#Success is not the key Happiness. Happiness is the key to success. If you love what you are doing, you will be successful. #Buddha_ အောင်မြင်မှုဟာ ပျော်ရွှင်ခြင်းရဲ့အဓိက သော့ချက်မဟုတ်ဘူး ပျော်ရွှင်မှုကသာ အောင်မြင်းခြင်းရဲ့အဓိက သော့ချက် ကိုယ်လုပ်ချင်တာကို ကျေကျေနပ်နပ်လုပ်နေရရင် သင်အောင်မြင်ပါလိမ့်မယ်။
Sunday, November 27, 2016
Tuesday, October 11, 2016
Countries With the Highest Flood Risk
Risk of Flooding Mapped Around the World
This was originally posted on Elements. Sign up to the free mailing list to get beautiful visualizations on natural resource megatrends in your email every week.
Devastating floods across Pakistan this summer have resulted in more than 1,400 lives lost and one-third of the country being under water.
This raises the question: which nations and their populations are the most vulnerable to the risk of flooding around the world?
Using data from a recent study published in Nature, this graphic maps flood risk around the world, highlighting the 1.81 billion people directly exposed to 1-in-100 year floods. The methodology takes into account potential risks from both inland and coastal flooding.
Asian Countries Most at Risk from Rising Water Levels
Not surprisingly, countries with considerable coastlines, river systems, and flatlands find themselves with high percentages of their population at risk.
The Netherlands and Bangladesh are the only two nations in the world to have more than half of their population at risk due to flooding, at 59% and 58%, respectively. Vietnam (46%), Egypt (41%), and Myanmar (40%) round out the rest of the top five nations.
Besides the Netherlands, only two other European nations are in the top 20 nations by percentage of population at risk, Austria (18th at 29%) and Albania (20th at 28%).
| Rank | Country | Flood risk, by population exposed (%) | Total population exposed |
|---|---|---|---|
| #1 | 58.7% | 10,100,000 | |
| #2 | 57.5% | 94,424,000 | |
| #3 | 46.0% | 45,504,000 | |
| #4 | 40.5% | 38,871,000 | |
| #5 | 39.9% | 19,104,000 | |
| #6 | 39.7% | 2,985,000 | |
| #7 | 38.1% | 7,431,000 | |
| #8 | 37.9% | 276,000 | |
| #9 | 37.7% | 233,000 | |
| #10 | 36.8% | 16,350,000 | |
| #11 | 33.9% | 25,431,000 | |
| #12 | 32.5% | 5,437,000 | |
| #13 | 31.1% | 71,786,000 | |
| #14 | 29.4% | 11,993,000 | |
| #15 | 29.3% | 1,170,000 | |
| #16 | 29.0% | 30,483,000 | |
| #17 | 28.7% | 36,060,000 | |
| #18 | 27.8% | 2,437,000 | |
| #19 | 27.7% | 389,816,000 | |
| #20 | 27.6% | 771,000 | |
| #21 | 27.5% | 394,826,000 | |
| #22 | 27.4% | 4,547,000 | |
| #23 | 27.0% | 75,696,000 | |
| #24 | 26.9% | 1,094,000 | |
| #25 | 26.7% | 1,401,000 |
The Southeast Asia region alone makes up more than two-thirds of the global population exposed to flooding risk at 1.24 billion people.
China and India account for 395 million and 390 million people, respectively, with both nations at the top in terms of the absolute number of people at risk of rising water levels. The rest of the top five countries by total population at risk are Bangladesh (94 million people at risk), Indonesia (76 million people at risk), and Pakistan (72 million people at risk).
How Flooding is Already Affecting Countries Like Pakistan
While forecasted climate and natural disasters can often take years to manifest, flooding affected more than 100 million people in 2021. Recent summer floods in Pakistan have continued the trend in 2022.
With 31% of its population (72 million people) at risk of flooding, Pakistan is particularly vulnerable to floods.
In 2010, floods in Pakistan were estimated to have affected more than 18 million people. The recent floods, which started in June, are estimated to have affected more than 33 million people as more than one-third of the country is submerged underwater.
The Cost of Floods Today and in the Future
Although the rising human toll is by far the biggest concern that floods present, they also bring with them massive economic costs. Last year, droughts, floods, and storms caused economic losses totaling $224.2 billion worldwide, nearly doubling the 2001-2020 annual average of $117.8 billion.
A recent report forecasted that water risk (caused by droughts, floods, and storms) could eat up $5.6 trillion of global GDP by 2050, with floods projected to account for 36% of these direct losses.
As both human and economic losses caused by floods continue to mount, nations around the world will need to focus on preventative infrastructure and restorative solutions for ecosystems and communities already affected and most at risk of flooding.
Source: visualcapitalist.com
Friday, November 20, 2015
Thursday, November 5, 2015
မတူကွဲပြားခြင်းမှ ညီညွတ်ငြိမ်းချမ်းခြင်းဆီသို့ _ DIVERSITY, UNITY and PEACE
လူသားများအားလုံးသည်
မွေးဖွားလာကတည်းက
သူ့ဝန်းကျင်၏သတ်မှတ်ချက်နှင့်
ဘဝပေးအခြေအနေအတိုင်း
အသားအရောင်၊ မျိုးနွယ်စု၊ အမြင်
အတွေးအခေါ်၊ ယုံကြည်
ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အပြင်ပန်းအသွင်အပြင်များ၊ အမြဲတူညီနိုင်ကြမည်မဟုတ်ပေ။ ထိုသို့မတူညီခြင်းကို အရောင်အသွေးစုံသောပန်းများ ဥယျာဉ်ကြီးတွင် လောကအလှဆင်နေကြသည်ဟု အမြင်မှန်ဖြင့်မြင်ရပေမည်။ ၄င်းကိစ္စများနှင့် ပတ်သက်၍ အချင်းများနေစရာမလိုပေ၊ အတွင်းသားအနှစ်သာရကိုသာ အလေးထားရမည် ဖြစ်သည်။
