျန် အားလုံးကို လူသိရှင်ကြား ထုတ်ဝေဖြန့်ချီတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတင်မကဘူး စိတ်လုံခြုံမှု တော်တော်အားကြီးတဲ့သူလို့ မြင်မိတယ်။ ကျောင်းဒကာ ဆာဘိုးသာနဲ့ ဖြစ်ခဲ့တဲ့ပြဿနာ ဆိုရင်လည်း “ပထမကျော်အရေးတော်ပုံ” ဆိုပြီး ဖြစ်စဉ်အစအဆုံးကို စာအုပ်တစ်အုပ် ရေးပြီး ထုတ်ဝေ ဖြန့်ချီလိုက်တယ်။ ဘုရားဖြူဆရာတော်နဲ့ အင်္ဂလိပ်စာသင်တဲ့ကိစ္စ ပြဿနာတွေ ဖြစ်ကြတော့ “ဘာသန္တရလမ်းညွှန်” စာအုပ် ပေါ်လာပြန်ပါတယ်။ ပကာသနီယကံပြုပွဲလို ဧရာမပြဿနာကြီဲးတွေ ဖြစ်တော့ စာအုပ်အထူကြီးကိုပါ ရေးထုတ်လာတယ်။
ပြဿနာကြီးတွေဖြစ်ရင် တချို့တွေက စိတ်ညစ် စိတ်ရှုပ်နေတတ်ကြတယ်၊ စိတ်ဓာတ်ကျနေတတ်ကြတယ်။ အရှင်အာဒိစ္စကတော့ အဲ့ဒီလိုမဟုတ်ခဲ့ဘူး၊ ပြဿနာဖြစ်စဉ်တွေကို အသေအချာ မှတ်တမ်းပြုနေပြီး ရက်ပိုင်းအတွင်းမှာကို ဘိက္ခုနီအရေးတော်ပုံကျမ်းလို စာအုပ်အထူကြီး ထွက်လာအောင် စာတွေ တောက်လျှောက်ရေးနိုင်ခဲ့တယ်။ ပြဿနာတွေအပေါ် ကိုင်တွယ်သွားပုံက တကယ့်ကို အတုယူစရာကောင်းတယ်။ အဲဒီတော့ သူ့အတွက် အဲ့ဒီပြဿနာတွေက ပြဿနာအနေနဲ့ပဲ ဖြစ်သွားတာမဟုတ်ပဲ မှတ်တိုင်တွေပါဖြစ်သွားတယ်။ သူ့ဘဝရဲ့ မှတ်တိုင်တွေ သူကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တွေအနေနဲ့ သမိုင်းမှတ်တမ်းမှာ ကျန်ရစ်သွားတယ်။ နောင်မျိုးဆက်တွေအထိ သူ့ပြဿနာတွေကို လေ့လာလို့ရသွားတယ်။ ဆရာတော်ဟာ တော်တော်ဉာဏ်ကောင်းခဲ့တာပဲလို့ တွေးမိတယ်။
နောက်တစ်ချက်က အင်မတန် စိတ်ပြတ်သားတဲ့သူအဖြစ် မြင်ရတယ်။ မိဘတွေ ဆုံးပါးသွားတော့ တစ်ဦးတည်းသောသားဖြစ်တဲ့ အရှင်အာဒိစ္စဟာ ရရှိခဲ့တဲ့ အမွေပစ္စည်းအားလုံးကို စွန့်ကျဲပေးကမ်းပြီး ပိုင်ဆိုင်မှုဆိုတာတွေကို တစ်ခါတည်း ကျောခိုင်းခဲ့တယ်။ ကျောင်းတိုက်တည်ထောင်ပြီး အင်မတန် အောင်မြင်နေတဲ့အချိန်မှာ ဘာသာစကားတွေ လေ့လာသင်ယူချင်စိတ်ပေါ်လာတော့ တစ်ခါတည်း မြန်မာပြည်ကို ကျောခိုင်းထွက်သွားတာ ၁၀-နှစ်ကြာတယ်။ နောက်ဆုံး အသက် ၆၀-ကျော်အရွယ် ရဟန်းလောကနဲ့ ရဟန်းဘဝကို ယုံကြည်မှု သဒ္ဓါတရားလျော့ကျသွားလို့ လူထွက်တော့လည်း အားလုံးကို စွန့်ပြီး ကျောင်းတိုက်ကို ကျောခိုင်းထွက်သွားတာ နောက်ဆုံးအချိန်ထိ တစ်ခါကလေးမှ ပြန်လှည့်မကြည့်ခဲ့ဘူး။ သူ့ဘဝမှာ သူလုပ်ချင်တာတွေကို စိတ်ရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား လုပ်ခဲ့တဲ့သူတစ်ယောက်လို့ မြင်ရတယ်။
ဆန္ဒစောလွန်းခဲ့သူလား
“ဆရာတော်ဟာ ခေတ်ရှေ့ပြေးပြီး ခေတ်ကို ပြင်ရာမှာ အပြင်ကြမ်း ဆန္ဒစောလွန်းသွားလို့ ခေတ်ဒဏ်ကို ခံခဲ့ရတယ်ထင်ပါတယ်” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတစ်ခုမှာ ရေးထားတဲ့ ရဟန်းတော်တစ်ပါးရဲ့ မှတ်ချက်ကို ဖတ်လိုက်ရတော့ နည်းနည်းစဉ်းစားချင်စရာ ဖြစ်လာပါတယ်။ “ခေတ်ရှေ့ပြေးပြီး ဆန္ဒစောလွန်းသွားတယ်” ဆိုတော့ တကယ်လို့များ ဆရာတော်သာ နှစ်တစ်ရာ နောက်ကျပြီးမှ ၁၈၈၂-ခုနှစ်မှာမဟုတ်ပဲ ၁၉၈၂-ခုနှစ်မှာ မွေးလာပြီး ဒီဘက်ခေတ်ကျမှ အဲဒီ “ဘိက္ခုနီသာသနောပဒေသကျမ်း”ကို ရေးမယ်ဆိုရင်ရော ရနိုင်မယ်လို့ ထင်ပါသလား။ အဲဒီတုန်းက ဗြိတိသျှကိုလိုနီခေတ် ဖြစ်နေလို့သာ အဲဒီရဟန်းရှင်လူအုပ်စုကြီးရဲ့ ပကာသနီယကံဆောင်တာကိုပဲ ရင်ဆိုင်လိုက်ရတာပါ။ ဒီဘက်ခေတ်လို စစ်အာဏာရှင်တွေ အုပ်ချုပ်တဲ့ခေတ်မှာ ဆိုရင်ရော ဘယ်လိုတွေများ ရင်ဆိုင်ရမယ်လို့ ထင်ကြပါသလဲ။ အဲဒီတုန်းက မရေးဖြစ်ဘဲ အခုခေတ်ကျမှသာ ရေးမယ်ဆိုရင် စာအုပ်အဖြစ်တောင် ထွက်လာဖို့ ရှိနိုင်ပါ့မလား။ တကယ်တော့ ဆရာတော် အဲဒီတုန်းက ရေးဖြစ်ခဲ့တာ တော်သေးတယ်လို့ ဆိုရမလိုပါပဲ။ ဒီအဖြစ်အပျက်ကနေ နောက်ခံခေတ် ၂-ခုရဲ့ နိုင်ငံရေးအခြေအနေတွေပါ မြင်လိုက်ရတယ်။
ဒီကိစ္စက ခေတ်ရှေ့ပြေးတာ၊ ဆန္ဒစောတာ၊ အပြင်ကြမ်းတာနဲ့ မဆိုင်ဘူးလို့ ထင်တယ်။ ဘုရားရှင်လည်း ခေတ်ကို ပြင်ခဲ့တာပဲ။ အပြင်လည်း ကြမ်းခဲ့တာပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်တုန်းက လုပ်ခဲ့တာ။ အိမ်တွင်းပုန်း အမျိုးသမီးတွေဘဝ၊ ရိုးရာဓလေ့ထုံးစံတွေ အားကောင်းခဲ့တဲ့ အဲဒီခေတ်ကြီးမှာတောင်မှ အဲဒီလူမှုအဖွဲ့အစည်းနဲ့ လိုက်လျောညီထွေပြုရင်း ခေတ်ပြောင်းတော်လှန်ရေးတွေ လုပ်ခဲ့တာပါပဲ။ မြတ်စွာဘုရားရှင်လို၊ အရှင်အာနန္ဒာတို့လို မေတ္တာကြီးတဲ့သူတွေ ဦးဆောင်နေတဲ့အချိန်၊ စေတနာကြီးတဲ့သူတွေ လုပ်ပိုင်ခွင့်ရနေတဲ့ကာလ၊ ကိုယ်ချင်းစာစိတ်ကြီးတဲ့သူတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ရှိနေတာကြောင့် အဲဒီတုန်းက ခေတ်ကို ပြင်လို့ ရခဲ့ကြတယ်။
နိဂုံး
မြန်မာပြည်ရဲ့သာသနာမှာ အရှင်အာဒိစ္စဝံသ ပြုပြင်ချင်ခဲ့တဲ့ ထင်ရှားတဲ့ အချက် ၅-ခုကိုပဲ ပြန်ကြည့်ကြရအောင်။ ပြုပြင်ချင်ခဲ့တဲ့ အချက် ၅-ခုမှာ ၄-ခုကို ပြုပြင်နိုင်ခဲ့တယ်။ အရှင်အာဒိစ္စဝံသ အဲဒီကြွေးကြော်သံတွေ စခဲ့တဲ့ အချိန်ကနေ ဒီနေ့ခေတ်အချိန်ထိ နှစ်ပေါင်း ၁၀၀-ဝန်းကျင် ကာလကို ပြန်လှည့်ကြည့်ကြမယ်ဆိုရင် မြန်မာပြည်ရဲ့သာသနာနဲ့ သံဃာ့လောကမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။
ရဟန်းတော်တွေဟာ ခေတ်ကို ပြင်တဲ့အခါမှာ သူတို့ပြင်ချင်တာကိုပဲ ပြင်ပြီး သူတို့ မပြင်ချင်တာတွေကို မပြင်ခဲ့ပါဘူး။ သူတို့ ဖျက်ပစ်ချင်တဲ့ အစဉ်အလာတွေကို ရဲရဲကြီး ဖျက်ပစ်ခဲ့ကြပြီး သူတို့ ထိန်းသိမ်းချင်တာတွေကိုတော့ မြဲမြဲကြီး ထိန်းထားခဲ့ကြတယ်။
အင်္ဂလိပ်စာလို ဘာသာစကားသင်တာကို အစဉ်အလာတစ်ခုအဖြစ် ခေတ်က လက်ခံလာအောင် ပြင်ဆင်ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါပေမယ့် အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အစဉ်အလာတွေ၊ ဓလေ့ထုံးစံတွေကျတော့ “ဒါက ပြင်လို့ မရဘူး၊ ဒါက ထိန်းသိမ်းရမယ့်အရာတွေ” လို့ ပြောကြပြန်ပါတယ်။ ဥပမာ အမျိုးသမီးမတက်ရ၊ အမျိုးသမီးမဝင်ရ စတဲ့ ဆိုင်းဘုတ်ရှိတဲ့ နေရာမျိုးတွေလိုပေါ့။ ဘိက္ခုနီ ရဟန်းမသာသနာလိုမျိုး အရင်က ရှိနှင့်ပြီးသား အစဉ်အလာကို ပြန်လည်အသက်သွင်းဖို့ ပြန်လည်ဖော်ထုတ်ဖို့ လုပ်ကြပြန်တော့ ဝိနည်းအရ လုပ်လို့ မရဘူးလို့ ဆိုကြပြန်ပါတယ်။
ဘုရားရှင်က ရဟန်းတွေ ရွှေငွေကို မကိုင်တွယ်ရ၊ ရွှေငွေကို အလှူမခံရ ဆိုတဲ့ ဝိနည်းကို အတိအလင်း တားမြစ်ထားတာကိုကျတော့ ခေတ်ရဲ့လိုအပ်ချက်အရဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲ့ဒီဝိနည်းတွေကို ပြောင်ပြောင်တင်းတင်း တစ်နိုင်ငံလုံးနီးပါး မကျင့်သုံးကြတော့ဘဲ ဒီဘိက္ခုနီကိစ္စကျတော့မှပဲ ဝိနည်းစာအုပ် ပြန်လှန်ပြီးပြောနေတာက တကယ့် ဆင်ခြေကြီးတစ်ခုပဲလို့ မြင်လာတယ်။ ထေရဝါဒနိုင်ငံမို့လို့ ခွင့်မပြုတာလို့ ဆိုပြန်ရင် သီရိလင်္ကာ၊ ထိုင်းတို့ကျတော့ရောလို့ ပြန်မေးရမလိုတောင် ဖြစ်နေပါပြီ။ သီရိလင်္ကာနိုင်ငံဆိုရင် ဘိက္ခုနီ ရဟန်းမသာသနာကို အစိုးရကပါ တရားဝင် အသိအမှတ်ပြုလိုက်ကြပါပြီ။
တကယ်လို့များ အရှင်အာဒိစ္စဝံသ သာ အချိန်ခရီးသွား (Time Traveler) အနေနဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကနေ ဒီနေ့ခေတ်ကို ဘွားခနဲကူးလာပြီး ကြည့်ခွင့်ရခဲ့မယ်ဆိုရင် တော်တော်လေးကို အံ့ဩမှင်သက် ဖြစ်သွားမှာ သေချာတယ်။ သူ့ခေတ်မှာတုန်းက အင်္ဂလိပ်စာသင်လို့ မိစ္ဆာဒိဋ္ဌိ အားပေးဆိုပြီး စွပ်စွဲကြသူတွေ၊ ချောင်းရိုက်ဖို့ စီစဉ်ကြတဲ့သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်မဟုတ်လား။ အဲဒီလိုအခြေအနေကနေ အခုတော့ ဆရာတော်တွေဦးစီးတဲ့ ဘာသန္တရကောလိပ်တွေ မှိုလိုပေါက်နေတာ..၊ ရဟန်းတော်တွေ အင်္ဂလိပ်စာသင်တာ မြန်မာပြည်နဲ့ အသားကျနေတာ…၊ ဒါပေမယ့် သူ့ခေတ်မှာတုန်းက ပြန်လည်ဖော်ထုတ်ဖို့ ကြွေးကြော်ခဲ့တဲ့ ဘိက္ခုနီသာသနာကတော့ မပေါ်လာသေးရုံတင်မက သူ့ခေတ်မှာတုန်းကလို သတင်းစာထဲ အကြိမ်ကြိမ် ရေးသားခွင့်ရဖို့ နေနေသာသာ “ဘိက္ခုနီ”ဆိုတဲ့ စကားလုံးကိုတောင် ဘာမှန်းမသိတော့တဲ့တိုင်းပြည် ဖြစ်သွားပြီဆိုတာကို အရှင်အာဒိစ္စဝံသ တွေ့လိုက်ရရင်… မြင်လိုက်ရရင်… ဘာများ ပြောလေမလဲဆိုတာကို သိချင်နေမိပါတော့တယ်။ (ကေတုမာလာ)


