Saturday, November 8, 2014

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၄)

 နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၄)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများ

ဥပဒေကို အကြမ်းအားဖြင့် ခွဲကြည့်ပါက နှစ်မျိုးနှစ်စားတွေ့ရှိရပေမည်။ တမျိုးမှာ အစိုးရအဖွဲ့က လိုက်နာရန် ပြည်သူတို့က ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ပြီး အခြားတစ်မျိုးမှာ ပြည်သူတို့ကလိုက် နာရန် အစိုးရက ရေးဆွဲပြဌာန်းထားသော အုပ်ချုပ်ရေးဥပဒေများပင်ဖြစ်သည်။ ၎င်းအုပ်ချုပ်ရေးဥပဒေများ ကို ထပ်မံခွဲကြည့်ပါက အောက်ပါအတိုင်း (၅) မျိုး ရှိသည်ကို တွေ့ရသည်။

၁။ ထုံးတမ်းစဉ်လာများ

၂။ စီရင်ချက်များ၊ ဖြတ်ထုံးများ

၃။ ဥပဒေပြု အဖွဲ့မှ ပြုလုပ်သောဥပဒေများ

၄။ကြားဖြတ် တဆင့်ထုတ် ဥပဒေများ(bye law)

၅။ အမိန့်ပြန်တမ်းများ ဖြစ်သည်။

ဥပဒေကိုချိုးဖောက်လျှင် ပြစ်ဒဏ်ပေးနိုင်သော်လည်း ထုံးတမ်းစဉ်လာကိုချိုးဖောက်ပါက ထိရောက်စွာ ပြစ်ဒဏ်မပေးနိုင်ပေ။ ဥပမာ ဥပုလ်မစောင့် ဆွမ်းမလောင်းခြင်း၊ ဘုရားပန်း ဆီမီးမကပ်လှူခြင်း ဝါတွင်းလက်ထပ်ခြင်းစသော အစဉ်အလာများကိုချိုးဖောက်ပါက ဥပဒေအရအရေးမယူနိုင်ပေ။ သို့ရာတွင် လူ့အဖွဲ့အစည်းကမူ ထိုအစဉ်အလာ ချိုးဖောက်သူများအား အပြစ်တင်၊ ကဲ့ရဲ့ ဝိုင်းပယ်တတ်ကြသည်။

တိုင်းပြည်တစ်ပြည်၌ ဖွ့ဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အရေးကြီးဆုံးဖြစ်သည်။ အုပ် ချုပ်ရေးဥပဒေများကို အစိုးရကသာအများအားဖြင့် ပြုလုပ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကို ပြည် သူ့ကိုယ်စားလှယ်များဖြင့် အထူးတလည်ဖွဲ့စည်းထားသော “တိုင်းပြု ပြည်ပြုလွှတ်တော် “ကရေးဆွဲသည်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အစိုးရအဖွဲ့ကလိုက်နာရန်ပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့တွင် ၎င်းအ ခြေခံဥပဒေနှင့် ဆန့်ကျင်၍မည်သည့်ကိစ္စတစ်ခုကိုမျှ ဆောင်ရွက်နိုင်ခွင့်မရှိပေ။ ပြည်သူလူထုသည် အစိုးရ အား ၎င်းတို့ကိုမည်ကဲ့သို့အုပ်ချုပ်ရမည် အစိုးရအဖွဲ့ကိုလည်း မည်ကဲ့သို့သောအသွင်အပြင်မျိုးဖြင့် ဖွဲ့စည်းရ မည်ဟု အခြေခံဥပဒေဖြင့်ပြဌာန်းထား၏။ ထို့ကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အစိုးရနှင့်ပြည်သူတို့ သဘောတူ ချုပ်ဆိုထားသောစာချုပ်တစ်ခု ဟူ၍ ယူဆနိုင်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မှတ်တမ်းတင်ထားသောဥပဒေနှင့် မှတ်တမ်းမတင်ထား သောဥပဒေဟူ၍ နှစ်မျိုးနှစ်စားခွဲခြားနိုင်သည်။ သို့ရာတွင်ဤကဲ့သို့မှတ်တမ်းတင်ထားသော (Documentary) နှင့် မှတ်တမ်းမတင်ထားသော ဥပဒေ(Non Documentary) ဟူ၍ ခွဲခြားခြင်းမှာ အရေးမ ကြီးပေ။ မှတ်တမ်းတင်ထားသည်ဖြစ်စေ၊ မှတ်တမ်းမတင်ထားသော ဓလေ့ထုံးတမ်းစဉ်လာများပင်ဖြစ်စေ အခြေခံဥပဒေ၌ အကျုံးဝင်နေလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍သာ ယူဆသင့်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမှတ်တမ်းတင်၊ မှတ်တမ်းမတင်ခွဲခြားခြင်းထက် ပြင်ဆင်ရန် လွယ်ကူသော ဥပဒေ (Flexible Constitution) နှင့် ပြင်ဆင်ရန်ခက်ခဲသောဥပဒေ (Rigid Constitution)ဟူ ၍ခွဲခြားခြင်းကပို၍အရေးကြီးပေသည်။ အကြောင်းမှာ မျက်မှောက်ခေတ်တွင် မည်သည့်နိုင်ငံမှ မှတ်တမ်း တင်ထားသော ဥပဒေချည်းသက်သက် မရှိသကဲ့သို့မည်သည့်နိုင်ငံတွင်မှလည်း မှတ်တမ်းတင်မထားသော ဥပဒေချည်းသက်သက် မရှိသောကြောင့်ဖြစ်သည်။

ဥပမာ အမေရိကန်ပြည်ထောင်စုရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သာမန်အားဖြင့် ကြည့် ပါမူ ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်ဟုယူဆရသော်လည်း လက်တွေ့အုပ်ချုပ်ရာတွင် မှတ်တမ်းတင် ထားသော ဥပဒေနှင့်မလုံလောက်သောကြောင့် ထုံးတမ်းစဉ်လာများကို အသုံးပြုရကြောင်းတွေ့ရှိရသည်။

ဗြိတိသျှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စမ်းစစ်ကြည့်ပါက သာမန်အားဖြင့် မှတ်တမ်းတင်မ ထားသော ထုံးတမ်းစဉ်လာများဖြစ်ကြောင်း တွေ့ရှိရပေသည်။ သို့ရာတွင် လက်တွေ့အုပ်ချုပ်ရာ၌ ပါလီမန်က ပြုလုပ်သည့်မှတ်တမ်းတင်ထားသောဥပဒေများကို အသုံးပြုရကြောင်းတွေ့ရှိရပေသည်။

No comments:

https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html

100 Life-Changing Netflix Movies to Inspire You

100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...

https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html