ထိုသို့သဘောထားကြီးမြတ်ခြင်းသည် မိမိတို့၏ လုပ်ဆောင်ချက်များကို ရှင်သန်ကြီးထွား လာအောင် အကူအညီပေးရာရောက်ပြီး တခြားသူများ၏ ကိစ္စကိုလည်း ကူညီထောက်ပံ့ ပေးနေသကဲ့သို့ ဖြစ်မည်။ ယင်းသို့မဟုတ်ဘဲ လွဲမှားစွာပြုမူနေမိပါက၊ ကိုယ့်ပါတီ၊ လူမျိုး၊ ဘာသာရဲ့သေတွင်းကို ကိုယ်တူးနေသလိုဖြစ်ပြီး တခြားအယူအဆ ရပ်တည်ချက် မတူသူများကိုလည်း ဒုက္ခပေးနေသကဲ့သို့ဖြစ်မည်။ ထိုအချက်သည် ကျွန်ုပ်တို့ အားလုံးအတွက် အလေးအနက် သတိကြီးကြီးထားရမည့် အချက်ဖြစ်သည်။
ညီညာမှ ပြည်သာမည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ နားလည်ပေးနိုင်မှု၊ ခွင့်လွှတ်တတ်မှုများဖြင့်ဆက်ဆံကြရမည်။ အသိတရားမျးကို မျှဝေပြီး၊ ပူးပေါင်း၊ ညှိုနှိုင်းဆောင်ရွက်ခြင်းဖြင့်ရှေ့ဆက်ကြရမည်။ မိမိတစ်ဦးတည်းပင် အထင်နှင့် အမြင် ကွဲပြားခြားနားနိုင်သောကြောင့် ထိုမတူညီသောအယူအဆများကို အပြန်အလှန် လေးစားတတ်စေရန်နှင့် တန်ဖိုးထားတတ်စေရန် အရေးပါလွန်းလှသည်။ မိမိနေရာမှ အပေါ်ယံကြည့်ပြီး ကိုယ့်ပေတံဖြင့်တိုင်းတာခြင်း မပြုလုပ်သင့်ပေ၊ သူသည်ကိုယ်မဟုတ် ကိုယ့်ဘဝ၊ ကိုယ့်ကိစ္စ၊ ကိုယ့်ယုံကြည်ချက်နှင့် ကိုယ်ဖြစ်သည်ဖြစ်သောကြောင့်။ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခမဖြစ်စေဘဲ ကောင်းမွန်၊ မှန်ကန်သော အမူအကျင့်များနှင့် လွတ်လပ်မျှတစွာ တရားသဖြင့် ယှဉ်ပြိုင်အပြီးတွင် ချစ်ချစ်ခင်ခင် ပူးပေါင်းကာ အမိနိုင်ငံအတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ကြရမည်ဖြစ်သည်။ ကမ္ဘာ့အကြောင်းကိုသိပြီး ရင်ပေါင်တန်းကာ အလုပ်လုပ်နိုင်ရမည်။ အတူတကွတည်ရှိနေထိုင်ကြခြင်းကြောင့် မတူညီမှုများ၊ ကွဲပြားခြားနားမှုများကို ဂုဏ်ယူစွာနားလည်လက်ခံပြီး ညီညွတ်စွာစုပေါင်းပြီး နိုင်ငံ့မျက်နှာတစ်ခုတည်းကိုသာကြည့်ကာ လုပ်ကိုင်ကြရမည်။ သို့မှသာ အမှန်တရားကို ကျော်လွန်ကာ ချစ်၍ဘက်လိုက်မိခြင်း၊ မုန်း၍အငြိုး အတေးဖြင့်ပြုလုပ်ခြင်း၊ ကြောက်သဖြင့် စိတ်မပါဘဲလုပ်ရခြင်း၊ မသိ၍ပြုမူမိခြင်း စသောအဂတိတရားများကို ကျော်လွန်နိုင်ကြမည် ဖြစ်သည်။
အာဏာသိမ်းခြင်းခံရသော ဖယ်ဒရယ်သည် ၁၉၄၇.ခုနှစ်မှ စတင်ကာ စာရွက်ပေါ်တွင် အိပ်စက်နေခဲ့ရရှာပြီး နှစ်ပေါင်းအတော်ကြာအိပ်ရေးဝပြီမို့ လှုပ်နှိုးပြီး အသက်သွင်းရန်အချိန်တန်ပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖယ်ဒရယ်သည် နိုင်ငံသားတိုင်း ဆာလောင်နေသော ရေပင်ဖြစ်သည်။
ပညာရည်မပြည့်ဝသော နှလုံးသားများကြောင့် မြန်မာပြည်မှ ဦးဆာင်သူများသည် တိုင်းပြည်အကျိုးထက် မိမိအကျိုးစီးပွားကိုသာ ဦးစားပေးပြီး ကမ္ဘာ့ပြတင်းကို မျက်ကွယ်ပြုခဲ့သြဖြင့် နိုင်ငံသားများသည် သတိ ဝီရိယ လက်လွတ်ကာ ဆင်းရဲတွင်းထဲတွင်နစ်ခဲ့ကြသည် ဆင်းရဲမှုသက်ဆိုးရှည်ခဲ့သောကြောင့် မြန်မာလူမျိုးတို့၏ မျိုးရိုးကြီးကျယ်မြင့်မြတ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်းသည်လည်း ကာလအတန်ကြာ တိမ်ကောခဲ့ရပြီးဖြစ်သည်။
ကျောက်တုံးကြားမှမြက်ကဲ့သို့ အာဏာရှင်တို့၏ ကိုယ်ကျိုးသာကြည့်တတ်သော မတရားမှုများသည် ယနေ့ထိတိုင် ခိုင်မြနေဆဲဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ မရှိမဖြစ် လိုအပ်ချက်ဖြစ်သောစနစ် ဖယ်ဒရယ်ဟူသော ဖြောင့်မှန်သောလမ်းကြောင်း သဘာဝအမှန်တရားကိုသွေဖီကာ ဇွတ်အတင်း မိမိတို့ သဘောကျသော စနစ်များကို ဆွဲယူသုံးစွဲနေပါက။ အမြစ်အနည်းငယ်ကို လျစ်လျူရှုထားမိသကဲ့သို့ ပင်စည်ကြီးကို ဖြတ်တောက်ပစ်သော်လည်း အာဏာရှင် အဆိပ်ပင်ကြီးဟာ ပြန်လည်ရှင်သန်လာနိုင် သောကြောင့်၊ ဖယ်ဒရယ်ကို အထင်မှားသော၊ အမြင်မှားသော၊ အရေးမှားသော၊ မကောင်းသော အကျင့်ဆိုးများကို တစ်စက်မှမကျန်အောင် နိုင်ငံကြီးသားပီသစွာ မိမိအတွင်းစိတ်မှ ကုန်စင်အောင် ဖယ်ထုတ်ပစ်ကြသင့်သည်။
ရထားသော အပြောင်းအလဲ တစ်ခုကို နိုင်နင်းစွာ ကြိုးမကိုင်တတ်လျှင် နိုင်ငံ၏ အနာဂတ်သည် အာဏာသိမ်းခြင်းဟူသော အသူရာချောက်ကမ်းပါးထဲကို ပြန်ကျသွားနိုင် သောကြောင့် နိုင်ငံ၏အပြောင်းအလဲအတွက် ဦးဆောင်ကြိုးကိုင်သူများသည် အရေးပါလွန်းလှသည်။ ယနေ့သည် စုပေါင်းညီညာစွာဖြင့် အချိန်ကြာကြာ၊ မရပ်မနား၊ ရိုရိုသေသေ၊ ရွှင်ရွှင်လန်းလန်းဖြင့် နိုးထကာ အာရုံနှင့်စိတ်ကပ်ပြီး နိုင်ရာတာဝန် ယူကြကာ ကြိုးစားရမည့်အချိန်အခါကျရောက်ပြီဖြစ်သည်။
မိမိတို့သည် အတိတ်မှအရိပ်ဆိုးများကို ခွင့်လွှတ်ကြပါစို့ စိတ်သဘောထားသေးသိမ် သူတို့သည် ခွင့်မလွှတ်နိုင်ကြပေ၊ စိတ်သဘောကို ကြီးကြီးထားကြပါစို့။ ခွင့်လွှတ်ခြင်းဖြင့် အနာဂတ်ကိုပြောင်းလဲနိုင်ဖို့ အားသစ်၊ အင်သစ်၊ အသွေးသစ်လောင်းကြပါစို့။ ဒီမြေ ဒီရေ ဒီလေ ကိုအတူရှူရှိုက်နေကြသောလူသားအချင်းချင်း ချစ်ခြင်းမေတ္တာကို မွေးဖွားကြပါစို့။ ပန်းပေးသူရဲ့ လက်မှာ မွှေးရနံ့စွဲကျန်ရစ်ခဲ့သလို နှစ်ပေါင်း(၆ဝ)တိုင်အောင် ပြည်တွင်းစစ်မီးမငြိမ်းနိုင်သေးသော အမိမြန်မာပြည်သမိုင်းကိုပြောင်းပြန်လှန်ကာ ပေးဆပ်အနစ်နာခံခြင်းဖြင့် ငြိမ်းချမ်းခြင်းကို ပေးသော လက်ပိုင်ရှင်များဖြစ်အောင်ကြိုးစားကြပါစို့။
ရန်ကို ရန်ဖြင့် တုန့်ပြန်ခြင်း၊ မုန်းတီးခြင်း၊ လက်စားချေခြင်းတို့သည် ရန်ပွဲစက်ဝိုင်း လည်အောင်သာလုပ်လျှက် ၄င်းစက်ဝိုင်းကို ရပ်တန့်အောင်မလုပ်နိုင်ချေ။ အပြန်အလှန် နားလည်ပေးနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာတည်ဆောက်ခြင်းကသာ ထိုလည်နေသောစက်ကို ဖြတ်တောက်နိုင်စွမ်းရှိသည်။ ယနေ့ခါးသီးနေကြသော ကမ္ဘာကြီးတွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ထိုငြိမ်းချမ်းသာယာခြင်းတို့ရဲ့ ချိုမြိန်သောအရသာ ဘယ်လောက်များ လိုအပ်နေသလဲဆိုတာ လူသားတိုင်းအသိဖြစ်ပါသည်။ သဘောထား ကွဲလွဲမှုများကို နားလည်ပြီး၊ တူရာဖြင့်စု၍ စလုပ်ကြပါစို့။ မိမိတို့၏မကောင်းသော အလေ့အထ အတွေး၊ အကြံ၊ အယူအဆများကို တစ်ခါတစ်ရံမှ အမြဲတစေမဖြစ်စေရအောင် ပြောင်းပြန် တွေးကြည့်ကြပါစို့။ ကျွန်ုပ်တို့အားလုံးတွင် ကိုယ်ပိုင်အတွေးအခေါ် အယူအဆများရှိပါသည်။ နှလုံးသားချင်း ရင်းနှီးတွေ့ဆုံမှုမှာ အတားအဆီးဖြစ်နေစရာ အကြောင်းမရှိပေ။
အပြုစိတ်သဘောထား ပြောင်းလဲရန်မှာ အခက်အခဲဆုံးအလုပ်ဟုပြောကြသော်လည်း ထိုခက်ခဲသောအလုပ်ကိုပင် ကျွန်ုပ်တို့ မရ ရအောင် ပြောင်းလဲယူရမည် ဖြစ်ပါသည်။ ထိုသို့ စိတ်ဓါတ်တော်လှန်ရေး မဆင်နွှဲနိုင်ပါက မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့သည် ကမ္ဘာ့ပြေးပွဲကြီး၌ နောက်ကျနေတော့မှာသေချာပါသည်။ အရွယ်သုံးပါးအားလုံးအတွက် မနက်ဖြန်ရှိသည်။ မနက်ဖြန်တွင်ကျွန်ုပ်တို့ဘဝကို အလှနဲ့ဂုဏ်သိက္ခာပေးနိုင်ဖို့ အတွေးဟောင်းကို အမှိုက်တောင်းထဲ အလျှင်အမြန်ပြေးထည့်ပြီး အတွေးသစ်များဖြင့် ညီညီညာညာစုပေါင်း ကြိုးစားကြလျှင်ဖြင့် တတိယကမ္ဘာက ပြေးထွက်နိုင်မှာပါဟု အကြွင်းမဲ့ ယုံကြည်နေမိပါကြောင်း။