Thursday, December 31, 2009

ရှေးရိုးစွဲတွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

 အပိုင်း-၃

ဆူပူကန့်ကွက်ကြခြင်း
ဘိက္ခုနီသာသနောပဒေသကျမ်း မထွက်ပေါ်မီ ကြော်ငြာစာတွေ ထွက်လာချိန်ကတည်းက ဆန့်ကျင် ကန့်ကွက် ဂယက်ထနေကြသူတွေဟာ စာအုပ်ထွက်လာတဲ့အခါ ဘိက္ခုနီ ရဟန်းမသာသနာ ပြန်လည်ဖော်ထုတ်ရေးအတွက် အရှင်အာဒိစ္စဝံသ ပြဆိုထားတဲ့ အကြောင်းအချက်တွေကို ဓမ္မဝိနယကျကျ မငြင်းနိုင်အောင် ဖြစ်သွားကြတယ်။ အဲဒီလို ပြန်လည်းမငြင်းနိုင်၊ အပြစ်လည်းရှာမရတဲ့အခါ စာမျက်နှာ ၂၄ နဲ့ ၂၆ က စကားရပ်တွေကို အပြစ်ကြီးတစ်ခုဖြစ်အောင် ပုံကြီးချဲ့ကာ ဆူပူကန့်ကွက်လာကြပါတော့တယ်။
“ကျွန်ုပ်တို့ ဘုရားရှင်သော်မျှလည်း ကမ္ဘာသားအာလုံးတို့ကို ကျေကျေနပ်နပ် အကျိုးရချည်းဖြစ်အောင် ဆောင်ရွက်တော် မမူနိုင်။ အချို့သူတို့ကား ကဲ့ရဲ့ရှုတ်ချ အဓမ္မ စွဲယူစေ၍ အပါယ်သို့ လားစေခဲ့ရသည်” (စာမျက်နှာ ၂၄)
“ကျွန်ုပ်တို့ကား ယခုလက်ရှိ ဗုဒ္ဓဘာသာ အယူကိုပင် ဧကန်မှန်လှပြီဟု အခိုင်အမြဲ မစွဲနိုင်သေးကုန်၊ ဟုတ်ချင် ဟုတ်မှာပဲဟု နှစ်လုံး ၂-ခွ သံသယနှင့် အယူမှန်ရရန် ရှာဖွေလျက် ဖြစ်ပါကုန်၏။ ထိုထို့ ကမ္ဘာလောကရှိ ဘာသာဝါဒများကိုလည်း ဤနည်း အတိုင်းပင် ကြည့်ရှုစုံစမ်းခဲ့လျက် လက်ရှိဗုဒ္ဓဘာသာ အယူကို မဖျက်နိုင်သေးသ၍သာ ဤအယူ၌ တည်မြဲနေကြရကုန်သေးသည်။ ထို့ကြောင့် ဤအရာ၌ အယူမှန်ကို ညွှန်ပြနိုင်သူများအား ကျွန်ုပ်တို့က တပည့်ခံရန် နောက်လိုက် အခစားဖြစ်ရန် ပြင်ဆင်ပြီး ဖြစ်ပါကုန်၏” (စာမျက်နှာ ၂၆)
သတင်းစာများ
ဒီစကားရပ်တွေကနေတဆင့် မကျေနပ်မှုတွေ တိုးပွားအောင် လုပ်ဆောင်ခဲ့တဲ့အပိုင်းမှာ သတင်းစာတွေက အဓိကလက်နက်တစ်ခုဖြစ်ခဲ့တယ်။ အဲဒီအချိန်က ထုတ်ဝေနေတဲ့ သတင်းစာတွေဖြစ်ကြတဲ့ မြန်မာ့အလင်း၊ သူရိယ၊ မြန်မာ့နေ့စဉ်နဲ့ မောရိယ ဆိုတဲ့ နေ့စဉ်သတင်းစာတွေထဲမှာ အရှင်အာဒိစ္စဝံသဘက်နဲ့ ကန့်ကွက်သူများဘက် နှစ်ဖက်လုံးက ရေးသားချက်တွေကို ထည့်သွင်းပေးတဲ့ သတင်းစာဆိုလို့ မြန်မာ့နေ့စဉ်သတင်းစာ တစ်စောင်သာရှိခဲ့တယ်။ ကျန်သတင်းစာတွေကတော့ အရှင်အာဒိစ္စဝံသဘက်က‌ ရေးသားချက်တွေကို လုံးဝမထည့်ပေးဘဲ ကန့်ကွက်သူများဘက်က ရေးသားချက်များကိုသာ တစ်ဖက်သတ် ထည့်သွင်းပေးခဲ့ကြတယ်။ ဒီအထဲမှာ မြန်မာ့အလင်းသတင်းစာဟာ အဆိုးဆုံးဖြစ်ပါတယ်။
ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုမိုကြီးထွားလာအောင် လှုံ့ဆော်ခဲ့သူတွေထဲမှာ အဦးဆုံးနဲ့ အထင်ရှားဆုံးကတော့ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ် ဦးစိန်း ဖြစ်တယ်။ ဦးစိန်းဟာ သူပိုင် သူနိုင်တဲ့ သတင်းစာကနေတဆင့် နေ့စဉ်လိုလို ရဟန်းရှင်လူအပေါင်းဆီကို တိုင်တန်း ပန်ကြားတဲ့ ပုံစံအမျိုးမျိုးနဲ့ လှုံ့ဆော်မှုတွေ ပြုလုပ်ကာ ဒီအရေးကိစ္စ ပိုမိုကြီးထွားလာမယ့် လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပါတယ်။
ဦးစိန်းဟာ သူ့နယ်ပယ်ဖြစ်တဲ့ သတင်းစာကို ကောင်းကောင်းအသုံးချပြီး ဝါဒမှိုင်းတိုက် လှုံ့ဆော်ရေးကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့တယ်။ ဒါ့ကြောင့်လည်း ဘာသာရေး လူမှုရေးနယ်ပယ်က ရဟန်းရှင်လူတွေ အမြင်မရှုပ်ထွေးစေဖို့ အရှင်အာဒိစ္စဝံသဘက်က ရှင်းလင်းဖော်ပြချက်တွေကို ဦးစိန်းဆီ ၃-ကြိမ် တိုင်တိုင်ပို့ပေးခဲ့ပါတယ်။ သတင်းစာထဲမှာ ထည့်ပြီး ဖော်ပြပေးဖို့လည်း တောင်းဆိုခဲ့တယ်။ “သို့ရာတွင် အယ်ဒီတာကြီးမှာ အတ္တကြီးစွာ သူ၏ ကလောင်ရေးကိုသာ အမျိုးမျိုးဝင့်၍ ပြနေသော်လည်း အရှင်အာဒိစ္စဝံသ၏ ကလောင်ကိုမူ မှောင်ချ ရိုက်ချိုးလေသည်။ ရှင်းလင်း တင်ပြချက် မှန်သမျှ စိုးစဉ်းငယ် ယောင်၍ပင် မကြားပေါက် မထွက်ပေါ်စေခဲ့ပေ။ အရှင်အာဒိစ္စဝံသ၏ စေတနာ သဘောထား လုပ်ရပ် ရည်သန်ချက်တို့ကို မည်သူ မည်ဝါမျှ သိရှိ လေ့လာခွင့် မရခဲ့ကြပေ။ ထို့ကြောင့် ဦးစိန်း၏ တဖက်သတ် လှုံ့ဆော်ရေးသည်သာ လှုပ်ရှားအသက်ဝင်လျက် ဝိုးဝိုးဝါးဝါး နားယောင်စ ပြုလာကြသည်။” ဆိုပြီး ဒီလို သတင်းစာတွေပေါ်ကနေ ပုံဖျက် ရေးသားခဲ့ကြပုံကို မေမြို့မိုးကြည်က သူ့ရဲ့ မြန်မာစာပေတိုက်ပွဲများ စာအုပ်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
အရှင်အာဒိစ္စကို ချေမှုန်းရေး လူထုအစည်းအဝေးကြီး
သတင်းစာတွေကနေ ဖော်ပြခွင့်မရတဲ့အခါမှာ အရှင်အာဒိစ္စဝံသဟာ သူ့ရဲ့ ဖြေရှင်းလွှာတွေကို တိုက်ရိုက် အလွတ်စာရွက်ပေါ်မှာ ရိုက်ပြီး ဝေငှ ဖြန့်ဖြူးခဲ့ရတယ်။ ဒါပေမယ့် ဦးစိန်းရဲ့ ဝါဒမှိုင်း လှုံ့ဆော်မှုတွေက အတော်လေး ခရီးရောက်နေပြီး ပြဿနာက ပိုမို ကြီးထွားလာရာကနေ အထွဋ်အထိပ်ပိုင်းကို ရောက်လာခဲ့တော့တယ်။ ထိုက်သင့် ထိုက်တန်တဲ့ ပြစ်ဒဏ်ကြီး ခတ်ပြီး နှိပ်ကွပ်ရန် လှုံ့ဆော်တဲ့ ဦးစိန်းရဲ့ အုံကြွရေး အစီအစဉ်ဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။ သူ ခင်းလိုက်တဲ့လမ်းအတိုင်းပဲ သာသနာရေး ဘာသာရေး အဝိုင်းအဝန်း တစ်ခုလုံးဟာ တုန်လှုပ်ချောက်ချားလာပြီး ဆူပူရေးလုပ်ငန်းကြီး စတင်လာပါတော့တယ်။ သတင်းစာပေါ် စာရေး လှုံ့ဆော်တဲ့အဆင့်ကနေ လူစုစည်းဝေးတိုင်ပင်တဲ့အဆင့်ကို ရောက်လာတဲ့အခါ အဂ္ဂမဟာပဏ္ဍိတ ဦးလင်း ဦးဆောင်တဲ့ လူပြန်တော်ဆရာတစ်စုဟာ အရှင်အာဒိစ္စဝံသကို ချေမှုန်းဖို့၊ လူထုအစည်းအဝေးကြီးတစ်ခုကို ဖော်ဆောင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းကြပါတော့တယ်။ ဒီလိုနဲ့ မြန်မာပြည်အရပ်ရပ်က ဘာသာရေးအသင်းအဖွဲ့တွေလည်း ဆန့်ကျင်ကန့်ကွက်ကြတဲ့အထဲ စတင်ပါဝင်လာကြပါတယ်။ ပထမဦးဆုံး ကန့်ကွက်တဲ့အသင်းတွေကတော့ ရန်ကုန်မြို့ သာသနောပကာရအသင်းနဲ့ သာသနဝုဍ္ဎိကအသင်းတို့ ဖြစ်ကြတယ်။
ဒီလိုအခြေအနေမှာ (ကိစ္စသေးသေးလေးကနေ အကျည်းတန် အရုပ်ဆိုးတဲ့ အခြေအနေတွေ မဖြစ်လာအောင်) ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တချို့က ကြားဝင်ဖျန်ဖြေဖို့ ကြိုးစားခဲ့ကြပေမယ့် အရာမရောက်ခဲ့ပါဘူး။
တစ်နိုင်ငံလုံးပြန့်သွားတဲ့ ပြဿနာကြီးတစ်ရပ် ဖြစ်လာအောင် လူတွေ မခံမရပ်နိုင်ဖြစ်ရတဲ့ စာမျက်နှာ ၂၆ ပါ စကားရပ်ရဲ့ ဆိုလိုရင်းကို ဆရာကြီး ဦးအေးမောင် (စာပေဗိမာန်) က ဗုဒ္ဓအမြင် လူသားစွမ်းအင် ဆိုတဲ့ စာအုပ်မှာ ဒီလို ထည့်သွင်းဖော်ပြထားပါတယ်။ ““ကျွန်ုပ်သည် ဗုဒ္ဓဝါဒနှင့် အခြားအယူဝါဒများကို လေ့လာခဲ့ရာ ဗုဒ္ဓဝါဒလောက် ကျွန်ုပ်အား နှစ်သိမ့်ကျေနပ်စေသော ဝါဒကို မတွေ့ရသေးပါ။ ဗုဒ္ဓဝါဒထက်ပို၍ ကျွန်ုပ်အား ကျေနပ်မှုပေးနိုင်သော ဘာသာဝါဒကို တွေ့ရပါက ဗုဒ္ဓဝါဒကို စွန့်လွှတ်ရန် အသင့်ရှိပါသည်” ဟူသော စကားဖြစ်၏။ အမှန်မှာ ဤစကားသည် ဗုဒ္ဓဝါဒကို ချီးကျူးသော စကားဖြစ်၏။ သူသည် မိဘများက ဗုဒ္ဓဝါဒီဖြစ်သောကြောင့် ဗုဒ္ဓဝါဒကို လက်ခံခြင်းမဟုတ်၊ ဗုဒ္ဓဝါဒကို ဝေဖန်စစ်ဆေး၍ အထူးနှစ်သက်သောကြောင့် လက်ခံခြင်းဖြစ်သည်ဟု ဆိုလို၏။ သို့ရာတွင် လူများသည် ဤသို့ နားမလည်ကြဘဲ သူ၏စကားမှာ ဗုဒ္ဓဘာသာကို စော်ကားသော စကားဖြစ်သည်ဟု ထင်မှတ်ကြလေသည်။”
ဒီနေရာမှာ စဉ်းစားမိတာတစ်ခုက ဗားကရာ၊ သာဓု၊ ဘုရားဖြူ ဆရာတော် အပါအဝင် ဆရာတော်တွေ၊ ဆရာကြီး ဦးလင်းတို့ လူပြန်တော်အုပ်စု၊ မြန်မာ့အလင်းဦးစိန်း၊ ဒီးဒုတ်ဦးဘချို စတဲ့ မျိုးချစ်နိုင်ငံရေးသမားတွေ.. ဒီလူတွေဟာ စာမျက်နှာ ၂၄ နဲ့ ၂၆ ပါ စကားရပ်ကို နားမလည်နိုင်လောက်အောင် ညံ့ကြတဲ့သူတွေ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ အဲဒီစကားရပ်တွေက ရိုးရိုးလေးပါ၊ ဘုရားရှင်ရဲ့ ဝိဘဇ္ဇဝါဒ သဘောတွေ ထုံမွှမ်းနေတဲ့ ဒီစကားရပ်ကို အနက်မပြန်နိုင်လောက်တဲ့သူတွေလည်း မဟုတ်လောက်ပါဘူး။ အရှင်အာဒိစ္စဝံသကို ပျက်စီးချေမှုန်းချင်လို့သာ ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်သွားကြတယ် ဆိုတာကို အဲဒီအချိန်ကတည်းက ကာယကံရှင်ဖြစ်တဲ့ အရှင်အာဒိစ္စဝံသ အပါအဝင် ဆရာတော် သံဃာတော် တချို့ကလည်း သဘောပေါက်ထားကြပါတယ်။
“အင်္ဂလိပ်စာ စတဲ့ ဘာသာစကား သင်ကြားရေး” ဘာသန္တရအရေးတော်ပုံတုန်းကတောင် ဘုရားဖြူ ဆရာတော် ဦးရာဇိန္ဒ တစ်ပါးပဲ အသံကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပေမယ့် ဒီဘိက္ခုနီအရေးတော်ပုံမှာတော့ ရဟန်းယောက်ျားကြီးတွေ လူယောက်ျားကြီးတွေ အုပ်စုလိုက် ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ထိုးနှက်ကြတာကို ကြည့်ရင် ဒါဟာ အရှင်အာဒိစ္စဝံသကို ပုဂ္ဂိုလ်ရေး မနာလိုတာ မုန်းတီးတာ တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့လည်း ယူဆမိပါတယ်။ အမျိုးသမီးတွေ သီလရှင်တွေ… ရဟန်းမ ပြုပြီး ဘိက္ခုနီသံဃာ ပြန်လည် ပေါ်ပေါက်လာမှာကို မလိုလားတဲ့ မမြင်ချင်တဲ့ မဖြစ်ပေါ်စေချင်တဲ့ဆန္ဒကလည်း အဲဒီမဟာပုရိသ ယောက်ျားအုပ်စုကြီးထဲမှာ အကြီးအကျယ်ကို ရှိနေမယ်လို့လည်း ယူဆပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀-ကျော်ကာလ ဘာသာရေး နိုင်ငံရေး စတဲ့ ကဏ္ဍအသီးအသီးမှာ အမျိုးသားတွေကပဲ ကြီးစိုးနေလေတော့ အဲ့ဒီအချိန် အရှင်အာဒိစ္စဝံသရဲ့ ကြွေးကြော်သံက ရှေးရိုးစွဲမဟာဖိုဝါဒီတွေအတွက်တော့ အတော်ခံရခက်ခဲ့ပုံရပါတယ်။