#NAYZAW_TUN
OCT_12.2015.AD
#BUDDHIS_M
#CHRISTAINNIT_Y
#ISL_A_M
#HI_N_DUISM
#SIKSIH_M
#A_NIMISM
#OTHER R_ELIGIONS
Tuesday, June 23, 2015
ပြည်တွင်းငြိမ်းချမ်းရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်
မြန်မာ ပြည်တွင်းငြိမ်းချမ်းရေးဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်
---
တိုက်ပွဲတွေဖြစ်ရာ ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေနဲ့သာ ငြိမ်းချမ်းရေးက သက်ဆိုင်တယ်လို့ တချို့ ထင်မှတ်မှားနေကြပါတယ်။ ကိုယ်နေထိုင်တဲ့ မြို့ရွာတွေမှာ တိုက်ပွဲမဖြစ်လို့ ကိုယ်နဲ့မဆိုင်ဘူးလို့ မတွက်ကြပါနဲ့။ တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ငြိမ်းချမ်းရေးရအောင် စိတ်ဝင်စားစွာ အားပေးထောက်ခံကြရမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA) အပြီးသတ်လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာ ၁၇ လ ကြာပြီဖြစ်တာကြောင့် အဆုံးသတ် သင့်ပြီလို့လည်း မြင်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ ဘာ့ကြောင့်သက်ဆိုင်ပါသလဲ။ မြန်မာပြည် ခေတ်နောက်ကျ ကျန်ခဲ့ရတဲ့ အကြောင်းအရင်းများစွာထဲမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ ကြီးမားတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံတစ်ဝန်းလုံးက ပြည်သူတစ်ဦးတစ်ယောက် ချင်းစီရဲ့ ဘဝတွေကို ရိုက်ခတ်နေတာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ရှုမြင်မိပါတယ်။
ကချင်ပြည်နယ်မှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲတွေဖြစ်နေတာ ကချင်လူမျိုးတွေနဲ့ပဲဆိုင်တယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ TNLA တု့ိ တိုက်ပွဲတွေဖြစ်တာ တအာင်းတွေနဲ့ပဲဆိုင်တယ်။ ကိုးကန့်ဒေသမှာ အစိုးရတပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်တာ ကိုးကန့်လူမျိုးတွေနဲ့ပဲ ဆိုင်တယ် ဆိုပြီး မတွေးလိုက်ကြပါနဲ့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ပလောင်၊ လီဆူး၊ ရဝမ်၊ အခါ၊ ပအိုဝ့် တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ တစ်မြေတည်းက မိသားစုတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညီနောင်သားရင်းလို သဘောထားကြမယ်ဆိုရင် ဘယ်သူမဆို ဒီတိုက်ပွဲတွေကို အဆုံးသတ်စေချင် ကြမှာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရတာကို လိုလားကြပါတယ်။
ဒါ့ကြောင့် ငြိမ်းချမ်းရေးဆိုတာ ကုန်ပစ္စည်းတစ်ခုလို ဈေးဆစ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေချည်းပဲလည်း တောင်းဆိုလို့မရပါဘူး။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး တိုင်းပြည်အတွက် အမျှတဆုံး အဖြေကိုသာ ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အရေးကြီးဆုံးတစ်ချက်က အတ္တကိုယ်ကျိုးစီးပွားကင်းဖို့နဲ့ ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့ စိတ်ရှိဖို့ပါပဲ။ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းရင်းသားတွေကို အေးချမ်းတည်ငြိမ်တဲ့ ဘဝမျိုးရစေချင်ရင်တော့ အပစ်ရပ်လက်မှတ်ရေးထိုးတာကို ဘယ်သူ့ပယောဂမှ မပါဘဲ လက်ခံရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းဖို့အတွက် ခေါင်းနဲ့ပန်းလိုဒွန်တွဲနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အောင်မြင်စွာပြီးမြောက်မယ်လို့ ပြည်သူအားလုံးက မျှော်လင့်ယုံကြည် နေကြပါတယ်။ NCA စာချုပ်ထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ အဓိကကတိကဝတ်ကြီးနှစ်ခုကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေရှာဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတဲ့ နှစ်ချက်ပဲ ဖြစ်ပါတယ်။ အခွင့်အခါကောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ လက်လွတ်မခံသင့် ဘူးလို့ပဲ ဆိုချင်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာ နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က ကြီး ၅ ကြီး၊ SD ခေါင်းဆောင် ၃ ဦး ပေါင်း ၈ ဦးတို့ NCA ကိစ္စဆွေးနွေးကြမယ်လို့ သိရပါတယ်။ ကောင်းမွန်တဲ့ ရလဒ်ထွက် ပေါ်လာပါစေလို့ မျှော်လင့်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာလေ။ NCA လက်မှတ်ထိုးနိုင်ရင် လက်ငင်းရမယ့် အကျိုးကျေးဇူး ကတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူတွေဟာ ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်ကို လက်တွေ့ခံစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်နေတဲ့ ကိစ္စဖြစ်တာကြောင့် NCA လက်မှတ်ထိုးနိုင်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလိုက် ပါတယ်။
Tuesday, January 6, 2015
နိုင်ငံရေးသိပ္ပံ-အပိုင်း(၂၃)
Political Science Part (23)
ဆန္ဒနယ်
အထက်တွင်မျက်မောက်ခေတ် နိုင်ငံများကျယ်ဝန်းမှုနှင့် လူဦးရေများပြားမှုတို့ကြောင့် တိုက်ရိုက် ဒီမိုကရေစီစနစ်ကို အသုံးပြု၍ ဖြစ်နိုင်ကြောင်းဖော်ပြခဲ့သည်။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီကို အသုံးပြုရကြောင်းကိုလည်း ဖေါ်ပြခဲ့ပြီးပေပြီ။
ဥပဒေပြု လွှတ်တော်သည် နိုင်ငံသား အားလုံးတို့ိကို တချိန်တည်း ရွေးကောက် တင်မြှောက်ရန်မှာလည်း ဖြစ်နိုင်သောကိစ္စတရပ် တစ်ခုမဟုတ်ပေ။ ယင်းသို့ဖြစ်စေရန် နိုင်ငံသားအားလုံးတို့၏ ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရပေမည်။ နိုင်ငံသားအားလုံးတို့၏ ကိုယ်စားလှယ်များဖြစ်စေရန် နိုင်ငံသားအားလုံး ရွှေးကောက်တင် မြှောက်မှသာလျှင် ဖြစ်နိုင်ပေမည်။
နိုင်ငံသားအားလုံးက လိုသမျှကိုယ်စားလှယ်အားလုံးတို့ကို တချိန်တည်းတနေရာတည်း ရွေးကောက်တင်မြှောက်ရန်မှာလည်း ဖြစ်နိုင်သော ကိစ္စတခုမဟုတ်ပေ။ ထို့ကြောင့် မဲဆန္ဒနယ်မှ မဲဆန္ဒရှင်တို့ကို အစုငယ်များခွဲထားရပေမည်။ မဲဆန္ဒနယ်ကို အုပ်ချုပ်ရေးနယ်နမိတ်အတိုင်း သတ်မှတ်လေ့ရှိသောကြောင့် မဲဆန္ဒနယ်တနယ်နှင့် တနယ်အတွင်းရှိသော လူဦးရေမညီမျှသည့်ပြဿနာနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ယခုခေတ်တွင် နေဒေသနှင့် ရင်ဆိုင်ရလေ့ရှိသည်။ ထို့ကြောင့် ယခုခေတ်တွင် နေရာဒေသတွင် နေရာဒေနှင့် လူဦးရေအလိုက်ခွဲခြားထားသော နည်းနှစ်စလုံးကို အသုံးပြုလျှက်ရှိ၏။