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး၏ မှတ်ချက်
ဒီနေရာမှာ ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီးရဲ့ မှတ်ချက်ကိုလည်း ဖော်ပြချင်ပါတယ်။ အရှင်ဉာဏိကရေးတဲ့ ဆရာတော်အရှင်သေဋ္ဌိလ၏ ဘဝဖြစ်စဉ် စာအုပ် စာမျက်နှာ (၃၊၄) မှာ “ဤစာရေးသူတို့ ငယ်ရွယ်စဉ် ပရိယတ္တိ ပိဋကစာပေများ၌ မျက်လုံးဖွင့်ခါစအချိန်၌ ရန်ကုန်မြို့ အရှင်အာဒိစ္စဝံသကျောင်းတိုက်မှ ဆရာတော် အရှင်အာဒိစ္စဝံသ၏ ဘိက္ခုနီအရေးတော်ပုံ အကြောင်းအရာ အထွေထွေကို ကြားရ၊ စာအုပ်ဖတ်ရှုရသောအခါ တစ်နိုင်ငံလုံးလိုလို ရှင်ရဟန်း အများစုက ဆန့်ကျင်ပြီး ကန့်ကွက်နေသည့် အချိန်တွင် စာရေးသူတို့၏ ကျေးဇူးရှင် မြောင်းမြ ဆရာတော်ဘုရားကြီးက -- “ဒီပုဂ္ဂိုလ်ဟာ ညံ့တဲ့လူမဟုတ်ဘူး၊ အတွေးအခေါ် အယူအဆတွေ လေးနက်သလောက် အရေးအသားလဲ သေသပ်တိကျလှတယ်၊ အများပြောတိုင်း မမြင်ကြ၊ မထင်ကြနဲ့။ သူ့ ဆိုလိုချက်တွေဟာ မဖြစ်နိုင်တာ မဟုတ်ဘူး”ဟု မိန့်တော်မူသည်။ “ဘိက္ခုနီသာသနောပဒေသ” ဟူသော စာအုပ်ကို ရည်ညွှန်း၍ မိန့်တော်မူချက် ဖြစ်သည်။” လို့ ဖော်ပြထားပါတယ်။
ပကာသနီယကံပြုကြခြင်း
၁၉၃၅ ဩဂုတ်လ ကြည့်မြင်တိုင် ဥယျာဉ်တိုက် ဇေယျာဝံသကျောင်းမှာ ကျင်းပတဲ့ ရဟန်းနဲ့လူ ပူးတွဲအစည်းအဝေးကနေ ဇောတနာရာမ ဆရာတော် ဦးတေဇောသာရ၊ ဗားကရာ ဆရာတော် ဦးပဒုမ၊ ဘုရားဖြူ ဆရာတော် ဦးရာဇိန္ဒတို့ ပါဝင်တဲ့ ဆရာတော်အပါး ၂၀နဲ့ ဦးလင်းတို့ လူပုဂ္ဂိုလ် ၁၁-ယောက် ပူးပေါင်းလက်မှတ်ထိုးပြီး အရှင်အာဒိစ္စဝံသကို ပကာသနီယကံ (သာသနာတော်မှဖယ်ကျဉ်ကြောင်းကံ) ပြုထိုက်ကြောင်း ဆုံးဖြတ်ချက် အပြီးသတ်ချလိုက်ကြတယ်။ တည်နေရာအနေနဲ့ ဂျူဗလီဟောမှာ အစည်းအဝေးကြီး ကျင်းပဖို့ကိုပါ တစ်ခါထဲ ရွေးချယ်လိုက်ကြပါတယ်။
ဒီလိုတစ်ဖက်သတ် မတရားလုပ်ဆောင်နေကြတဲ့အပေါ်မှာ အရှင်အာဒိစ္စဝံသကို ထောက်ခံကြတဲ့ ရဟန်းသံဃာတွေနဲ့ လူဒကာတွေဘက်ကလည်း မခံမရပ်ဖြစ်လာကြတယ်။ ဒါကြောင့်ပဲ ပြန်လည်ဖြေရှင်းမယ့် လူထုအစည်းအဝေးပွဲကြီး လုပ်ဆောင်ဖို့ အကုန်ကျခံကာ ကမ္မကထပြုလုပ်လိုကြောင်း ဒကာတွေက ဆရာတော် အရှင်အာဒိစ္စဝံသကို လျှောက်တင်ကြပေမယ့် ဆရာတော်က လုံးဝလက်မခံခဲ့ပါဘူး။ ရန်မီးမပွားခြင်း လမ်းစဉ်ကိုပဲ လက်ကိုင်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အရှင်အာဒိစ္စဝံသက သူ့ကို ထောက်ခံကြတဲ့ ရဟန်းရှင်လူအပေါင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ရန်တုံ့မပြန်ကြဖို့ လမ်းညွှန်ခဲ့ပေမယ့် တစ်ဖက်အုပ်စုကတော့ အရှင်အာဒိစ္စဝံသကို အလုံးစုံ နှိမ်နင်း ဖယ်ကျဉ်ရေးအတွက် အရှိန်မြှင့်ပြီး အစွမ်းကုန် လုပ်ဆောင်ခဲ့ကြပါတယ်။ ဆရာတော် ၁၈-ပါးနဲ့ လူဒကာ ၂၃-ယောက်တို့ ပူးပေါင်းစုဖွဲ့ကာ ပြည်လုံးကျွတ် ဗုဒ္ဓဘာသာရေး အစည်းအဝေးပွဲ ဖိတ်စာများ ရိုက်နှိပ်ပြီး တစ်ပြည်လုံးကို ဖြန့်ဝေလိုက်ပါတော့တယ်။ ဒါကြောင့်ပဲ ၁၉၃၅-ခုနှစ် စက်တင်ဘာလ ၈-ရက် တနင်္ဂနွေနေ့ ၁၂-နာရီအချိန် ရန်ကုန်မြို့ ဂျူဗလီဟောမှာ ရဟန်းရှင်လူ ပရိသတ် ၅၀၀၀ တက်ရောက်တဲ့ အစည်းအဝေးပွဲကြီးကို ကျင်းပခဲ့ကြတယ်။ အဲဒီနေ့မှာပဲ အရှင်အာဒိစ္စဝံသကို သံဃာတော်တွေဘက်က ပကာသနီယကံ ဆိုတဲ့ သာသနာတော်မှ ဖယ်ကျဉ်ကြောင်းကံ ပြုဖို့ တစ်ဖက်သတ် စီရင်ချက်ချ ဆုံးဖြတ်ပြီး ကံဆောင်ခဲ့ကြတယ်။ ဒါ့အပြင် လူဒကာတွေဘက်ကလည်း အပ္ပသာဒပဝေဒန လို့ခေါ်တဲ့ မကြည်ညိုကြောင်း ကြေညာခြင်းကို ပြုလုပ်ခဲ့ကြတယ်။
အဲဒီတုန်းက ဂျူဗလီဟော အစည်းအဝေးပွဲကြီးကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး အဖြစ်အပျက်တွေကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးအေးမောင် (စာပေဗိမာန်)က ဆရာတော် အရှင်အာဒိစ္စဝံသနဲ့ ပတ်သက်ပြီး သူ့ရဲ့စာအုပ်မှာ ဒီလို ထည့်သွင်းရေးသားခဲ့ပါတယ်။ “ထိုအခါက ကျွန်ုပ်သည် ဆရာတော်အား လူသိရှင်ကြား ကဲ့ရဲ့ရှုတ်ချရန် ကျင်းပသော အစည်းအဝေးသို့ သွားရောက် အကဲခတ်ပြီးနောက် သူ၏ကျောင်းတိုက်သို့ သွား၍ သူနှင့် တွေ့ဆုံဆွေးနွေး၏။ ဆရာတော်သည် သူ့အား ပုတ်ခတ်ပြောဆိုသော သူများကြောင့် စိတ်လှုပ်ရှားသည့်လက္ခဏာ စိုးစိမျှ မပြဘဲ တည်ငြိမ်အေးဆေးသော အမူအရာနှင့် သူ့ယုံကြည်ချက်ကို ရှင်းပြလေသည်။ ဤသို့ မိမိနှင့် ဝါဒမတူသောသူတို့၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံနိုင်ရည်ရှိခြင်းသည် ပညာရှိတို့၏ လက္ခဏာတစ်ရပ် ဖြစ်၏။”
သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဂဠုန်စောတို့ ပါဝင်ကြ
တကယ်တော့ ဆန့်ကျင် ကန့်ကွက်တဲ့သူတွေထဲမှာ ဘိက္ခုနီသာသနောပဒေသကျမ်းထဲ ဘာပါမှန်းမသိတဲ့သူက အများစုဖြစ်တယ်လို့လည်း သုံးသပ်တဲ့သူတွေက ဆိုကြတယ်။ အဲဒီအစည်းအဝေးပွဲအကြောင်း စာလိုက်ဖတ်ရင်း သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုနဲ့ ဂဠုန်ဦးစောတို့ကို ဂျူဗလီဟောမှာ တစ်အုပ်စုထဲ တွေ့လိုက်ရတော့ စိတ်ဝင်စားသွားတယ်။ ဒီးဒုတ် ဦးဘချိုက ဒီပကာသနီယကံပြုပွဲ အစည်းအဝေးကြီးမှာ လူဒကာတွေဘက်က အကျိုးဆောင်အဖြစ် ဆောင်ရွက်သူဖြစ်ပြီး ဂဠုန်ဦးစောကတော့ ဘိက္ခုနီသာသနောပဒေသကျမ်းကို မီးရှို့ပစ်ရန် .. အဆိုကို တင်သွင်းတဲ့သူအဖြစ် ပါဝင်နေပါတယ်။
ဒီပွဲကြီးမှာ ဂဠုန်ဦးစောကို တွေ့လိုက်ရတဲ့အခါ ဦးစောအကြောင်း ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့တဲ့ကိုယ်က နည်းနည်းသိချင်လာတာနဲ့ အင်တာနက်မှာ ရှာကြည့်လိုက်‌တော့ ဒီပကာသနီယကံပြုပွဲကြီး ပြုလုပ်ချိန်ကာလဟာ ဦးစောတစ်ယောက် ဂဠုန်စစ်သူကြီးဘွဲ့ကို ခံယူဖို့ စိုင်းပြင်းနေတဲ့အချိန် ဖြစ်နေတယ်။ ဒါပြီးလို့ သိပ်မကြာခင် ၁၉၃၈ မှာ မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့တယ်။ ၁၉၄၀ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်လာတဲ့အခါမှာ ဦးစောဟာ မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန်အတွက် “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ” ကို ပြဋ္ဌာန်းခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဦးစောဟာ ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်ကိုသာ မီးရှို့ပစ်ချင်ခဲ့တာမဟုတ်ဘူး၊ မြန်မာအမျိုးသမီးတွေကိုပါ စောင့်ရှောက်ချင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သူကြီး ဂဠုန်ဦးစောရဲ့ အကွက်ရွှေ့တာလေးတွေကိုတော့ နည်းနည်းမြင်ခွင့်ရလိုက်တယ်။ တစ်ချိန်မှာ လုပ်ကြံသတ်ဖြတ်ခံရမယ့်သူ (ဒီးဒုတ်ဦးဘချို)နဲ့ လုပ်ကြံသတ်ဖြတ်မယ့်သူ (ဂဠုန်ဦးစော)တို့ဟာ ဒီပွဲကြီးမှာတော့ စာအုပ်ထဲက စကားရပ် ၂-ခုကို အကြောင်းပြုပြီး ဆရာတော်တစ်ပါးကို သာသနာတော်တွင်းကနေ သတ်ဖို့ စိတ်တူကိုယ်တူ ပူးပေါင်းထောက်ခံခဲ့ကြပါတယ်။
ဘိက္ခုနီအရေးတော်ပုံကျမ်းကို မီးရှို့ဖျက်ဆီးကြခြင်း
“ဆရာဝ က ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်သည် သာသနာတော်ပျက်စီးမှု ဆုတ်ယုတ်မှုများကြောင့် မီးရှို့ထိုက်ကြောင်း၊ ဘယ်က စမှားလဲဆို၊ သည်စာအုပ်ဟာ အမည်က စ မှားတယ်လို့ ပြောချင်ပါတယ်၊ သာသနာ့ဆူးငြောင့် ဘေးရန်အသွယ်သွယ် ပေါများသည့်အတွက် ဤစာအုပ်ကို သာသနာတော်မှ ပယ်ရန် အဆိုသွင်းကြောင်း၊ ဂဠုန်ဦးစော က… အရေးကြီးတဲ့ ဘာသာရေး သာသနာရေး ကိစ္စကြီးတွင် ထောက်ခံပါဟု တောင်းပန်သဖြင့် လာရောက် ထောက်ခံရပါတယ်၊ အခြားကိစ္စ ထူးထူးထွေထွေ မပြောတတ်သော်လည်း မီးရှို့ဖို့ဖက်ကတော့ ပြောတတ်ပါလိမ့်မယ်၊ မီးရှို့ဖို့ရာမှာ အခြားသူတွေက မီးရှို့ဖို့မထိုက်၊ ကျမ်းစာရေးသူကိုယ်တိုင်ပင် မီးရှို့ပစ်ဖို့ ကောင်းကြောင်း၊ စာအုပ်ထဲတွင် ဘာဘာညာညာ မမြင်ရပေမဲ့ သည်စာအုပ်ကြောင့် ဆရာတော်ကြီးများနှင့်တကွ မြို့ရော တောပါ ဒုက္ခရောက်နေတာ ထောက်သဖြင့် မီးရှို့ပစ်ရန် အထူးကောင်းကြောင်း၊ သည်စာအုပ်မှာ နမော တဿ တောင် မပါလာဘူး၊ ဘာဖြစ်လို့ မပါသလဲ ဆိုတာ ကျွန်တော် မပြောလိုဘူး၊ မပါတာလောက်သာ ပြောနိုင်ပါတယ်၊ သည်စာအုပ်ဟာ ရှုပ်တဲ့ စာအုပ် ရယ်လို့ ကာယကံရှင် ကိုယ်တိုင် မီးရှို့ဖို့ ကောင်းကြောင်း၊.. ဆရာဆိုင် ဆရာတုတ်တို့ကလည်း ထောက်ခံကြောင်း၊” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။ (ဘိက္ခုနီအရေးတော်ပုံကျမ်း စာမျက်နှာ ၁၇၂၊ ၁၇၃)
နောက်ဆုံးပိတ်အနေနဲ့ ဆရာဘီရဲ့ ဘိက္ခုနီသာသနောပဒေသကျမ်း လို့ မခေါ်ဘဲ တယ်ကြက်နီသာသနောပဒေသလို့ ခေါ်ဖို့ကောင်းကြောင်း ပြောဆိုထောက်ခံအပြီး ညနေ ၅-နာရီ ၄၀ အရောက်မှာတော့ ဘိက္ခုနီသာသနောပဒေသကျမ်း စာအုပ်ကို မီးရှို့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
အမျိုးကောင်းသားကြီးတွေ မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့ အဲဒီစာအုပ်က ခေတ်အဆက်ဆက် မိတ္တူပွားပေးခဲ့ကြတဲ့ သူတွေရဲ့ ကျေးဇူးကြောင့် အခုချိန်ထိ ဝယ်ယူဖတ်ရှုလို့ ရနိုင်သလို အင်တာနက်ပေါ်ကနေလည်း အခမဲ့ လွယ်လွယ်ကူကူ ဖတ်ရှုလို့ ရနေပါတယ်။
အပိုင်း (၄) ဆက်ရန် ….