မဲဆန္ဒနယ်တနယ်မှ ကိုယ်စားလှယ် ရွေးကောက်ပွဲ စေလွှတ်ရာတွင်လည်း တိုင်းပြည် တပြည်နှင့်တပြည် မတူညီကြပေ။ တချို့နိုင်ငံများတွင်မူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် တစ်ယောက်သာ ရွှေးချယ်၍ တချို့နိုင်ငံများတွင်မူ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် တယောက်ကျ ရွေးကောက်တင်မြောက်သည်ကို တွေ့ရသည်။ မဲဆန္ဒနယ် ကိုယ်စားလှယ်တစ်ယောက်ကျ ရွေးကောက်တင်မြှောက်သောစံနစ် (Single Member Constitunecy) နှင့် မဲဆန္ဒ ကိုယ်စားလှယ် တစ်ယောက်ထက်ပို၍ ရွေးကောက်တင်မြောကသောစံနစ် (Multi-Member Constitueency) ဟူ၍ နှစ်မျိုုးနှစ်စားရှိကြောင်းမှတ်သားရပေမည်။ ကမ္ဘာ့နိုင်ငံအများစုတွင် မဲဆန္ဒတနယ် ကိုယ်စားလှယ်တစ်ယောက်စံနစ်ကို အသုံးးပြုကြသည်။
ယင်းသို့ ဆန္ဒတနယ် ကိုယ်စားလှယ်တစ်ေယောက်စံနစ် အသုံးများခြင်းမှာ-
(၁) မဲဆန္ဒရှင်တို့ မဲပေးရာတွင် လွယ်ကူခြင်း။
(၂) အရှုံးအနိုင်မဲရေတွက်ရာတွင် လွယ်ကုူခြင်း။
(၃) မဲဆန္ဒတနယ်တွင် အမတ်တယေက်သာ ရှိသဖြင့် ၎င်းအမတ်တွင် မဲဆန္ဒနယ်နှင့် ပတ်သက်ေသော တာဝန်အားလုံးရှိနေသည်။ ထို့ကြောင့်် မဲဆန္ဒရှင်တို့သည် ကိုယ်စားလှယ် တယောက်စံနစ်ကို အသုံးများသည်ဟု ယူဆရပေမည်။
(၄) မဲဆန္ဒတနယ်တွင် အမတ်တဦးသာ ရှိသောကြောင့်် မဲဆန္ဒရှင်တို့၏ အရေးဆိုချက်များကို ခေါင်းရှောင်ရန်သော်လည်ေကောင်း ၊ ပခုံးပြောင်းရန်ေသော်လည်ကောင်း မဖြစ်နိုင်ပေ။ မဲဆန္ဒရှင်တို့၏ အလိုဆန္ဒနှင့် လိုက်လျောကိုက်ညီစွာ ထမ်းဆောင်ရန်သာ အကြောင်းရှိခြင်းတို့ကြောင့် မဲဆန္ဒကိုယ်စားလှယ် တယောက်စံနစ်ကို အသုံးများးသည်ဟု ယူဆရပေသည်။
မဲဆန္ဒတနယ် ကိုယ်စားလှယ် တယောက်စံနစ်၏ မကောင်းကျိုးများ
(၁)မဲဆန္ဒနယ်များကို လူဦးရေအညီအမျှဖြင့် ခွဲခြားထားသော်လည်း လူအများသည် စီးပွားရေးအခြေအနေကြောင့် လည်ကောင်း တခြားအကြောင်းများကြောင့်လည်ကောင်း မဲဆန္ဒတနယ်မှ တနယ်သို့ ပြောင်းရွှေ့နေခြင်းကြောင့် မဲဆန္ဒနယ် တနယ်နှင့်တနယ် မဲဆန္ဒရှင်များ အရေအတွက်တူညီကြလိမ့်မည်မဟုတ်ပေ။
ဥပမာ အားဖြင့် ၁၈-ရာစုနှစ်နောက်ပိုင်းကာလတွင် အင်္ဂလန်၌ စက်မှုလက်မှုထွန်းကားလားသောအခါ စက်ရုံအလုပ်ရုံရှိသောမြို့များသို့ လူများပြောင်းရွှေ့နေကြသဖြင့် ရှေယခင်က လူဦးရေများသောမြို့များတွင် လူဦးရေအလွန်နည်းပါးသွားသည်။ သို့ရာတွင် ၎င်းလူဦးရေနည်းပါးသောမြို့ရွာများမှ မဲဆန္ဒ္ဒတနယ် အမတ်နှစ်ဦိးကျစီ ရွေးကောက်တင်မြှောက်ခွင့််ရကြပြီး လူဦးရေထူထပ်သော မြို့သစ်များမှာမူ အမတ်တစ်ဦးတစ်လေမျှပင် ရွေးကောက်တင်မြှောက်ခွင့်မရရှိခဲ့ကြပေ။ မဲဆန္ဒရှင်များပြောင်းရွှေ့ နေထိုင်မှုကြောင့် မဲဆန္ဒတနယ်တွင် လူ ၂၀၀၀၀ လောက်ဖြင့် ကိုယ်စားလှယ်တစ်ဦးရရှိနိုင်ပြီး တခြားတနယ်တွင်မူ လူ ၄၀၀၀၀ လောက်မှ ကိုယ်စားလှယ်တစ်ဦးသာ ရရှိနိုင်ပေမည်။ ယင်းသို့ဖြစ်လာလျှင် မမျှတသောကြောင့်် မကောင်းပေ။
(၂)မဲဆန္ဒတနယ် ကိုယ်စားလှယ်တစ်ယောက်စံနစ်သည် သာမန်မဲဆန္ဒအများစုဖြင့် နိုင်သူတယောက်ကိုသာ ရွေးသောစံနစ်ဖြစ်သောကြောင့် လူနည်းစုတို့နစ်နာကြရသည်။ ဥပမာ မဲဆန္ဒရှင် လူ၃၀၀၀၀ ရှိသော မဲဆန္ဒနယ်တနယ်တွင် လူသုံးယောက်တို့က ကိုယ်စားလှယ်လောင်းများအဖြစ် အရွေးခံကြရာ ပထမလူ မဲပေါင်း ၁၁၀၀၀ ရရှိ၍ ဒုတိယလူ မဲပေါင်း ၁၀၀၀၀ ရရှိကာ တတိယလူ မဲပေါင်း ၉၀၀၀ သာရရှိလျှင် ပထမလူသည် အမတ်အဖြစ် အရွေးခံရပေမည်။
အထက်ပါအချက်ကို ဆန်းစစ်ကြည့််လျှင် လွှတ်တော်တွင်း၌ မဲဆန္ဒရှင် ၁၁၀၀၀ တို့၏ ကိုယ်စားလှယ်သာရှိပြီး ရှုံးသော အမတ်လောင်းနှစ်ဦးကို မဲပေးကြသော မဲဆန္ဒရှင်ပေါင်း ၁၉၀၀၀ တို့၏ ကိုယ်စားလှယ်မရှိကြောင်း တွေ့ရှိရပေမည်။ ယင်းသို့ လူနည်းစု ၁၁၀၀၀ တို့၏ ကိုယ်စားလှယ်သာရှိပြီး လူများမှ ၁၉၀၀၀ တို့၏ ကိုယ်စားလှယ်မရှိခြင်းကြောင့် ၎င်းမဲဆန္ဒနယ်မှ အမတ်သည် လူများစု၏ ကိုယ်စားလှယ် မည်သို့ဖြစ်နိုင်အံ့နည်း။
နိုင်ငံတိုင်း၌ တိုင်းရင်းသားအမည်ခံလူမျိုးခြားများ ရှိကြစမြဲပင်ဖြစ်သည်။ ၎င်းလူမျိုးခြားများသာ မဲဆန္ဒတနယ်ထဲ၌ ရှိနေကြသည်မဟုတ်ပေ။ မဲဆန္ဒတနယ်အများအပြားတွင် အနည်းငယ်စီ ပြန့်ကြဲလျက်နေထိုင်ကြသည်။ ယင်းသို့မဲဆန္ဒတနယ်စီတွင် အနည်းငယ်စီပြန့်ကြဲနေသော်လည်း ၎င်းတို့အားလုံးကိုစုစည်းလိုက်ပါက ကိုယ်စားလှယ်များ စေလွှတ်နိုင်အောင် များပြားကြသည်။ သို့ရာတွင် ၎င်းတို့၏ ကိုယ်စားလှယ်များလွှတ်တော်တွင်း၌ လုံးဝမရှိပေ။ ထို့ကြောင့် မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်မှာ လူနည်းစုကို နစ်နာစေသော စံနစ်တခုဖြစ်သည်။
(၃) ကမ္ဘာ့ရာဇဝင် အတွေ့အကြုံများအရ မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်ဖြင့် ပါင်္တီအချင်းချင်း ယှဉ်ပြိုင် အရွေးခံကြရာ၌ မမျှတကြောင်းတွေ့ရှိရသည်။ တန်ခိုးပါဝါအင်အားကြီးသော ပါတီသည် အမတ်တဦးအတွက် မဲအနည်းငယ်ဖြင့် အမတ်နေရာအများဆုံး အနိုင်ရရှိနိုင်ပြီး အားနည်သောပါတီမှာမူ ကိုယ်စားလှယ်အမတ်တဦးအတွက် မဲများစွာဖြင့် ကိုယ်စားလှယ်အနည်းငယ်သာ အရွေးခံရတက်သည်။ ယင်းသို့ မမျှတဖြစ်ရခြင်းမှာ မဲဆန္ဒတနယ် ကိုယ်စားလှယ်တယောက်စံနစ်သည် လူနည်းစုကို လျစ်လျူရှုထားသောကြောင့် ဖြစ်သည်။
Capacity - ကေပစီတီ
ကေပစီတီ-ကို တစ်စုံတစ်ယောက်ရဲ့ တစ်စုံတစ်ရာပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးလို့ အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှု၊ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်မှုတို့နဲ့ စပ်လျဉ်းပြီး Capacity ရှိတယ်၊ မရှိဘူးပြောတဲ့ အခါမှာတော့ အဓိပ္ပာယ်က အများကြီး ကျယ်ဝန်းပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွက် အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်ပြည့်စုံမှု၊ တခြားသော လူမှုရေးဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများ ပြည့်ဝပြည့်စုံမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ မိမိတာဝန်ကို ရိုသေလေးစားမှု စတာတွေ ပြည့်စုံမှ Capacity ရှိတယ်လို့ ပြောလို့ရမယ် ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အခက်အခဲ အကျပ်အတည်းတွေ တစ်ခုပြီးတစ်ခု ဆင့်ကဲဆင့်ကဲ ကြုံတွေ့နေကြရခြင်းဟာ တခြားအကြောင်းရင်းခံများနဲ့အတူ Capacity ပြဿနာကလည်း အဓိကကျတဲ့ကိစ္စ ဖြစ်တယ်ဆိုတာ အလေးဂရုပြုကြဖို့ အလွန်လိုအပ်ပါတယ်။
တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းကြီးဟာ တဖြည်းဖြည်း အီလည်လည် ဖြစ်လာသလို ခံစားလာကြရပါတယ်။ အပြောင်းအလဲဟာ နှေးကွေးနေပြီ၊ ရပ်တန့်နေပြီ စသဖြင့် ဝေဖန်ပြောဆိုသံတွေကလည်း ညံလာပါတယ်။