Tuesday, June 23, 2009

 


မလွဲမသေအောင်မြင်နိုင်သူ၏ အင်္ဂါ(၄)ရပ်

လုပ်ငန်းတစ်ခုအောင်မြင်ရေးအတွက်

အခြေခံအင်္ဂါရပ် (၄) ခုရှိဖို့လို၏
ယင်းအင်္ဂါ(၄)ရပ်ကို ဣဒ္ဓိပါတ်ဟု ခေါ်သည်-
၁။ ခိုင်မာသောရည်မှန်းချက်ရှိရမည်
၂။ မဆုတ်မနစ်သောရည်မှန်းချက်ရှိရမည်
၃။ စိတ်ဓါတ်ခိုင်မာရမည်
၄။ လုံလောက်သော ဥာဏ်ပညာရှိရမည်
ဤအင်္ဂါ(၄)ရပ်ကို အခြေခံ၍ ဆောင်ရွက်ပါက လောကီဖြစ်စေ
လောကုတ္တာရာဖြစ်စေ တစ်နေ့တွင် မလွဲမသေအောင်မြင်ရာ၏။
တစ်နေ့တွင်ဆိုရာ၌ ဣဒ္ဓိပါတ်ကြားမပြတ်သော တစ်နေ့တွင် ဖြစ်၏။
ဣဒ္ဓိပါတ်ကြားပြတ်သွားပါက တစ် ကပင် ပြန်စရ၏။
ထိုအခါ တစ်နေ့တွင် သည်မဆုံးနိုင်သော တစ်နေ့တွင် ဖြစ်ပေလိမ့်မည်။
ref: ဆရာကြီးဦးရွှေအောင်
Nayzaw Tun
(Life & Business Coach)

Monday, April 6, 2009

တဂိုးရဲ့ လူသားဝါဒ

တဂိုးကပြောတယ်


မျိ ုးချစ်ဝါဒဟာ ကျွန်တော့ရဲ့ နောက်ဆုံး

နားခိုရာမဟုတ်သေးဘူး

ကျွန်တော့ရဲ့နောက်ဆုံးးခိုရာက

လူသားဝါဒပဲ

ဖန်နဲ့စိန်ကို မလဲနိ ုင်သလို

မျိ ု းချစ်ဝါ ကိုလည်း ကျွန်တော့ရဲ့

လူသားဝါဒနဲ့မလဲနိ ုင်ပါဘူး တဲ့

ဒါက တ ဂိုး ပြောခဲ့တာ

တခုစဉ်းစားမိတာက လူကို လူလို့ပဲ

မြင်ရမယ်ဆိုတော့

ဒီကနေ့ကမ္ဘာကြီးပူလောင်ဆင်းရဲနေတာ

ဟာ ဘယ်သူ့ကြောင့်လည်း လူ့အခွင့်

အရေးကို လက်ကိုင်ထားတဲ့ ဥရောပက

နိ ုင်ငံကြီးတွေမှာ ဘာ့ကြောင့် စစ်ဖြစ်

နေရတာလည်း

လူမျိ ုးအသီးသီး ဘာသာအသီးရှိနေကြပေ

မဲ့ မွတ်စလင်တွေက တကမ္ဘာလုံက လူ

တွေနဲ့ဘာ့ကြောင့် ပဋိပက္ခ ဖြစ်နေရတာ

လည်း

အဲ ဒီလိုလူ့အခွင့်အရေးမျက်လုံးနဲ့ကြည့်

ခဲ့လို့ အိန္ဒိယကလည်း ပါကစ္စတန်ကို

ခွဲပေးလိုက်ရပြီ ရုရှားကလည်း

ခြေချင်းညှာကို ခွဲပေးလိုက်ရပြီ မြန်မာ

နိ ုင်ငံရခိုင်ပြည်နယ်က ဘူးသီးတောင်

မောင်းတောမှာလည်း မွတ်စလင် ၉၆%

ဖြစ်နေလို့အခုတောင်းဆိုနေပြီ

သူတို့ကို ခွဲပေးလိုက်လို့ရှိရင် သူတို့က

အေးအေးဆေးဆေး နေမှာတဲ့လား

အင်ဒိုနီးရှားနိ ုင်ငံ စတည်ထောင်ခါစက

မွတ်စလင်လေးအိမ်ပဲရှိတယ်တဲ့ အခု

တနိ ုင်ငံလုံး မွတ်စလင်တွေဖြစ်နေပြီ

မြန်မာနိ ုင်ငံလည်း အဲဒီလို မဖြစ်နိ ုင်ဘူး

လို့ဘယ်သူ အာမခံနိ ုင်မလဲ

ဥပဒေရှိရင် အဆင်ပြေသွားမှာပါဆိုရင်

အခုအမေရိကန်နဲ့ဥရောပနိ ုင်ငံတွေမှာ

ဥပဒေရှိလျှက်နဲ့ လူ့အခွင့်အရေးကို

အပြည့်အဝပေးပါလျှကိနဲ့ဘာ့ကြောင့်

စစ်ဖြစ်နေရလည်း

ဒါစဉ်းစားစရာပါ

တကယ်လို့များ မြန်နိ ုင်ငံဟာ အဲဒီလို

ဖြစ်သွားခဲ့ရင် ဗုဒ္ဓတရားတော်တွေ

ကွယ်ပျောက်ပြီ

မိစ္ဆာဒိဋ္ဌိအချင်းချင်းကွယ်ပျောက်တာ

ကူးပြောင်းတာဟာ ဘာမှ မထူးခြားဘူး

ဗုဒ္ဓတရားတော်တွေသာကွယ်ပျောက်ရင်

ပူလောင်နေတဲ့တကမ္ဘာလုံးကလူတွေ

ချမ်းသာဖို့ဘယ်နည်းစနစ်တွေနဲ့အစား

ထိုးမလဲ့

၃၁ ဘုံသားတွေမျော်လင့်နေကြတဲ့

ငြိမ်းအေးတဲ့နိဗ္ဗါန်ရဲ့အရသာ ကို ဘယ်ဘာ

သာမှာရှာရမှာလည်း

နောင်မွေးလာမဲ့ မရေမတွက်နိ ုင်တဲ့ လူသားမျိ ု းဆက်သစ်တွေရဲ့ ဘဝတွေကို

ကယ်တင်နိ ုင်တဲ့ သရဏဂုံနဲ့ငါးပါးသီလ

ကို ဘယ်သူတွေဆီက ခံယူရမှာလည်း

ဗုဒ္ခတရားတော်တွေဟာ လူသားမျိ ု နွယ်

စုအတွက်တင်မကပါဘူး ၃၁ ဘုံက ဘုံသားအားလုံးအတွက် ချမ်းသာဖို့ပါ

ဒါ့ကြောင့် မြန်မာ့အရေးတင်မဟုတ်ဘူး

ကမ္ဘာ့အရေး

စင်္ကြာဝဠာတိုက်တသောင်းအရေး

၃၁ ဘုံးသားအရေးဖြစ်တယ်

တဂိုးက ဘာသာခြား

မျက်တောင်တဆုံးပဲကြည့်ပြောတာ

ဗုဒ္ဓဘာသာတွေက စစ်မှန်တဲ့ဘာသာကို

ပိုင်ဆ်ုင်ထားတာ

မျက်စိတဆုံး ကြည့်နိ ုင်ရမယ်

သူပြောသလို

လူသားဝါဒကိုကြည့်မယ်ဆိုရင်တောင်

ရခိုင်က မွတ်စလင်ဆိုတဲ့ လူသားတွေကို

ကြည့်ရမှာမဟုတ်ဘူး

နောင်ထပ်လူ့ဘဝကိုရောက်ရှိလာမဲ့

မရေမတွက်နိ ုင်တဲ့ လူပေါင်းများစွာရဲ့

လူသားဝါဒကို ကြည့်နိ ုင်ရမယ်

မြန်မာ့အရေးက

ပေါ့သေးသေးမဟုတ်ဘူး

တချက်မှားတာနဲ့

အကုန် အပါယ်ဆင်းကြရမှာ ပါ




Tuesday, January 6, 2009

ရှေးရိုးစွဲတွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ 

အပိုင်း-၂

အင်္ဂလိပ်စာသင်ယူလိုစိတ် ဖြစ်ပေါ်လာပုံနှင့် နိုင်ငံခြား ပညာသင်ခရီး
ဆရာဖြစ်သူ အရှင်အာဒိစ္စဝံသနဲ့ ကျောင်းဒကာ ဆာဘိုးသာတို့ အဆင်မပြေဖြစ်ကြတဲ့အခါ အဲဒီကိစ္စတွေနဲ့ အတွင်းဝန်မျက်နှာဖြူဆီ သွားရာမှာ အင်္ဂလိပ်စာမတတ်သေးတော့ ကိုယ်ပြောချင်တာ မပြောရဖြစ်လို့ မိမိပါးစပ်နဲ့မိမိပြောနိုင်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားတာက စပြီး အင်္ဂလိပ်စာသင်ချင်စိတ် ဖြစ်ပေါ်လာပုံကို ဆရာတော် ဦးသေဋ္ဌိလရဲ့ ဘဝဖြစ်စဉ်စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒီအဖြစ်အပျက်ဟာ … နယ်မှာ စာပေသင်ယူခဲ့စဉ်က အင်္ဂလိပ်စာ သင်ယူဖို့ အခွင့်ရခဲ့ပေမယ့် မိစ္ဆာဝါဒလို့ ယူဆပြီး သင်ယူဖို့ ရှောင်ရှားခဲ့တဲ့ ဆရာတော် အရှင်အာဒိစ္စဝံသအတွက်လည်း အချက်ပေး ခေါင်းလောင်းသံတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။ အဲဒီနှစ် ၁၉၁၈-ခုနှစ်မှာပဲ အရှင်အာဒိစ္စဝံသဟာ အင်္ဂလိပ်စာနဲ့ အခြားဘာသာစကားတွေကို လေ့လာသင်ကြားနိုင်ဖို့ အိန္ဒိယနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။
“မြန်မာသက္ကရာဇ် ၁၂၈၀-ခုနှစ်, ကျွန်ုပ် ရဟန်းသိက္ခာ ၁၇-ဝါ ရအခါ၌ ဗုဒ္ဓဘာသာ ရဟန်းတော်များ ဘာသန္တရတတ်မြောက်ခြင်း၏ အကျိုးရှိကြောင်း, ထိုသို့မဟုတ်သဖြင့် အကျိုး ဆုတ်ယုတ်ကြောင်းကို သိရှိခဲ့လေသည်”… ဆိုပြီး ဘာသန္တရလမ်းညွှန်မှာ အစချီ ရေးထားခဲ့သလို ရန်ကုန်မှာ ကျောင်းတည်ထောင်ပြီး အစိုးရရုံးတွေ ရောက်တဲ့အခါ၊ ကိုလိုနီခေတ် တိုင်းတပါးသား အရာရှိတွေနဲ့ ဆက်ဆံရတဲ့အခါ၊ ရုံးသုံးစာဖြစ်တဲ့ အင်္ဂလိပ်စာ မတတ်တဲ့အခါ ဘာသာစကားတွေရဲ့ အရေးပါပုံတွေ စပြီး သိမြင်လာတယ်လို့ ယူဆရပါတယ်။ ဒါကြောင့်လည်း အိန္ဒိယ၊ သီဟိုဠ်နဲ့ အင်္ဂလန်နိုင်ငံတို့မှာ သွားရောက်နေထိုင်ရင်း အင်္ဂလိပ်၊ ဟိန္ဒူ၊ ဘင်္ဂါလီ၊အူရဒူ၊ ဂျပန်ဘာသာစကားတို့ကို လေ့လာသင်ယူခဲ့ပါတယ်။ အဲဒီနိုင်ငံတွေသာမက ပြင်သစ်၊ အီတလီနိုင်ငံတို့ကို သွားရောက်လေ့လာခဲ့အပြီး ၁၀-နှစ်အကြာ ၁၉၂၈-ခုနှစ်မှာ မြန်မာပြည်ကို ပြန်လည် ကြွရောက်လာခဲ့ပါတယ်။
စာအုပ်များ ရေးသားပြုစုခြင်း
အိန္ဒိယနိုင်ငံမှာ ဘာသာစကားသင်ကြားရင်း “ရတနာကြုတ်” ဆိုတဲ့ ပုံစံအသစ်နဲ့ ရေးဖွဲ့ထားတဲ့ ကဗျာကျမ်းကို ရေးသားခဲ့သလို အင်္ဂလန်အသွား သင်္ဘောပေါ်မှာလည်း “သာသနာ့မှန်” ကျမ်းကို ရေးသားပြုစုခဲ့တယ်။ လန်ဒန်မြို့မှာ ပညာသင်ကြားနေစဉ်အတွင်း “အာဒိစ္စဝံသ ထေရာပါဒါန်” လို့ အမည်ပေးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုလည်း ရေးသားခဲ့တယ်။ မွေးဖွားချိန်ကနေစပြီး လန်ဒန်မှာ ဆင်းရဲဒုက္ခတွေနဲ့ စွန့်စားနေထိုင် ပညာသင်ကြားရပုံအထိ ရေးသားထားတာကြောင့် မြန်မာလူမျိုးတွေထဲက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ အစောဆုံးနဲ့ အရဲရင့်ဆုံးလို့ ဆိုကြတယ်။
အဲဒီအချိန်က အာဒိစ္စဝံသထေရာပါဒါန်ကို မြန်မာပြည်ကနေ စိတ်ဝင်စား လူကြိုက်များကြတဲ့အတွက်ကြောင့် ရန်ကုန်မြို့က ဗြိတိသျှဘားမား လစဉ်ထုတ်မဂ္ဂဇင်းမှာ အခန်းဆက်အနေနဲ့ ထည့်သွင်းဖော်ပြခဲ့ရပါတယ်။ ဒီလို အရှင်အာဒိစ္စဝံသရဲ့ နိုင်ငံခြားတိုင်းပြည် အရပ်ရပ်ကို လှည့်လည်သွားလာ ပညာသင်ယူရင်း ရရှိခဲ့တဲ့ ဒေသန္တရ အခြေအနေ လေ့လာတွေ့ရှိချက်တွေဟာ နောင်တစ်ချိန်မှာ ကမ္ဘာ့သာသနာပြု အကျော်အမော် ဆရာတော်ကြီးတစ်ပါး ဖြစ်လာမယ့် တပည့်ဖြစ်သူ အရှင်သေဋ္ဌိလအတွက်လည်း အထောက်အပံ့ကောင်း လမ်းကြောင်းတစ်ခု ဖြစ်ခဲ့မယ်လို့ ယူဆပါတယ်။
အရှင်အာဒိစ္စဝံသဟာ ပိဋကတ်စာပေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ တစ်ဖက်ကမ်းခပ် တတ်မြောက်ဖို့ ၁၅-နှစ်ကြာ မြန်မာပြည်ဒေသ အရပ်ရပ်မှာ သင်ယူဆည်းပူးခဲ့တဲ့ အသိပညာ၊ ပြည်ပနိုင်ငံတွေကို သွားပြီး ၁၀-နှစ်ကြာ သင်ယူလေ့လာခဲ့တဲ့ အသိပညာ၊ အတတ်ပညာနဲ့ အတွေ့အကြုံတွေကြောင့် ဗုဒ္ဓတရားတော်တွေ၊ စာပေတွေကို နိုင်ငံခြားတိုင်းပြည်တွေအထိ ရောက်အောင် လုပ်ဖို့ အခွင့်အလမ်းတွေ တွေ့မြင်လာခဲ့ရတယ်။ ဒါ့အပြင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်သွယ်မှုတွေ ထွန်းကားလာတာကြောင့် ဘာသာစကားတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကိုလည်း ကောင်းကောင်းကြီး သိမြင်လာခဲ့ပါတယ်။ (ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀-ကျော်ကာလ အိန္ဒိယကနေ အင်္ဂလန်ကို သင်္ဘောနဲ့ ၁၀-ရက်ကျော်ကြာ သွားရတဲ့ ခေတ်ကာလမှာကတည်းက အရှင်အာဒိစ္စဝံသဟာ ဒီလို အမြင်ရှိနေခဲ့တာပါ။)
ရဟန်းတော်များ ဘာသန္တရ သင်သင့်/မသင်သင့် ပြဿနာ
၁၉၂၈-ခုနှစ် ပြည်ပနိုင်ငံများကနေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာချိန်မှာ နိုင်ငံခြားသာသနာပြုရေးကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးခဲ့တယ်။ “ရဟန်းတော်များ ဘာသန္တရ သင်ကြားရေး” ဆိုတဲ့ ကြွေးကြော်သံကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်လိုက်ပြီး အင်္ဂလိပ်စာ အစရှိတဲ့ ဘာသာစကား သင်ကြားရေးလုပ်ငန်းများကို ကိုယ်တိုင် ဦးဆောင်ကာ အကောင်အထည် ဖော်လိုက်ပါတယ်။ ဒါ့အပြင် အရှင်အာဒိစ္စဝံသကျောင်းတိုက်အတွင်း မူလရှိပြီးသားဖြစ်တဲ့ ပိဋကသင် စာသင်တိုက်သာမက အစိုးရအထောက်အပံ့ခံ အထက်တန်းကျောင်းနဲ့ အင်္ဂလိပ် အလွတ်ပညာသင်ကျောင်းတို့ကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီလို ဆရာတော်ရဲ့ စီမံကိန်း စတင်အကောင်အထည် ဖော်လိုက်တာနဲ့ တစ်ပြိုင်နက် ဝေဖန်မှုတွေ ကန့်ကွက်မှုတွေ တစ်စတစ်စ ကျယ်လောင်လာခဲ့ပြီး ပြဿနာတစ်ရပ်အဖြစ်ကို ရောက်ရှိလာခဲ့တယ်။ “ရဟန်းတော်များ အင်္ဂလိပ်စာ စသော ဘာသန္တရ သင်သင့်၊ မသင်သင့်” ဆိုတဲ့ ပြဿနာဟာ အဲဒီအချိန်အခါက နေ့စဉ်သတင်းစာတွေမှာ အများဆုံး တွေ့မြင် ဖတ်ရှုနေကြရတဲ့ ပြဿနာ ဖြစ်လာပါတော့တယ်။
ဒီလို ဆန့်ကျင် ကန့်ကွက် ထိုးနှက်ကြတဲ့ ရဟန်းရှင်လူ အများအပြားထဲမှာ အထူးခြားဆုံးနဲ့ အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့တဲ့ပုဂ္ဂိုလ်က နာမည်ကျော် ဘုရားဖြူဆရာတော် အရှင်ရာဇိန္ဒ ဖြစ်တယ်။ တခြားမကျေနပ်သူတွေက သတင်းစာတွေထဲကနေသာ လှုံ့ဆော်ရေးသားကြပေမယ့် ဝိနည်းအရာမှာ ကျွမ်းကျင်လှတယ်ဆိုပြီး ထင်ရှားတဲ့ အရှင်ရာဇိန္ဒကတော့ သတင်းစာထဲရေးသားရုံနဲ့ အားမရနိုင်ဘဲ ကျမ်းတစ်စောင် တစ်ဖွဲ့ ရေးသားပြီးပါ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသက အရှင်ရာဇိန္ဒထံ စာရေးပြီး မေတ္တာရပ်ခံ ရှင်းပြတာအပြင် လူချင်းတွေ့ပြီး ရှင်းပြဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဘုရားဖြူ ဆရာတော် အရှင်ရာဇိန္ဒက ငြင်းပယ်ခဲ့ပါတယ်။