အစိုးရအဖွဲ့မှာ အားနည်းချက်တွေ အများကြီးရှိတယ်၊ လွှတ်တော်တွေ စွမ်းရည် မပြည့်ဝဘူး၊ ဝန်ထမ်းတွေကလည်း ပြည်သူ့ဝန်ထမ်းတွေလို မကျင့်ကြံကြဘူး၊ နိုင်ငံရေးပါတီတွေကလည်း အရည်အသွေးပြည့်မီရေး တော်တော်ကြီးလုပ်ဖို့ လိုသေးတယ်၊ လူထုကလည်း နိုင်ငံရေး အသိအမြင်တွေ အခုထက် ပြည့်ဝဖို့၊ စည်းကမ်းကောင်းဖို့ အများကြီး လိုသေးတယ်၊ တရားရေးမဏ္ဍိုင်က ယိမ်းယိုင်နေတယ်၊ မီဒီယာလောကကလည်း အဆင့်မမီဘူး စသဖြင့် ကဏ္ဍစုံဟာ ဝေဖန်မှု ခံနေရပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ အာဏာရှင် ခေတ်ဆိုးကြီးတွေကို ဖြတ်သန်းကြုံတွေ့ခဲ့ရလို့ လူ့အဖွဲ့အစည်းရော လူတစ်ယောက်ချင်းပါ လူစဉ်မီနိုင်ရေး အရေးပါလှတဲ့ Capacity ဟာ လုံးပါးပါးခဲ့ရပြီး အခုအခါမှာ အနိမ့်ဆုံး အနေအထားကို ရောက်နေခဲ့ရတာ ဖြစ်ပါတယ်။
နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်းနေရတာ၊ တိုးတက်မှု မရှိနိုင်တာဟာ Capacity ပြဿနာ ဖြစ်ပါတယ်။ ပညာ၊ အသိတရားနဲ့ ကျင့်ဝတ်တွေ မြင့်မားပြည့်စုံလာဖို့ အားလုံးက ဝိုင်းဝန်းအားထုတ်ခြင်း မရှိရင်တော့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းဟာ ဘယ်အစိုးရပဲ တက်တက်၊ အခြေခံဥပဒေကို ပြင်ရုံမက အသစ်ပဲပြန်ရေးရေး၊ ဘယ်နိုင်ငံတကာ အကူအညီတွေ ရင်းနှီးမြှုပ်နှံမှုတွေပဲ အလုံးအရင်းနဲ့လာလာ ဘယ်လိုမှ အနာဂတ်က လှပလာဖို့ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်တင်နေ လက်ညှိုးထိုးနေ လွှဲချနေလို့လည်း Capacity မြင့်မလာရင် တိုင်းပြည်ရဲ့ ပြဿနာတွေက ပြေလည်ဖို့ မရှိပါဘူး။
တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဦးနဲ့တစ်ဦး ဝေဖန်ထောက်ပြဖို့ ကြိုးစားကြရင်းနဲ့ နောက်တစ်ခါ တိုင်းပြည်ကို တိုးတက်ကောင်းမွန်ဖို့ ထူထောင်ရတာ မထိရောက်သလို ခံစားရတော့ ဟိုလူ့အပြစ်လိုလို ဒီလူ့အပြစ်လိုလိုနဲ့ အားမလိုအားမရ ဖြစ်လာကြရာက အချင်းချင်း ခပ်ကြမ်းကြမ်း ပြောဆို တိုက်ခိုက်မိလာကြတာ သတိထားမိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဗြဟ္မစိုရ်တရား ထွန်းကားတယ်လို့ ပြောနေကြရင်းနဲ့ပဲ လောကပါလတရားတွေ အားနည်းနေတယ်ဆိုတာ မညှာတာစတမ်း စဉ်းစားရင် အထင်းသား မြင်နိုင်ပါတယ်။
တစ်ဦးပေါ်တစ်ဦး ရန်လိုစိတ်တွေ၊ အမုန်းတရားတွေထားတာ လျှော့ကြဖို့ ချစ်ခင်စည်းလုံးကြဖို့ လိုအပ်နေပါသေးတယ်။ တစ်ဖက်က စဉ်းစားပြန်တော့လည်း အားလုံးစိတ်ထဲမှာ တစ်ဖက်နဲ့တစ်ဖက် ဒီလောက်ကြီး အငြိုးအတေး ရှိကြလို့ ဆိုတာထက် နှေးကွေးနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီး အောင်မြင်စေလိုတဲ့ စိတ်ဆန္ဒတွေ များနေကြတာသာ ဖြစ်ပြီး တကယ်တမ်းက စည်းလုံးညီညွတ်လိုတဲ့ လက်တွဲဆောင်ရွက်လိုတဲ့ အခြေခံရှိပြီးသား ဖြစ်ပါတယ်။ တိုင်းပြည်မှာ အဓိက လိုအပ်နေတဲ့ Trust ကို မတည်ဆောက်နိုင်ကြခြင်းကလည်း Capacity လိုအပ်နေတာကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ခိုင်မာဖို့ မဖြစ်မနေ အရေးကြီးလှတဲ့ Institution တွေ ခိုင်မာတောင့်တင်းအောင် တည်ဆောက်နိုင်ဖို့ ဆိုရင်လည်း Capacity ကို ထိထိရောက်ရောက် မြှင့်တင်နိုင်မှသာ ဖြစ်နိုင်မယ် ဖြစ်ပါတယ်။ Capacity တောင့်တင်းတဲ့ Institution တွေသာ အဆင့်မီနိုင် ခိုင်မာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အတောင့်တင်း အခိုင်မာဆုံး Institution ဆိုလို့ တပ်မတော်ပဲ ရှိတယ်လို့လည်း ပြောဆိုနေကြတာတွေ ရှိပါတယ်။ သေသေချာချာ လေ့လာကြည့်ရင် နှစ်ပေါင်းများစွာ တိုင်းပြည်က အဘက်ဘက် ယိုယွင်းဆုတ်ယုတ်နေစဉ် ကာလတွေမှာ တပ်မတော်အနေနဲ့ သူ့ရဲ့ Capacity ကို တည်ဆောက်ခွင့် တောက်လျှောက်ရခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်။
တခြားသော Institution တွေ အပါအဝင် လူထုအနေနဲ့ Capacity မြှင့်တင်ဖြည့်ဆည်းတဲ့ အလုပ်ကို အားသွန်ခွန်စိုက် လုပ်နိုင်မှသာ ဒီမိုကရေစီလည်း ပီပြင်လာမှာ ဖြစ်သလို တပ်မတော် အနေနဲ့လည်း နိုင်ငံရေးနယ်ပယ်ကနေ ထွက်ခွာဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ အခုထက်ပိုပြီး Capacity ပြည့်ဝအောင် တည်ဆောက်ပြီး လူထုက ချစ်ခင်လေးစား တန်ဖိုးထား အားကိုးတဲ့ Institution အဖြစ် တည်ဆောက်နိုင်အောင် ကျန်တဲ့ အင်အားစုများနဲ့ လူထုကပါ ဝိုင်းဝန်းတည်ဆောက်နိုင်ကြဖို့ အခြေအနေများ ဖန်တီးကြရမှာ ဖြစ်ပါတယ်။
Capacity မြှင့်တင်ရေးအတွက် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းလည်း မရှိသေးပါဘူး။ အစိုးရအဖွဲ့ အတွင်းမှာရှိတဲ့ ပုဂ္ဂိုလ်များရဲ့ Capacity မြင့်လာမှ အုပ်ချုပ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာမှာ ဖြစ်သလို လွှတ်တော်အမတ်များရဲ့ Capacity မြင့်မားလာမှလည်း ဥပဒေကောင်းများ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများရဲ့ Capacity မမြင့်လာဘဲနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတဲ့ လုပ်ငန်းတွေ ကောင်းလာဖို့ မရှိသလို လူထုရဲ့ အရည်အသွေး ဖြစ်တဲ့ နိုင်ငံရေးအသိ မြင့်မားဖို့၊ ပညာတတ်တွေ ဖြစ်ဖို့၊ CSR (Corporate Social Responsibility) လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းရဲ့ တာဝန်တွေကို မျှဝေ ထမ်းဆောင်ရေးဆိုတဲ့ သဘောတရားကို လက်တွေ့ ကျင့်ကြံကြတာတွေ မြင့်မားမလာဘဲနဲ့လည်း ဒီမိုကရေစီ အပြည့်အဝ ရခဲ့ရင်တောင်မှ တိုးတက်တဲ့ သာယာဝပြောတဲ့ လူ့ဘောင်တစ်ခု ထူထောင်နိုင်ဖို့ မျှော်လင့်လို့ မရနိုင်ပါဘူး။
Capacity မြင့်လာဖို့ဆိုတာက နိုင်ငံရေးကိုပဲ ငြင်းနေခုံနေကြလို့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပညာရေးကိုလည်း အဆင့်မီအောင် လုပ်နိုင်ရပါမယ်။ စီးပွားရေးကိုလည်း အားသွန်ခွန်စိုက် ထူထောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရွေ့လျားနေအောင်လုပ်ဖို့ လိုအပ်တာပါပဲ။