“လောကာယတာဒိဝိနိစ္ဆယ”ကျမ်းဆိုတဲ့ ဘာသန္တရ မသင်ကြားသင့်တဲ့ဘက်ကနေ ခုခံရေးသားထားတဲ့စာအုပ်ကို ရေးသားပြီးတော့ပါ ထိုးနှက်တိုက်ခိုက်ခဲ့တယ်။ အင်္ဂလိပ်စာသင်ခြင်းဟာ သာသနာဖျက်တာပဲဆိုတဲ့ သဘောသက်ရောက်အောင် ရေးလာပါတယ်။
ဒီအရေးတော်ပုံနဲ့ပတ်သက်ပြီး နေ့စဉ်သတင်းစာတွေထဲကနေ ပွဲဆူနေတာကို အရှင်အာဒိစ္စဝံသဘက်ကလည်း ချက်ကျလက်ကျ ပြန်လည် တုံ့ပြန်ရှင်းလင်း ရေးသားပါတော့တယ်။ ဒီလို ၉-လကျော် ၁၀-လကြာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ထိုးနှက်ကြတဲ့ စာပေတိုက်ပွဲ အပြီးမှာတော့ အရှင်အာဒိစ္စဝံသဟာ ဘာသန္တရလမ်းညွှန်ကျမ်းကို ထုတ်ဝေခဲ့ပါတယ်။ အင်္ဂလိပ်စာသင်တာဟာ ဘာသာစကားတစ်ခုအနေနဲ့ သင်တာသာဖြစ်ပြီး အင်္ဂလိပ်လူမျိုးတွေရဲ့ အယူအဆကို သင်ကြားတာမဟုတ်ကြောင်း ပြန်လည်ရှင်းပြရင်း ဘုရားဖြူ ဆရာတော်ရဲ့ ကျမ်းစာအုပ်ပါ အချက်တွေကို တစ်ခုမကျန် တစ်ချက်စီထောက်ပြပြီး ပြန်လှန်ထိုးနှက်ခဲ့ပါတယ်။ ဒါကို မေမြို့မိုးကြည်က သူ့ရဲ့ မြန်မာစာပေတိုက်ပွဲများ စာအုပ် ရှင်အာဒိစ္စဝံသနှင့် ရဟန်းလူအများ ဆိုတဲ့အခန်းမှာ “ပထမတိုက်ပွဲ” လို့ အမည်ပေးပြီး အပြန်အလှန် ထိုးနှက်ချက် အတော်များများကို ထုတ်နုတ်ဖော်ပြခဲ့ပါတယ်။
ဆရာကြီး ဦးအောင်မွန် (မြတ်ဆုမွန်)ကလည်း ဒီအရေးတော်ပုံနဲ့ ပတ်သက်ပြီး “ဒီတိုက်ပွဲအတွင်း ကျောင်းဒကာ ဆာဘိုးသာက ပုစွန်တောင်ဟာ သူ့နယ်မြေမို့ သူ့လူတွေက ဒီကိစ္စနဲ့ အရှင်အာဒိစ္စတို့ကျောင်းကို အလှူအတန်းမလုပ်ကြတော့ဘူး။ ဆရာတော် အရှင်သေဋ္ဌိလကိုလည်း ဆွမ်းဒကာတွေက အင်္ဂလိပ်စာသင်တာဟာ မိစ္ဆာဒိဋ္ဌိစာသင်တာဆိုပြီး ဆွမ်းမလောင်းကြတော့ဘူးတဲ့။ အဲဒီတုန်းက ဆာဘိုးသာက လူမိုက်ငှားပြီး ရန်ပြုခိုင်းမလိုလိုတောင် ဖြစ်ခဲ့တယ်လို့ ဆရာတော် ဦးသေဋ္ဌိလက မိန့်ကြားပါတယ်။ တကယ်က ဒီတိုက်ပွဲမှာ မှားတာက ဘုရားဖြူ၊ ဒါပေမယ့် အင်္ဂလိပ်အစိုးရကို မုန်းနေပြီး ဝံသာနုစိတ်ဓါတ်က ပြင်းထန်နေချိန်ဆိုတော့ အားလုံး မဝေခွဲနိုင်ပဲဖြစ်ကုန်ကြတာ။”
“ဘုရားဖြူ ဆရာတော်က အင်္ဂလိပ်စာသင်တာမှာ အင်္ဂလိပ်စာဟာ လောကာယတအယူနဲ့ ဆက်စပ်နေတာမျိုး ရေးလိုက်တော့ အိန္ဒိယ ဒဿနကို လေ့လာဖူးသူတွေက သရော်ကြပါတယ်။ ဒါက လူနည်းစုပါ။ မသိသူကများတော့ ဘုရားဖြူ ပြောတာ ဟုတ်လေမလား သာသနာအတွက် စိတ်ပူပြီး ဒီအင်္ဂလိပ်စာသင်တာကို ရေးကြီးခွင်ကျယ်လုပ် ကန့်ကွက်ကြပါတယ်”
“အခုမှ ထူးထူးဆန်းဆန်း ဘုရားဖြူဆရာတော်က ကန့်ကွက်လာတော့ ပညာရှင်လောကအဖို့ ရယ်စရာဖြစ်နေပါတယ်။”
“ဘုရားဖြူ ဆရာတော်ကလည်း မန္တလေး မစိုးရိမ်တိုက်မှာ သူ နာယကလုပ်နေတုန်း လန်ဒန်က နိုင်ငံခြားသာသနာပြုအသင်းအတွက် လယ်တီဆရာတော်ကြီး ရေးခိုင်းလို့ သဒ္ဒတ္ထရတနာဝလိပါဠိ အဘိဓာန် လုပ်တုန်းက သူလဲပါတာပဲ။ သူတာဝန်ယူတဲ့ အဘိဓာန်အဖုံးမှာ သူ့ဘွဲ့နာမကို အင်္ဂလိပ် ပါဠိလို ဖော်ပြထားတာရှိပါတယ်။ အဲဒီအချိန်က လန်ဒန်ကို လယ်တီဆရာတော်ကြီးရဲ့ တရားတွေ မစိုးရိမ် ဦးဉာဏ အင်္ဂလိပ်လို ရေးပြီး ပို့တာလဲ သိသိကြီးနဲ့ သာသနာပြန့်ဖို့ဟာက အင်္ဂလိပ်စာရမှ ဖြစ်မှာကို မသိသလို လုပ်လိုက်တာပါပဲ။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား သုံးသပ်ပြထားပါတယ်။
၁၉၂၈-ခုနှစ် ဝန်းကျင်ကာလဆိုတာက မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဆန့်ကျင်ရေး ဝံသာနုအသင်းတွေ မှိုလိုပေါက်နေတဲ့အချိန်၊ အဲဒီဝံသာနုအသင်းတွေကို ထောက်ခံအားပေးကြတဲ့ သံဃသာမဂ္ဂီအသင်းတွေ အင်တိုက်အားတိုက် ပေါ်လာတဲ့အချိန်၊ “ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တို့ဗမာအစည်းအရုံး ပေါ်ထွက်လာဖို့ တာစူနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “ရဟန်းတော်များ အင်္ဂလိပ်စာနဲ့ တခြားဘာသာစကား သင်ကြားရေး” ဆိုပြီး ကြွေးကြော်တာဟာ အချိန်ကောင်းမဟုတ်နေဘူးလို့ တချို့က ယူဆကြပေမယ့် အရှင်အာဒိစ္စဝံသကတော့ အဲ့ဒီလိုမယူဆဘူး။ မြန်မာရဟန်းတော်တွေ အင်္ဂလိပ်စာ ဘာသန္တရ သင်တာ တော်တော်လေး နောက်ကျနေပြီလို့ သူ့ရဲ့ စာအုပ်ထဲမှာ ထည့်ရေးသွားပါတယ်။
အသောကမင်းကြီးလက်ထက် ၉-တိုင်း ၉-ဌာန သာသနာပြုအဖွဲ့တွေ စေလွှတ်တဲ့အခါမှာကတည်းကိုက အဲဒီသာသနာပြုအဖွဲ့တွေဟာ ကြိုတင်ပြီး ဘာသာစကားတွေ သင်ယူခဲ့ရတယ် ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင် အဲဒီအချိန်ကာလမှာတော့ အရှင်အာဒိစ္စဝံသကို သာသနာဖျက် မိစ္ဆာဒိဋ္ဌိ အားပေးလို့ သမုတ်ခဲ့ကြပြီး ဆန့်ကျင်တဲ့သူတွေသာ ပိုများလာခဲ့ပါတယ်။
သံဃာများ လူရုံးသို့ မရောက်ရေး
သံဃာတွေအပေါ်မှာ စေတနာကြီးတဲ့ အရှင်အာဒိစ္စဝံသဟာ “သံဃာများ လူရုံးသို့ မရောက်စေဘဲ သံဃာအချင်းချင်းဖြစ်ပွားတဲ့ မှုခင်းများကို သံဃာများကသာ ဆုံးဖြတ်နိုင်တဲ့ ဝိနည်းဥပဒေတစ်ရပ် ပြဋ္ဌာန်းရေး” ကြွေးကြော်မှုကိုလည်း သူကပဲ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၃၅ ခု ဖေဖော်ဝါရီမှာ ဆာ ဂျေ အေ မောင်ကြီး တင်သွင်းတဲ့ “ဝိနယဓရ ဥပဒေ” အတည်ဖြစ်ရေးအတွက် ဆရာတော် အထူးကြိုးပမ်းခဲ့ပါတယ်။
ဒီတစ်ခါမှာလည်း ကန့်ကွက်သူတွေပေါ်လာပြီး ဘုရားသားတော်တွေကို ကုလားဥပဒေနဲ့ အုပ်ချုပ်တော့မလိုလို ဝါဒဖြန့် သတင်းလွှင့်တာတွေ၊ အရှင်အာဒိစ္စဝံသကိုလည်း အင်္ဂလိပ်အစိုးရ အလိုတော်ရိပုဂ္ဂိုလ်အဖြစ် ပုံဖော်ကြတာတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ ဒါကြောင့်ပဲ ဒီဝိနည်းဥပဒေ ဖြစ်ပေါ်ရေးနဲ့ ပတ်သက်ပြီး “ဓမ္မဝိနယပြန်တမ်း” ဆိုတဲ့ အမည်နဲ့ စာအုပ်နှစ်မျိုး ရေးသားထုတ်ဝေခဲ့တယ်။ “ကျွန်ုပ်သည်ကား မထေရ်ကြီးသော၊ မထေရ်ငယ်သော ကျွန်ုပ်သဘောနှင့် မထပ်မိသမျှ ကြောင်းကျိုးဖော်ပြ ရှင်းလင်းရန် တာဝန်ခံထားသူတစ်ဦး ဖြစ်ပါသည်။ မည်သူက တာဝန် လွှဲအပ်ထားသလဲဆိုမူ ကျွန်ုပ်ဟာ ကျွန်ုပ်ပင် တာဝန်ခံထားသူ ဖြစ်၏။” ဆိုပြီး ဓမ္မဝိနယပြန်တမ်းမှာ ဆရာတော်က ထည့်သွင်း ရေးသားထားခဲ့ပါတယ်။
ဘိက္ခုနီအရေးတော်ပုံ
ဆရာတော်ဟာ ဘိက္ခုရဟန်းတော်တွေအတွက် ရှေးရေးမျှော်တွေးပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သလို တိမ်မြှုပ်ပျောက်ကွယ်ပြီး အဆက်ပြတ်နေတဲ့ ရဟန်းမ ဘိက္ခုနီသာသနာ တစ်ဖန် ပြန်လည် ပေါ်ထွန်းလာဖို့ကိုလည်း အလေးထားပြီး ကြိုးစားပေးခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် ၁၉၃၃-ခုနှစ်မှာ ဘိက္ခုနီသာသနောပဒေသကျမ်းကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံ အရပ်ရပ်ရှိ ပိဋကအကျော် ဆရာတော်များထံ ပို့ကာ ထင်မြင်ချက်များရယူခဲ့ပါတယ်။ ရဟန်းပညာရှိ လူပညာရှိတို့ရဲ့ ထောက်ခံချက်များရရှိခဲ့သလို မထောက်ခံတဲ့သူတွေနဲ့ သတင်းစာဆရာများကလည်း သတင်းစာတွေထဲကနေ စတင် ကန့်ကွက်သံတွေထွက်လာကြပါတယ်။ စာအုပ်မထွက်ခင် ကြေညာစာစောင် ထွက်လာချိန်မှာကတည်းက ဆန့်ကျင်ရေး ဂယက်လှိုင်းတွေ ထလာခဲ့တယ်လို့ဆိုတယ်။
ဒီလို ဆန့်ကျင်ကန့်ကွက်မှု ကြားထဲကနေပဲ စာမျက်နှာ ၃၀၀-ခန့်ရှိ (ကရောင်း ၁၆-ချိုးအရွယ်) ဘိက္ခုနီသာသနောပဒေသကျမ်းကို ၁၉၃၄-ခုနှစ်မှာ ထုတ်ဝေ ဖြန့်ချီလိုက်ပါတော့တယ်။ ဒါဟာ ၂၀-ရာစု မြန်မာ့ဗုဒ္ဓဘာသာသမိုင်းမှာ ပွဲအဆူဆုံး အရေးတော်ပုံကြီးဖြစ်လာဖို့ရဲ့ အစလို့ပဲဆိုရပါမယ်။ ဒီလာမယ့် ဘိက္ခုနီအရေးတော်ပုံက ၁၉၂၈-မှာ ဖြစ်ခဲ့တဲ့ ဘာသန္တရအရေးတော်ပုံထက် ပိုမိုကြီးမား ကျယ်ပြန့်ခဲ့သလို မတူကွဲပြား ခြားနားချက်တွေလည်း ရှိခဲ့ပါတယ်။
(၁) ရဟန်းတော်များ အင်္ဂလိပ်စာ စတဲ့ဘာသာစကား သင်ကြားရေး ဆိုတဲ့ ကြွေးကြော်သံထွက်လာပြီးတဲ့နောက်မှာ မသင်ကြားသင့်တဲ့ဘက်က ထောက်ပြရေးသားထားတဲ့ ကျမ်းတစ်စောင် ထွက်ပေါ်လာခဲ့ပေမယ့် ယနေ့ခေတ်မှာ အမျိုးသမီးတွေလည်း ဘိက္ခုနီ ရဟန်းမ ပြုခွင့်ရှိတယ်ဆိုတာကို အကိုးအကားပြ ရေးသားထားတဲ့ ဘိက္ခုနီသာသနောပဒေသကျမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဘိက္ခုနီ ရဟန်းမ မပြုသင့်တဲ့ဘက် ထောက်ပြရေးသားထားတဲ့ ကျမ်းတစ်ကျမ်းမှ မထွက်ပေါ်လာခဲ့ပါဘူး။
(၂) ဘာသန္တရအရေးတော်ပုံဟာ အင်္ဂလိပ်စတဲ့ဘာသာစကား သင်ခြင်းကိစ္စကို အငြင်းပွားကြရင်း ဖြစ်တဲ့ အရေးတော်ပုံဖြစ်ခဲ့ပေမယ့် ဒီဘိက္ခုနီအရေးတော်ပုံကတော့ အမျိုးသမီးတွေ ဘိက္ခုနီပြုလုပ်လို့ မရတော့ပါဘူးဆိုပြီး အငြင်းပွားကြရင်း ဖြစ်ပေါ်လာတဲ့ အရေးတော်ပုံ ဟုတ်မနေပါဘူး။ ဘိက္ခုနီသာသနောပဒေသကျမ်းစာအုပ် စာမျက်နှာ ၂၄ နဲ့ ၂၆ မှာ ပါဝင်တဲ့ စကားရပ် ၂-ခုကို အကြောင်းပြုပြီး ဆန့်ကျင် ကန့်ကွက် အငြင်းပွားကြရာကနေ ဖြစ်ပေါ်လာတဲ့ အရေးတော်ပုံဖြစ်တယ်။
(၃) ဘာသန္တရအရေးတော်ပုံတုန်းက အစပိုင်းမှာသာ သတင်းစာထဲ ကန့်ကွက်ရေးသားခဲ့ကြသူတွေ ရှိခဲ့ပေမယ့် တစ်လျှောက်လုံး အဓိကတိုက်ခိုက်ခဲ့သူက ဘုရားဖြူဆရာတော် ဦးရာဇိန္ဒ တစ်ပါးပဲ ထင်ထင်ရှားရှားရှိတယ်။ ဒါပေမယ့် ဒီဘိက္ခုနီအရေးတော်ပုံမှာတော့ ဇောတနာရာမ၊ ဗားကရာ၊ သာဓု၊ ဘုရားဖြူ စတဲ့ ဆရာတော်တွေ၊ အဂ္ဂမဟာပဏ္ဍိတ ဦးလင်း ဦးဆောင်တဲ့ လူပြန်တော်ကြီးတွေ အပါအဝင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ် ဦးစိန်း၊ ဒီးဒုတ်ဦးဘချို စတဲ့ နိုင်ငံရေးသမားတွေနဲ့ မျိုးချစ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေက အုပ်စုဖွဲ့ ထိုးနှက်တိုက်ခိုက် ခဲ့ကြတာဖြစ်တယ်။
ဒီလို ကွဲပြားခြားနားချက်တွေနဲ့အတူပဲ ဘိက္ခုနီအရေးတော်ပုံဟာ ဘာသန္တရအရေးတော်ပုံဖြစ်ပွားအပြီး ၇-နှစ်အကြာ (အရှင်အာဒိစ္စဝံသ ရဟန်းဝါ ၃၄-ဝါ သက်တော် ၅၃-နှစ်) မှာ ပေါ်ပေါက်လာပါတော့တယ်။ အရှင်အာဒိစ္စဝံသဟာ ဘိက္ခုနီသာသနောပဒေသကျမ်းကို ယနေ့ခေတ်မှာ ဘိက္ခုနီ ဖြစ်ပေါ်သင့်၍ ဖြစ်ပေါ်စေလိုခြင်းနဲ့ ဗုဒ္ဓသာသနာတော်သက် ငါးထောင်မျှမဟုတ် လုံ့လဝီရိယ ရှိနေသမျှ ရှည်ကြာနိုင်ကြောင်း အားလုံး သဘောပေါက် နားလည်ရေးတို့အတွက် ရည်ရွယ်ပြီး ရေးသားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အပိုင်း (၃) ဆက်ရန်….