နိုင်ငံသားအားလုံးရဲ့ စည်းကမ်းနဲ့ စိတ်ဓာတ် မြင့်မားဖို့ကိုလည်း ပထမဦးစားပေးထဲ ထည့်စဉ်းစားမှ ဖြစ်မှာပါ။ အင်အားချည့်နဲ့နေတဲ့ Institution တွေအားလုံး အင်အား တောင့်တင်းလာဖို့အတွက် အပြန်အလှန် ဖေးမကြတာ သိပ်မရှိလှဘဲ သူမှားတယ်၊ ငါမှန်တယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ လက်ညှိုးတွေ အပြန်အလှန် ထိုးနေတာကို ရပ်ပြီး အပြန်အလှန် ဖေးမအားဖြည့်၊ အပြန်အလှန် လေးစား တန်ဖိုးထားလိုက်ကြဖို့၊ အားနည်းချက်တွေ လျော့ပါးပျောက်ကွယ်သွားအောင် နည်းလမ်းတွေ အတူတူ ရှာဖွေ အတူတူ အကောင်အထည်ဖော် ကြိုးပမ်းနိုင်ကြမှသာ ဒီမိုကရေစီရော ဖွံ့ဖြိုးတိုးတက်ရေးပါ အာမခံချက် ရှိလာမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ် အပါအဝင် မီဒီယာ၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူများနဲ့ တခြား အရပ်ဘက် လူ့အဖွဲ့အစည်းအသီးသီးတို့မှာ အားနည်းချက်တွေ ရှိနေပါတယ်၊ တစ်နည်းအားဖြင့် Capacity ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရေစီဟာလည်း ခက်ခက်ခဲခဲ တည်ဆောက်နေရတာ ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။ Capacity ပြည့်ဝလာတဲ့ တစ်နေ့မှာမှပဲ အားလုံးဟာ ကိုယ့်ရပ်တည်မှုအတွက် ဂုဏ်သိက္ခာ ပြည့်ပြည့်ဝဝ အာမခံချက်ရှိရှိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြမယ် ဖြစ်သလို အပြန်အလှန်လည်း ထောက်ပံ့ အားဖြည့်နိုင်ကြမှာ ဖြစ်ပြီး အဲဒီတော့မှ “နိုင်ငံတော်” ဆိုတာလည်း ခမ်းနားထည်ဝါလာဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော် အပါအဝင် အင်အားစုတွေ အားလုံးနဲ့ လူထုတစ်ရပ်လုံးဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် မိတ်ဖက်တွေအဖြစ် ရှုမြင်ကြပြီး အချင်းချင်း လိုအပ်တာကို တစ်ပြန် တစ်လှည့်စီ ဖြည့်ပေးနိုင်ကြရင် ပဋိပက္ခတွေလည်း လျော့နည်းလာမှာ ဖြစ်သလို တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ရောက်နိုင်မှာ မုချဖြစ်ပါတယ်။ ဝေဖန်ထောက်ပြတာက ပြဿနာ မဟုတ်ပေမယ့် အားလုံးမှာ အားနည်းချက်တွေ ကိုယ်စီ ရှိနေတာချင်း အတူတူ အပြစ်တွေ အလွန်အကျွံ အပြန်အလှန်တင်နေကြရင် အချိန်တေ ပိုကြာဖို့ပဲ ရှိပါတယ်။
အရေးကြီးဆုံးက အင်အားစု အသီးသီး၊ ကဏ္ဍအသီးသီး၊ မဏ္ဍိုင်အသီးသီးနဲ့ လူထုမှာပါ လိုအပ်နေတဲ့ Capacity ကို ဖြည့်ဆည်းမြှင့်တင်နိုင်ရေး အားလုံး ညီညီညွတ်ညွတ် လက်တွဲကြိုးစားကြဖို့ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။
Sunday, December 28, 2014
နိုင်ငံရေးသိပ္ပံ-အပိုင်း(၂၂)
Political Science Part (22)
အမျိုးသမီးများ မဲဆန္ဒပေးခွင့်ရရန် အကြောင်းပြချက်များ
၁။ နိုင်ငံတွင်ပြုလုပ်ထားသော ဥပဒေများသည် ယောကျာၤးများနှင့်သာ သက်ဆိုကြသည်မဟုတ် မိန်းမများနှင့်လည်း သက်ဆိုက်ကြသည်။ ထို့ကြောင့် ယောကျာၤးများသာ ပါဝင်သော ဥပဒေအဖွဲ့က ဥပဒေပြုခြင်းမှာ နည်းလမ်းမကျ တရားမမျှတဟုလည်း ဆိုကြသည်။
၂။ မိန်းမများသည် ပထမကမ္ဘာစစ်မှစ၍ လက်နက်ကိုင်တပ်များတွင် လည်းကောင်း၊ အလုပ်ရံုံ ကုန်သွယ်မှုမှမစ ယောကျာၤးများနှင့် တန်းတူဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယောကျာၤးများနှင့် တန်းတူအခွင့်အရေး ရသင့်သည်ဟု ဆိုကြသည်။
၃။ မိန်းမများသည် တိရိစ္ဆာန်များမဟုတ်ကြ၊ ယောကျာၤးများကဲ့သို့ လူများသာဖြစ်ကြသည်။ လူသားခြင်း အတူတူ ဖြစ်ခြင်းကြောင့် အခွင့်အရေးလည်း တန်းတူရသင့်သည်ဟု ဆိုကြသည်။
၄။ ကိုယ်ပိုင်ပစ္စည်းအရည်အချင်းကို သတ်မှတ်လျှင်လည်း များစွာသောမိန်းမတို့တွင် သတ်မှတ်ထားသော ကိုယ်ပိုင်ပစ္စ္စည်းများ ရှိကြသည်။ ထို့ပြင် တချို့ နိုင်ငံများ၌ အိမ်ထာင်ရေးနှင့်စီးပွားရေးူတွင် မိန်းမများက ဦးဆောင်နေသည်။ ထို့ပြင် မိန်မများသည် ယောကျာၤးများနှင့် တန်းတူမဲပေးခွင့် ရသင့်သည်ဟူ၍ တောင်းဆိုကြသည်။
အမျိုးသမီးများ မဲမပေးသင့်ကြောင်း အကြောင်းပြချက်များ
၁။ မိန်းမများကို မဲပေးခွင့်ပြုလျှင် အိမ်ထောင်ရှိသော မိန်းမများသည် ၎င်းတို့၏ခင်ပွန်း စိတ်ကြိုက်လိုက်၍ မဲပေးကြပေမည်။ ယင်းသို့ဖြစ်လျှင် ၎င်းမိန်းမများမဲမှာ အကြောင်းထူးလိမ့်မည်မဟုတ်ပေ။ အကယ်၍ ၄င်တို့ လင်ခင်ပွန်းများနှင့် ဆန့်ကျင်၍ မဲပေးပါလျှင်လည်း အကျင်လင်မယား စိတ်ဝမ်းကွဲ၍ အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နိုင်သည်ဟု ဆိုကြသည်။
၂။ မိန်မများသည် အားနွဲ့ကြသဖြင့် ကြမ်းတမ်းသော နိုင်ငံရေးနှင့် မသင့်လျှော်ဟု ယူဆကြသည်။ ထို့ပြင် နိုင်ငံရေးကို ဝင်ရောက် ဆောင်ရွက်နေရသဖြင့် အိမ်ထောင်ထိန်းသိမ်းရေးကိုလည်း ထိခိုက်စေနိုင်သည်။
၃။ မိန်းမများသည် ယောကျာၤးများထက် ဘာသာတရားကိုကိုင်းရှိုင်းကြသည်။ ထို့ကြောင့် မဲဆန္ဒပေးရာတွင် သသနာ့ဝန်ထမ်း ရဟန်းသံဃာတို့၏ ဆွဲဆောင်ရာသို့ပါနိုင်သည်။ ယင်းသို့ဖြစ်လာလျှင် နိုင်ငံရေး၌ဘာသာရေး ရောယှက်လာမည်ဖြစ်၍ မိန်မများကို မဲဆန္ဒပေးခွင့်မပြုဟု ဆိုကြသည်။ အထက်တွင်ဖော်ပြခဲ့သည်အတိုင်း အငြင်းအခုံဖြစ်ပြီး ၁၉၁၉ ခုနှစ်တွင် အင်္ဂလန်၌လည်းကောင်း ၁၉၂၀ ခုနှစ်တွင် စပိန်၌လည်းကောင်း ၁၉၄၆ ခုနှစ်တွင် ယူဂိုစလားဗီးယား၌လည်းကောင်း ၁၉၄၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌လည်းကောင်း မိန်းမများကို မဲဆန္ဒပေးခွင့်ပြုခဲ့ကြသည်။
မဲပေးရာတွင်လည်း ရှေးကကဲ့သို့ လူမြင်သူမြင်ပေးသောစနစ်ကို အသုံးမပြုပဲ လျှို့ဝှက်မဲပေးစနစ်ကို တကမ္ဘာလုံး၌ပင် အသုံးပြုလျှက်ရှိသည်။ သို့ရာတွင် မဲမပေး မနေရစနစ်ကိုမူ နိုင်ငံအများအပြားက အသုံးမပြုကြသေးချေ။ မက္ကဆီကိုနိုင်ငံတွင် မဲမပေးလျှင် ၎င်းအခွင့်အရေးများဆုံးရှုံးပြီး သြစတေးလျား နိုင်ငံတွင်မူ မဲမပေးသူများအား ဒဏ်ခက်တက်သည်။
အလေးတင်းသော မဲစနစ်
"အလေးတင်းသော မဲစနစ်" ( Weighted Vote) ဆိုသည်မှာ အချို့လူများထက် ပိုထည့်ခွင့်ပြုထားခြင်းပင် ဖြစ်သည်။ ဥပမာ - ပစ္စည်းဥစ္စာအရည်အချင်း သတ်မှတ်လျှင် လူတချို့၏ ပစ္စည်းဥစ္စာများသည် မဲဆန္ဒတစ်နယ် အတွင်းသာမက မဲဆန္ဒနယ်အများအပြားတု့ိ၌ ရှိနေတတ်သဖြင့် ၎င်းသူကို မဲဆန္ဒတစ်နယ်ထက်ပို၍ မဲပေးခွင့်ပြုလေ့ရှိသည်။
အလေးတင်းသေ မဲစနစ်ကိုအသုံးပြုလျှင် ပညာတတ်များနှင့် ပစ္စည်းဥစ္စာကြွယ်ဝသူတို့သည် ပညာမဲ့နှင့် ဆင်းရဲသားတို့ထက် မဲပို၍ထည့်ခွင့်ရကြသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အသက် ၂၅ နှစ်ပြည့်သူတိုင်းကို မဲတစမဲထည့်ခွင့်ပြုပြီး အထက်တန်းကျောင်းမှ ဒီပလိုမှာဒီဂရီဘွဲ့တစ်ခုခု ရရှိထားသော ပြည်သူပြည်သားများကို မဲနှစ်မဲ ထည့်ခွင့်ပြုသည်။
ယင်းသို့ "အလေးတင်းသော မဲစနစ်ကို" အသုံးပြုခြင်းအကြောင်းအရင်းမှာ မသမာသောနိုင်ငံရေးသမားတို့ လှည့်စားချက်များကို ကာကွယ်နိုင်စေရန်ဖြစ်သည်။ ပညာမဲ့သူများသည် များသောအားဖြင့် စဉ်းစားဆင်ခြင်ဉာဏ်အားနည်းမှုကြောင့် ကိုယ်ကျိုးရှာနိုင်ငံရးသမားတို့၏ မဟုတ်မမှန်လုပ်ဇာတ်များကို ယုံကြည်တတ်ကြသည်။ မြှောက်လျှင် မြှောက်တတ်၍ ခြောက်လျှင်လည်း ကြောက်တတ်ကြသည်။ အနည်းငယ်သော အခွင့်အရေးမျိုးကိုလည်း မက်မောတတ်ကြသည်။ ထို့ကြောင့်ပင် ကမ္ဘာနိုင်ငံရေးလောက၌ ကိုယ်ကျိုးရှာ တဏှာရူး ဂျပိုးတေလေ ဖဲသမား ငွေစား ဘီလူးကြီးများစသော နိုင်ငံရေးသမား လူရှုပ်လူပွေတို့အာဏာရခဲ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် ပညာမဲ့ပေါများသော နိုင်ငံများတွင် ပညာရှိတို့၏မဲဖြင့် အလေးတင်းထားရန် လိုအပ်ပေသည်။
Sunday, December 21, 2014
နိုင်ငံရေးသိပ္ပံ-အပိုင်း(၂၀)
Political Science Part (20)
ရှေးအခါက ဂရိလူမျိုးတို့သည် (Direct Democracy) တိုက်ရိုက် ဒီမိုကရေစီခေါ် တိုင်းသူပြည်သားတိုင်း နိုင်ငံရေးကိစ္စရပ်များကို ပါဝင်ဆောင်ရွက်သောနည်းလမ်းကို အသုံးပြု၍တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည်။ ယင်းသို့ နိုင်ငံရေးကိစ္စများကို တိုင်းသူပြည်သားတိုင်း ကိုယ်ထိလက်ရောက်ပါဝင်နိုင်ခြင်းကို စမ်းစစ်ကြည့်က အောက်ပါအတိုင်း အကြောင်းသုံးရပ်ကို တွေ့ရပေမည်။
၁။ ဂရိနိုင်ငံများသည် မြို့နိုင်ငံများသာဖြစ်ကြသဖြင့် ယခုခေတ်နိုင်ငံများနှင့်စာလျှင် အလွန်သေးငယ်နေခြင်း
၂။ မည်သည့်ဂရိနိုင်ငံတွင်မှ နိုင်ငံသားဦးရေ ခုနှစ်ထောင် (၇၀၀၀) ထက်မများခြင်း။
၃။ ဂရိနိုင်ငံသားတို့သည် စားဝတ်နေရေးကိစ္စများကို ငွေဝယ်ကျွန်များလက်သို့ လွဲအပ်ထားခြင်းစသော အကြောင်း (၃) ရပ်ပင်ဖြစ်သည်။
နိုင်ငံငယ်ပြီး လူဦးရေနည်းသောကြောင့် နိုင်ငံရေးကိစ္စများကို ကွင်းပြင်ကြီးတစ်ခုအတွင်း နိုင်ငံသားအားလုံး စုရုံးစည်းဝေး ဆုံးဖြတ်နိုင်ကြသည်။ စား၊ ဝတ်၊ နေရေး ကိစ္စများအတွက် မပူမပင်ရသောကြောင့် ဂရိတို့ို တိုင်းရေးပြည်ရေးကိစ္စရပ်များကို စိတ်ပါဝင်စားနိုင်ကြသည်။ အထူးသဖြင့် ဥပဒေလုပ်ငန်းများကို ပါဝင်ဆောင်ရွကကြသည်။
ခေတ်သစ်နိုင်ငံများမှာမူ ဂရိနှင့်မတူပေ။ တိုင်းပြည်ကျယ်ဝန်းခြင်း လူဦးရေများပြားခြင်းတို့ကြောင့် တိုင်းရေးပြည်ရေးကိစ္စရပ်များကို တစ်နေရာထဲတွင် နိုင်ငံသားအားလုံးစု၍ စည်းဝေးဆုံးဖြတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ကိုယ်စားလှယ်စနစ်ကို အသုံးပြုရခြင်းဖြစ်သည်။ ယင်းသို့ ကိုယ်စားလှယ်စနစ်ကို အသုံးပြုရသောကြောင့် ခေတ်သစ်နိုင်ငံများ၏ ဒီမိုကရေစီသည် ဂရိတို့၏တိုက်ရိုက် ဒီမိုကရေစီနည်းမျိုးမဟုတ်ပေ။ ထို့ကြောင့် နိုင်ငံသားတို့က ရွေးချယ်သော ကိုယ်စားလှယ်များကသာ တိုင်းရေးပြည်ရေးကိစ္စများကို ဆောင်ရွက်သဖြင့် ခေတ်သစ်နိုင်ငံတို့၏ ဒီမိုကရေစီသည် သွယ်ဝိုက်ဒီမိုကရေစီ(Indirect Democracy)သာ ဖြစ်သည်။
ပြည်သူ့ဆန္ဒနှင့် လိုက်လျောကိုက်ညီသော ဥပဒေပြုဌာနဖွဲ့စည်းရန် မည်သူကမည်သူ့ကို မည်ကဲ့သို့ရွေးကောက် တင်မြောက်မည်နည်း။ ဘိန်းစားများက ဘုရားတကာများကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြောက် ကြမည်လော။ ပညာတတ်များက ပညာတတ်များကို ရွေးချယ်တင်မြှောက်ကြမည်ဆိုလျှင် ဘီအေအိုင်အေ အောင်သူများကို ပညာတတ်ဟုသတ်မှတ်မည်လော သို့မဟုတ် ဘွဲ့ဒီဂရီများမရှိသော နိုင်ငံရေးသမားများနှင့် စာရေးဆရာ ကုန်သည် ပွဲစားများကို သတ်မှတ်ကြမည်လော။ ယင်းသို့သော ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိပေမည်။
ယင်းပြဿနာများကို ဖြေရှင်းကြရာတွင်လည်း တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားခြားနားနေမည်ကို တွေ့ရှိရပေမည်။ ဥပမာ မဲဆန္ဒရှင်များ၏ အရည်အချင်းသတ်မှတ်ပုံ ကွဲပြားခြင်း၊ လွှတ်တော်ဖွဲ့စည်းပုံ ခြားနားခြင်း စသောအချက်များကို တွေ့ရှိရပေမည်။ မည်ကဲ့သို့ပင် နည်းအမျိုးမျိုး ကွဲပြားခြားနားနေသော်လည်း "ကြွက်သေသည်သာပဓာန" (The End Justified The Means) ဖြစ်သောကြောင့် ဥပဒေပြုအဖွဲ့မှ ပြုလုပ်ဆောင်ရွက်ချက်များသည် ပြည်သူအများစု၏အလိုဆန္ဒနှင့် ကိုက်ညီလျက် ပြည်သူအများစုကို အကျိုးပြုလျှင် မည်သည့်နည်းကိုသာ အသုံးပြုပြုမှန်သည်သာ ဖြစ်၏။
ဒီမိုကရေစီဆိုသည်မှာ လူအများစု၏ ဆန္ဒအတိုင်း လူအများစုကို အကျိုးပြုစေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်က အုပ်ချုပ်သည်ဖြစ်စေ လူတစ်စုက အုပ်ချုပ်သည် ဖြစ်စေ လူအများတို့၏ ဆန္ဒနှင့် လိုက်လျောညီထွေစွာ လူအများစုကိုအကျိုးပြုလျှင် ဒီမိုကရေစီအုပ်ချုပ်ရေးပင် ဖြစ်သည်။
Tuesday, December 2, 2014
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၉)
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၉)
ဥပဒေပြုဌာန
ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ကောင်းကျိုးများ
(၁) အခြေခံဥပဒေဆိုသည်မှာ အစိုးရ၏အာဏာနှင့် ပြည်သူလူထု အခွင့်အရေးများကို တိကျစွာခွဲခြား သတ်မှတ်ထားသော ဥပဒေတမျိုးပင်ဖြစ်သည်။ ဥပဒေကို ချုံ့လိုက ချုံ့၊ ဆန့်လိုကဆန့် လိုသလိုအဓိပ္ပါယ် ကောက်၍နေပါမူ ဥပဒေ၏မူလ ရည်ရွယ်ချက်ပျက်သွားပေမည်။ ပြင်ဆင်ရန်ခက်ခဲလျှင် ပြင်ဆက်ချက် နည်းပါးမည်မှာ ဓမ္မတာသဘောပင်ဖြစ်သည်။ ပြင်ဆင်ချက်နည်းပါးလေ၊ ဥပဒေ တိကျပြတ်သားမှု ပိုမိုရှိနိုင်ေလေ ဖြစ်သောကြောင့် ပြင်ဆင်ရန်ခက်ခဲသော အခြေခံဥပဒေကို ကောင်းသည်ဟု ယူဆရပေသည်။
(၂) လူထု၏နိုင်ငံရေးအသိတရားမြင့်မားမှု မရှိသောနိုင်ငံများတွင် ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေကို အသုံးပြုခြင်းကကောင်းသည်။ လူထုအနေဖြင့် နိုင်ငံရေးအသိတရား နည်းပါးမှုကြောင့် အစိုးရ၏ဆောင်ရွက်ချက်များ ကောင်းမကောင်းကို စောင့်ကြည့်၍ ဝေဖန်ပိုင်းခြားလျက် ချုပ်ကိုင်နိုင်ခြင်း မပြုနိုင်သော်လည်း အာဏာရူးနိုင်ငံရေးသမားတို့၏ လှည့်စားမှုများ သက်သာစေနိုင်သည်။ ပြင်ဆင်ရန်ခက်ခဲမှုသည် လူထု၏အခွင့်အရေးကို ကာကွယ်မှုတစ်ရပ်ဖြစ်နိုင်သည်။ ထို့ကြောင့်ပြင်ဆင်ရန်ခက်ခဲသော ဥပဒေသည် ကောင်းသည်။
(၃) ပြည်ထောင်စုနိုင်ငံများအဖို့တွင် ပြင်ဆင်ရန်ခက်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုသာ အသုံးပြုသင့်သည်။ ပြည်ထောင်စုနိုင်ငံ၌ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ တို့ အာဏာကိုခွဲဝေယူထားကြသောကြောင့် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကိုသာ အသုံးပြုပါက ၎င်းဥပဒေကိုအကြောင်းပြု၍ ပြည်ထောင်စု ပြိုကွဲနိုင်ပေသည်။ ပြည်ထောင်စု တည်မြဲရေး၊ တိုးတက်ရေးတို့သည်၊ ၎င်းအခြေခံဥပဒေပေါ်၌ မူတည်လျက်ရှိသည်။ ထို့ကြောင့် အာဏာကိုခွဲဝေပေးထားသည့် ၎င်းအခြေခံဥပဒေကို ခိုင်မြဲတိကျပြတ်သားရန် လိုပေမည်။ ဤသို့ခိုင်မြဲတိကျပြတ်သားရန်မှာလည်း ၎င်းအခြခံဥပဒေကို ပြင်ဆင်ချင်တိုင်း လွယ်လွယ်ကူကူနှင့် ပြင်မရရန် လို၏။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံများအဖို့တွင် ပြင်ဆင်ရန်ခက်သော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ အကောင်းဆုံးဖြစ်သည်။
ပြင်ဆင်ရန်ခက်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ မကောင်းကျိုးများ