Friday, December 19, 2008

ရှေးရိုးစွဲတွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

 ရှေးရိုးစွဲမျိုးချစ်တွေရဲ့ အဓမ္မစီရင်ချက်တွေအကြား ခေတ်ကိုပြင်ဖို့ ကြိုးစားခဲ့သူ

အပိုင်း (၁)
နိဒါန်း
“ခေတ်က လူကို ပြုပြင်နိုင်သည်မဟုတ်၊ လူကသာ ခေတ်ကို ပြုပြင်နိုင်၏” ဆိုပြီး အရှင်အာဒိစ္စဝံသက သူ့ကျမ်းစာအုပ်ထဲ ထည့်ရေးထားဖူးပါတယ်။ ခေတ်ကို ပြင်ချင်တဲ့သူတွေ ခေတ်တိုင်းမှာ ရှိခဲ့သလို ခေတ်ကို ပြောင်းချင်ကြတဲ့ တော်လှန်ရေးသမားတွေလည်း ခေတ်တိုင်းမှာပေါ်ခဲ့ကြတယ်။ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့တဲ့ တော်လှန်ရေးတွေ ရှိခဲ့သလို မပြောင်းလဲနိုင်ခဲ့တဲ့ တော်လှန်ရေးတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ရှေးက လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးတွေ အားလုံးဟာ အဟောသိကံ ဖြစ်မသွားဘဲ နောက်နောက်ဖြစ်ပေါ်လာမယ့် တော်လှန်ရေးတွေအတွက် အားကြီးတဲ့အထောက်အပံ့တွေတော့ ဖြစ်လာကြစမြဲပါပဲ။
တော်လှန်​ရေးသမားကြီး အရှင်အာဒိစ္စဝံသ
မြန်မာ့ဗုဒ္ဓဘာသာသမိုင်းတလျှောက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်ကျော်တွေထဲမှာ အငြင်းပွားမှုအများဆုံး၊ ပွဲအဆူဆုံး၊ အရေးတော်ပုံကြီးတွေ အများဆုံးလုပ်နိုင်ခဲ့တဲ့သူကို ပြောပါဆိုရင် ကျမ်းပေါင်း ၄၀၀-ကျော် ပြုစုရေးသားခဲ့တဲ့ ကျမ်းပြုအကျော် ဆရာတော် အရှင်အာဒိစ္စဝံသကိုပဲ ညွှန်ပြရမယ်လို့ ထင်ပါတယ်။ သူရေးခဲ့တဲ့စာအုပ်ကို လူပုံအလယ်မှာ မီးရှို့ခဲ့ကြသလို အရှင်အာဒိစ္စဝံသကိုလည်း ပြာပုံဖြစ်သွားအောင် မီးရှို့ပစ်ချင်တဲ့သူတွေ၊ အမှုန့်ချေပစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ အများအပြားရှိခဲ့တယ်။ ဒါပေမယ့် အရှင်အာဒိစ္စဝံသကို ထောက်ခံတဲ့ ရဟန်းပညာရှိတွေ စာပေပညာရှင်တွေလည်း အခိုင်အမာရှိခဲ့ပါတယ်။ တချို့ကတော့ သူ့ကို လူဖြစ်စောသွားတယ် လို့ပြောကြတယ်၊ တချို့ကျတော့ သူ့ကို ခေတ်ရှေ့ပြေးလွန်းတယ်လို့ ပြောကြပြန်ပါတယ်။ ကိုယ်ကတော့ သူ့ကို “လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်သွားတဲ့ တော်လှန်ရေးသမားကြီး”လို့ မြင်ပါတယ်။
သမိုင်းဝင်လုပ်ဆောင်ချက်ကြီး ၅-ချက်
အရှင်အာဒိစ္စဝံသ လုပ်ဆောင်ခဲ့တဲ့အထဲက ထင်ရှားတဲ့ သမိုင်းဝင်လုပ်ဆောင်ချက်ကြီး ၅-ချက်ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
(၁) ရဟန်းတော်များ ကမ္ဘာသုံးဘာသာစကား အင်္ဂလိပ်စာနှင့် အခြားဘာသာစကားများ သင်ကြားရေး။
(၂) သံဃာများ လူရုံးသို့ မရောက်စေဘဲ သံဃာအချင်းချင်း မှုခင်းများကို သံဃာများကသာ ဆုံးဖြတ်နိုင်ရန် ဝိနည်းမှုခင်း ဥပဒေတစ်ရပ် ပြဋ္ဌာန်းရေး။
(၃) ပျောက်ဆုံးနေသော ဘိက္ခုနီ (ရဟန်းမ) သာသနာကို ပြန်လည်ဖော်ထုတ်ရေး။
(၄) ကျမ်းအိပ်ဟု သမုတ်ခံရသော ဗုဒ္ဓဘာသိတနိကာယ်ငါးရပ် ပါဠိတော်များကို သင်ကြားပို့ချလေ့လာရေးနှင့် မြန်မာလိုပြန်ဆိုရေး။
(၅) ဘုရားရှင်၏ သာသနာသက်ကို ကန့်သတ်ချက် လုပ်ထားသော သာသနာသက် ၅၀၀၀ သာရှိသည်ဟူသော ဝါဒကို ပယ်ဖျက်ရေး။ (ဆရာတော်၏ အတ္ထုပ္ပတ္တိစာအုပ်)
ဒီလုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကန့်ကွက် ရှုံ့ချမှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး ဗြိတိသျှကိုလိုနီခေတ် မြန်မာပြည်ဗုဒ္ဓသာသနာရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးတွေ ပေါ်ပေါက်ခဲ့ရတယ်။
ငယ်ဘဝ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀-ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ် အဓိကရုဏ်းကြီးတွေ အကြောင်းက ဆွေးနွေးချင်စရာကောင်းသလို အရှင်အာဒိစ္စဝံသရဲ့အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှတယ်။ ၁၈၈၂-ခုနှစ် ဇွန်လ ၁၁-ရက်နေ့ တနင်္ဂနွေနေ့ဖွား ဖြစ်ပြီး ရမည်းသင်းနယ်၊ ပင်းစုရွာဇာတိသားဖြစ်တယ်။ ဆွေအားမျိုးအားကောင်းပြီး ငွေကြေးပြည့်စုံတဲ့မိဘ ၂-ပါးရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ အရှင်အာဒိစ္စဝံသဟာ ဦးရီးတော်ဘုန်းကြီးတွေရဲ့ ကျောင်းကို အသက် ၅-နှစ်အရွယ်ကတည်းက ပညာသင်ကြားဖို့အတွက် ရောက်ရှိလာခဲ့တယ်လို့ ဆိုတယ်။ ငယ်စဉ်ကတည်းက စာပေထူးချွန်ခဲ့သူဖြစ်ပြီး သုံးဂိုဏ်းချုပ် ဆရာတော်ကြီးကိုယ်တိုင် သင်ကြားပို့ချပေးခဲ့တယ်။ အသက် ၁၄-နှစ်အရွယ်မှာ ရှင်သာမဏေဖြစ်ပြီး ကိုရင်ဝတ်နဲ့ ပညာဆက်လက် ဆည်းပူးခဲ့တယ်။ ဒါပေမယ့် ရဟန်းပြုချင်တဲ့စိတ်ကူးတော့ လုံးဝမရှိခဲ့ဘူးလို့ဆိုတယ်။ ပိဋကတ်စာပေများကို ကြိုးကြိုးကုတ်ကုတ် အားထုတ်သင်ယူနေတာကလည်း ဘာသာအယူဝါဒနဲ့ ပတ်သက်ရင် ဘုန်းတော်ကြီးများကို အားကိုး အားထား မှီခိုနေရခြင်းကနေ ကင်းစေလိုတဲ့အတွက် သင်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကိုကြည့်ရင် သူယုံကြည်ကိုးကွယ်ရမယ့် ဘာသာတရားနဲ့ ပတ်သက်ပြီး အရှင်အာဒိစ္စဝံသရဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းကို မြင်နိုင်တယ်။ ပါရမီရှင်တို့ သူတော်စင်တို့ဆိုရင် သဘောခွေ့လေ့ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်း အကြိုက်တော့ မဟုတ်လောက်ဘူးလို့ ထင်မိတယ်။ “ရဟန်းတက်ရန် အိပ်မက်မျှပင် မမက်ခဲ့သော်လည်း ပျော်ဘွယ်မြို့ ဝေဇယန်ဆရာတော်၏ အဟောကောင်း အပြောကောင်းနှင့် ဖျားယောင်း၍ အတင်းရဟန်းပြုသောကြောင့်သာ ရဟန်းဖြစ်ခဲ့ရသည်” လို့ အရှင်အာဒိစ္စဝံသ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ အတိအလင်း ဝန်ခံထားပါတယ်။
စာပေများ သင်ယူခြင်း
၁၉၀၁-ခုနှစ် ရဟန်းပြုပြီးချိန်ကစပြီး ပျော်ဘွယ်၊ မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ ပခုက္ကူနယ်ဘက်တလျှောက် စာပေ လှည့်လည်သင်ယူပြီးနောက် ညောင်တုန်း ရွှေဟင်္သာတောရကျောင်းတိုက်မှာ တစ်နှစ်နီးပါး သင်ရိုး ပိဋကတ်ပေါက်မြောက်အောင် သင်ယူခွင့်ရခဲ့တယ်။ အဲဒီအချိန် အသက် ၂၄-နှစ် ရဟန်းဝါ ၅-ဝါ ရချိန်မှာတော့ အရှင်အာဒိစ္စဝံသဟာ မူလရည်ရွယ်ထားတဲ့ “ရဟန်းပြုပြီး ၅-ဝါရသည့်တိုင် လိုအပ်သမျှ ပိဋကတ်သာ တတ်မြောက်ပါက လူထွက်မည်”ဆိုတဲ့ အစီအစဉ်ကို မလုပ်ဆောင်နိုင်တော့ပါ။ “ပိဋကတ်စာပေများ သင်ကြားရင်းပင် ဓမ္မရသနှင့် စူးရှစွာ ထိတွေ့မိပြီးဖြစ်၍ ဝတ်ကြောင်ကို ရှောင်လွှဲလိုက်တော့သည်” ဆိုပြီး အရှင်အာဒိစ္စဝံသရဲ့ ဘဝဖြစ်စဉ်ထဲမှာ ဖတ်ခဲ့ရပါတယ်။
ဆရာဖြစ်သူ အရှင်ဉာဏိန္ဒာသဘ က အင်္ဂလိပ်နဲ့ သက္ကဋ နှစ်ဘာသာ သင်ယူခွင့်ပြုခဲ့ပေမယ့် အရှင်အာဒိစ္စဝံသက သက္ကဋဘာသာ တစ်မျိုးကိုသာ သင်ယူခဲ့ပြီး အင်္ဂလိပ်ဘာသာကိုတော့ မိစ္ဆာဝါဒလို့ ယူဆထားတာကြောင့် မသင်ယူဘဲ နေခဲ့တယ်။ အဲဒီလို သက္ကဋဘာသာကို သင်ယူရင်း တစ်ဖက်မှာလည်း တပည့်ပေါင်းများစွာကို ပိဋကတ်စာပေများ ပို့ချပေးခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ပညာဝန်ဦးဘိုးစ ကလောင်အမည်နဲ့ ဟံသာဝတီသတင်းစာမှာလည်း ဘာသာရေးဆောင်းပါးတွေ အပါအဝင် “ပါဒသိက္ခနယပဒေသကျမ်း” ကို ရေးသားနေပြီ ဖြစ်တယ်။ အရှင်အာဒိစ္စဝံသဟာ မြန်မာနိုင်ငံ အထက် အောက် အစုန် အဆန် သွားလာပြီး စာသင်တစ်မျိုး စာချတစ်ဖုံ ချဉ်းကပ် ချဉ်းနင်းရင်း အသိပညာနဲ့ အတွေ့အကြုံတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။
ကျမ်းပြုစုခြင်း
ရဟန်း ၉-ဝါရတဲ့အခါမှာ မန္တလေးကို ၃-ကြိမ်မြောက် ပြန်ရောက်ခဲ့ပြီး မစိုးရိမ်ကျောင်းတိုက်မှာ ဂဏဝါစက စာချဆရာအဖြစ် ၅-နှစ်ကြာ စာဝါပို့ချပေးရင်း “ပဒသင်္ဂဟကျမ်း” ကို ပါဠိဘာသာနဲ့ ရေးသားပြုစုခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသရဲ့ ပညာအရည်အသွေးနဲ့ အဆင့်အတန်းကို အကဲခတ်ချင်ရင် “ပဒသင်္ဂဟကျမ်း”ဟာ ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်တယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်ဖြစ် ပါဠိဘာသာ ကျမ်းတွေထဲက သီဟိုဠ်သားတွေ ချီးကျူးယူရတဲ့ အထဲမှာ လယ်တီဆရာတော်ရဲ့ “ပရမတ္ထဒီပနီဋီကာ” နဲ့ အရှင်အာဒိစ္စဝံသရဲ့ “ပဒသင်္ဂဟပါဌ်” တို့ဟာ ထိပ်တန်းက ပါဝင်နေတာကို ကြည့်ပြီး အရှင်အာဒိစ္စရဲ့ ပညာအဆင့်အတန်း မြင့်မားမှုကို တွက်ဆနိုင်ပါတယ်။
ဒီပဒသင်္ဂဟကျမ်းလိုမျိုး ထင်ရှားတဲ့ သမိုင်းဝင်ကျမ်းတွေ ရေးသားပြုစုခဲ့တဲ့အတွက်ကြောင့် ဆရာတော်ဦးဗုဓ်၊ လယ်တီဆရာတော်တို့ ပြီးနောက် ခုနှစ်ဦးမြောက် ပေါ်ထွက်လာခဲ့တဲ့ မြန်မာ့ဗုဒ္ဓဘာသာသမိုင်းရဲ့ မော်ကွန်းဝင်ပုဂ္ဂိုလ်အဖြစ် မြန်မာစွယ်စုံကျမ်း အတွဲ ၁၄ မှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။ အရှင်အာဒိစ္စဝံသဟာ စာအရေးအသားကောင်းတဲ့ စာပေပညာရှင်၊ စာဆိုတော်ကြီး ဖြစ်ခဲ့ရုံသာမက စာဝါပို့ချရာမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ စာချဆရာကောင်းလည်းဖြစ်ခဲ့ပါတယ်။
အရှင်အာဒိစ္စဝံသကျောင်း တည်ထောင်ခြင်း
တစ်ချိန်မှာ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အကျော်အမော်တစ်ပါး ဖြစ်လာမယ့် အသက် ၁၇-နှစ်အရွယ် ရှင်သေဋ္ဌိလဟာ ၁၉၁၃-ခုနှစ်မှာ မစိုးရိမ်ကျောင်းတိုက်ကို စာပေသင်ယူဖို့ရောက်ရှိလာပါတယ်။ အဲဒီအချိန် မစိုးရိမ်ကျောင်းတိုက်မှာ စာပေပို့ချနေတဲ့ အရှင်အာဒိစ္စဝံသရဲ့ လိုရင်းနဲ့ ပြတ်သားတဲ့ ပို့ချပုံတွေကြောင့် ရှင်သေဋ္ဌိလဟာ အရှင်အာဒိစ္စဝံသဆီမှာ တပည့်ခံပြီး စာပေများကို သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေစပြီး ကိုရင်သေဋ္ဌိလဟာ အရှင်အာဒိစ္စဝံသရဲ့ နောက်ပါတပည့်အဖြစ်နဲ့ ဒေသအသီးသီးကို လိုက်ပါပြီး စာပေ သင်ယူခဲ့ပါတယ်။ အရှင်အာဒိစ္စဝံသဟာ ကျမ်းစာများ ရေးသားပြုစုရင်း စာပေပို့ချရင်းနဲ့ သက်တော် ၃၅-နှစ် (ရဟန်း ၁၆-ဝါအရ) ၁၉၁၇-ခုနှစ်မှာ နောက်ပါသံဃာ ၅၀-ခန့်နဲ့အတူ ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံးပြန် သုသာန်ဟောင်းနေရာမှာ “အရှင်အာဒိစ္စဝံသကျောင်းတိုက်” ကို တည်ထောင်ခဲ့ပါတယ်။
ကျောင်းတိုက်တည်ထောင်ပြီးတာနဲ့ စာပေသင်ကြားရေးလုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တဲ့အတွက် ၁၉၁၈-ခုနှစ် အစိုးရက ကျင်းပမြဲဖြစ်တဲ့ ပထမပြန်စာမေးပွဲမှာ အရှင်အာဒိစ္စဝံသကျောင်းတိုက်က အောင်ချက် အထူးကောင်းခဲ့တဲ့အပြင် တပည့်ရင်းဖြစ်တဲ့ အရှင်သေဋ္ဌိလဟာ ပထမကျော် အောင်မြင်ခဲ့တယ်။ ဒီ့အတွက်ကြောင့် ဆရာဖြစ်သူနဲ့ ကျောင်းတိုက်ရဲ့ ဂုဏ်သတင်းဟာ ပိုပြီးကြီးမားလာခဲ့တယ်။ သာသနာရေး လောကမှာလည်း အတော်လေး လှိုင်းဂယက် ထခဲ့ပါတယ်။ ဒါကြောင့်ပဲ လှည့်လည်ပွဲနဲ့ ပထမကျော် လက်မှတ်ဆက်ကပ်ပွဲကြီးကို တခမ်းတနားပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒါပေမယ့် ဆရာတော် အရှင်အာဒိစ္စဝံသ နဲ့ ကျောင်းဒကာ ဆာဘိုးသာတို့ဟာ အခမ်းအနား နေရာကိစ္စကနေ ပြဿနာ စပြီး ဖြစ်ခဲ့ကြတယ်။
ပထမကျော်အရေးတော်ပုံ
အရှင်အာဒိစ္စဝံသက ဂုဏ်ပြုတယ်ဆိုတာ အပြုခံမယ့်သူထံ ပြုလိုသူ ဘုရင်ခံက လာရမယ်ဆိုပြီး ဘွဲ့လက်မှတ်ဆက်ကပ်ပွဲကို သူ့ကျောင်းထဲမှာပဲလုပ်မယ်၊ ဘွဲ့ကပ်မယ့် ဘုရင်ခံ ဒီကျောင်းကို လာပါစေလို့ အဆိုပြုတယ်။ ကျောင်းဒကာ ပွဲစားကြီး ဆာဘိုးသာက ဒီကျောင်းမြေဟာ သုသာန်မြေဖြစ်ခဲ့ဖူးလို့ ကျက်သရေ မရှိဘူး။ သူ့အိမ်ရှေ့မှာ မင်္ဂလာမဏ္ဍပ်ထိုးပြီး ဒီပွဲကို လုပ်မယ်၊ အဲဒီကနေစပြီး ဖိတ်စာကိစ္စ၊ နေရာချထားရေးကိစ္စ၊ ဆုအဖြစ်ပေးမယ့် ရွှေတံဆိပ်ကိစ္စ.. စတဲ့ နေရာတိုင်း နေရာတိုင်းမှာ ဆရာနဲ့ ဒကာ ညှိမရတာနဲ့ နောက်ဆုံး ပထမကျော်အောင်လက်မှတ်ပေးပွဲ ပျက်သွားခဲ့ရတယ်။ ဆရာတော် အရှင်အာဒိစ္စဝံသဟာ ဒီပြဿနာကို အကြောင်းပြုပြီး တိုင်းပြည်ရှိ ရဟန်းရှင်လူ အားလုံး အတွေးအမြင် ရှင်းကြစေဖို့အတွက် “ပထမကျော်အရေးတော်ပုံ” ဆိုတဲ့ ကျမ်းတစ်စောင်ရေးပြီး ဖြစ်ကြောင်းရယ် ကုန်စဉ် အပိုအလိုမရှိ အစီရင်ခံစာ မှတ်တမ်းကြီးကို ရေးသားခဲ့ပါတယ်။
သုသာန်နှင့်ကျောင်း
ကျောင်းဒကာ ဆာဘိုးသာနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီအဖြစ်အပျက်အကြောင်း ဖတ်ရတော့ ငယ်စဉ်ကလေးဘဝကို ပြန်အမှတ်ရမိပါတယ်။ ကိုယ်တွေလည်း ငယ်ငယ်တုန်းက သုသာန်သင်္ချိုင်းဆိုရင် အလွန်ကြောက်ပါတယ်။ ဒါပေမယ့် ဖားအောက်တောရကို ရောက်ပြီး နောက်ပိုင်းမှာတော့ သုသာန်သင်္ချိုင်းတွေကို တဖြည်းဖြည်း သဘောကျလာပါတယ်။ မော်လမြိုင် ဖားအောက်တောရကို နှစ်သက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကျောင်းဝန်းဧရိယာထဲ သုသာန်သင်္ချိုင်း ရှိနေတဲ့အချက်ကလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်။ မနက်စောစော တောကျောင်းသွားတဲ့အခါတိုင်း အဲဒီသင်္ချိုင်းဘေးကနေ ကပ်ပြီး ဖြတ်သွားရတဲ့လမ်းလေးကို အင်မတန်မှ သဘောကျတယ်။ အဲဒီသင်္ချိုင်းဘေး ဖြတ်သွားတဲ့အခါ အုတ်ဂူပေါ်က နာမည်တွေ လိုက်ဖတ်ရင်း “တစ်ချိန်က သူတို့လည်း ငါ့လို ရှင်သန်ခဲ့ရတာပဲ” “တစ်ချိန်မှာ ငါလည်း သူတို့လို မြေကြီးထဲ ရောက်သွားမှာ”လို့ တွေးမိတိုင်း မမြဲခြင်းလောကသဘောကို ပိုဆင်ခြင်ဖြစ်တယ်၊ ရှင်သန်နေတဲ့အချိန်တွေကို ပိုတန်ဖိုးထားလာဖြစ်တယ်။
အဲဒီအချိန်ကတည်းကစပြီး ကိုယ့်အတွက်တော့ သင်္ချိုင်းဆိုတာ ကျက်သရေမင်္ဂလာရှိတဲ့ နေရာတစ်ခုလိုပဲ ခံစားလာရတော့တယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားဟာ သုသာန်ဓုတင်ဆောင်တဲ့ ရဟန်းတွေကို အင်မတန်မှ နှစ်သက်ပြီး ချီးမွမ်းတော်မူခဲ့တာဖြစ်တယ်။ ဘုန်းကြီးကျောင်းနဲ့ သင်္ချိုင်း ဒီလောက်ပနံသင့်လှတဲ့ ကိစ္စကြီးမှာ ဘုရားဒကာ ကျောင်းဒကာဆိုတဲ့ နာမည်ကျော် ပွဲစားကြီး ဆာဘိုးသာရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကိုသာ တအံ့တဩဖြစ်ရပါတော့တယ်။ နောက်ဆုံးမှာတော့ ဆရာတော် အရှင်သေဋ္ဌိလ ပထမကျော် အောင်လက်မှတ် မရတာပဲ အဖတ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အပိုင်း (၂) ဆက်ရန်……


https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html