(၁) လောကတွင်အကောင်းနှင့် မကောင်းမှာ အမြဲသဖြင့်ဒွန်တွဲလျက်ရှိနေပေသည်။ ထို့ကြောင့် ကောင်းသော အချက်များရှီသည့် ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေ၌ မကောင်းသော အချက်များလည်း ရှိနေပေလိ့မ့်မည်။ ဥပဒေဆိုသည်မှာ အခါပြုလျက်ထားလျှင် ရာသက်ပန်ကောင်းနေနိုင်သော အရာမျိုးမဟုတ်ပေ။ အခြေအနေများသည် မိနစ်၊ စက္ကန့်တိုင်းပြောင်းလဲသည်။ ထို့ကြောင့် အခြေအနေတရပ်နှင့် သင့်လျော်အောင်ပြုထားသော ဥပဒေတစ်ရပ်သည် ပြောင်းလဲနေသောအခြေအနေတစ်ရပ်နှင့်မူ သင့်လျော်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ဥပဒေကို အချိန်အားလျော်စွာ ပြင်ဆင်ရပေမည်။
(၂) ပြင်ဆင်ရန်ခက်သော အခြေခံဥပဒေမျိုးကို ပြင်ဆင်ရန်မှာ တာဝန်ကြီးလေးသည့်အပြင် ပြင်ချင်းတိုင်းပြည် ဆင်ချင်တိုင်းဆင်ရန်လည်း မလွယ်ကူလှပေ။ ထို့ကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး ပေါင်းသင်းဆက်ဆံရေးနှင့် အရေးပေါ်ကိစ္စများအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်၍ ပြင်ဆင်သောအခါ အချိန်တိုတိုတောင်းတောင်းဖြင့် ပြင်ဆင်ချက်အတည် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ယင်းသို့ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြုပြင်နိုင်ခြင်း မရှိပါကတိုင်းပြည်တွင် မလိုလားအပ်သောကိစ္စများ ပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့်ပြင်ဆင်ရန် ခက်သောအခြေခံဥပဒေကို အကြွင်းမဲ့ကောင်းသည်ဟု မယူဆအပ်ပေ။
အစိုးရအဖွဲ့တစ်ခု၌
(၁) ဥပဒေပြုဌာန (Legislature)
(၂) အုပ်ချုပ်ရေးဌာန (Executive)
(၃) တရားစီရင်ရေးဌာန (Judiciary) ဟူ၍ ဌာနကြီးသုံးခုရှိသည့်အနက် ဥပဒေပြုဌာနသည် အရေးကြီးဆုံးသော ဌာနတစ်ခုဖြစ်သည်။ အကြောင်းမှာ အုပ်ချုပ်ရေးဌာနှင့် တရားစီရင်ရေးဌာန နှစ်ခုစလုံး ဥပဒေပြုဌာနပေါ်တွင် မူတည်ရသည့်အပြင် ဥပဒေဌာန၏ လက်အောက်ခံဌာနများ ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
Saturday, November 29, 2014
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၈)
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၈)
အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
၁၇၈၉ ခုနှစ်တွင် ရေးဆွဲခဲ့သော အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ဆုံးသော ဥပဒေဖြစ်သည် ။ ဤသို့ ပြင်ဆင်ရန်ခက်မှုကြောင့် ၎င်းဥပဒေကို ရေးဆွဲသည့် ၁၇၈၉ ခုနှစ်မှ ယနေ့ ၁၉၆၃ ခုနှစ်အထိ နှစ်ပေါင်း ၁၇၄ နှစ်အတွင်း ပြင်ဆင်ချက်ပေါင်း ၂၂ ခုသာ ရှိသည်။ အခြေခံဥပဒေများကို ခေတ်နှင့် လျော်ညီအောင် အခါအားလျော်စွာ ပြင်ဆင်သင့်သော်လည်း ဤမျှ ရှည်လျားသောကာလအတွင်း ပြင်ဆင်ချက် ၂၂ ခုသာရှိခြင်းကို ကြည့်ခြင်းဖြင့် အမေရိကန် အခြေခံဥပဒေ မည်မျှပြင်ဆင်ရန် ခက်ခဲကြောင်း ခန့်မှန်းကြည့်နိုင်ပေမည်။
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ သီးခြားစွာဖြင့် ၂/၃ သောမဲဖြင့် တင်သွင်းနိုင်သည်။ ၎င်း ၂/၃ မှာ လွှတ်တော် တခုစီတွင် တက်ရောက်သော အမတ်များ၏ ၂/၃ မဟုတ်ပေ။ လွှတ်တော် တခုစီတွင် ရှိသော အမတ်ပေါင်း ၂/၃ စီဖြစ်ရမည်။
၂။ ပြည်နယ်စုစုပေါင်း ၂/၃ တို့က ပြင်ဆင်ရန် လိုကြောင်း တင်ပြသောအခါ ကွန်ဂရက်က ၎င်းအဆိုပြုချက်ကို စဉ်းစားရန် အထူးလွှတ်တော်တရပ် ရွေးကောက်တည်ထောင်ပေးရသည်။
၃။ အခြေခံဥပဒေကို ပြင်ဆင်ချက် အတည်ဖြစ်ရန် ပြည်ထောင်စုတွင်ပါဝင်သော ပြည်နယ်စုစုပေါင်း၏ ၃/၄ တို့က သဘောတူရပေသည်။ ၃/၄ တို့က သဘောမတူလျှင် ပြင်ဆင်ချက် အတည်မဖြစ်တော့ပေ။
ပြင်သစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ပြင်သစ်နိုင်ငံသည် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးပြုသည့် ယူနီ တရီနိုင်ငံတနိုင်ငံဖြစ်သည်။ အခြေခံဥပဒေကိုပြင်ဆင်ရန် ပြင်သစ်အောက်လွှတ်တော်(National Assembly) ကသာတင်သွင်း နိုင်သည်။ အောက်လွှတ်တော်က အတည်ပြုပြီး အထက်လွှတ်တော် (Council of State) ကို တင်ပြရသည်။ အကယ်၍ လွှတ်တော်နှစ်ရပ်အနက်မှ လွှတ်တော်တခုခုတွင် သာမန်မဲအများအားဖြင့် အတည်ပြုခြင်းဖြစ်ခဲ့လျှင် ပြင်ဆင်ချက်အတည်ဖြစ်စေရန် ပြည်သူ့ ဆန္ဒ ကောက်ခံ ခြင်း ပြုရသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရန် အဆိုကို အောက်လွှတ်တော်၏ ၂/၃ သော အမတ်များ နှင့် အထက်လွှတ်တော်၏ ၃/၅ သော အမတ်များက သဘောတူလျှင် ပြင်ဆင်ချက်အဆိုအတည်ဖြစ်သည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန်မလိုပေ။
အီတလီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အီၤတလီတွင် ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ကို အသုံးပြုခဲ့သည်။ အာဏာရှင်မူဆိုလိုနီသည် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို လိမ္မာပါးနပ်စွာ အသုံးပြု၍ ပြည်သူတို့၏ အခွင့်အရေးများကို ဖျက်ဆီးကာ ၁၉၂၂-ခုနှစ်တွင် ၎င်းကို၎င်း အီတလီပြည်၏ အာဏာရှင်တစ်ယောက်ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
အထက်ပါ အကြောင်းကြောင့် ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ရေးဆွဲ၍၊ ၎င်းအခြေခံဥပဒေကို ပြင်ဆင်ရန် အခြေခံဥပဒေ၏ အပုဒ်“၁၃၈”ဖြင့် အောက်ပါအတိုင်း ပြဌာန်းထားခဲ့သည်။
အခြေခံဥပဒေကို ပြင်ဆင်ရန် အောက်လွှတ်တော် (Chamber of Deputies) က သော်လည်း ကောင်း အထက်လွှတ်တော် (Senate) က သော်လည်းကောင်း တင်သွင်းနိုင်သည်။ ၎င်းပြင်ဆင်ချက် အဆိုကို လွှတ်တော်နှစ်ရပ်လုံးက တကြိမ်နှင့် တကြိမ်ရက်ပေါင်း “၉၀” ခြား၍ စည်းဝေရသည်။ လွှတ်တော်နှစ်ရပ်လုံးမှ နှစ်ကြိမ်စလုံး သာမန်အမတ်အများစုက သဘောတူလျှင် ပြင်ဆင်ချက်အဆိုကို အတည်ဖြစ်သည်။
လွှတ်တော်နှစ်ခုအနက်မှ လွှတ်တော်တစ်ခုခုတွင် ပါဝင်သော အမတ်ဦးရေ၏ ၁/၅ က သော် လည်းကောင်း မဲဆန္ဒရှင် ၅၀၀၀၀ (ငါးသောင်း) က သော်လည်းကောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန်တောင်းဆိုလျှင် ပြည်သူ့ဆန္ဒကောက်ခံခြင်း (Referendum) ပြုရသည်။ သို့ရာတွင် လွှတ်တော်နှစ်ရပ်စလုံး၌ နှစ်ကြိမ်စလုံး အမတ် ၂/၃ ဖြင့် ပြင်ဆင်ချက် အဆိုကို အတည်ပြုခဲ့ပါက ပြည်သူ့ဆန္ဒကောက်ခံခြင်းပြုရန် မလိုပေ။
အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
အိန္ဒိယပြည်ထောင်စုနိုင်ငံတွင် ဗဟိုအစိုးရ၏ ဥပဒေပြုရေးဌာနဖြစ်သော ဗဟိုလွှတ်တော်နှစ်ခုပေါင်း မှ လွှတ်တော်တက်ရောက်လာသည့် ကိုယ်စားလှယ် အမတ်ပေါင်း ၂/၃ က သဘောတူညီလျှင် ပြင်ဆင် ချက်အဆိုအတည်ဖြစ်သည်။
ကနေဒါ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ပုံ
ကနေဒါနိုင်ငံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ကနေဒါလွှတ်တော်နှစ်ရပ်က ဗြိတိသျှဘုရင်- ဘုရင်မထံ ပြင်ဆင်ချက်ကို တင်ပြရသည်။ ၎င်းပြင်ဆင်ချက်ကို ဗြိတိသျှပါလီမန်က ဆွေးနွေးအတည် ပြုရသည်။ ထို့ကြောင့် ကနေဒါနိုင်ငံတွင် အသုံးပြုသော အခြေခံဥပဒေပြင်ဆင်နည်းမှာ တခြားပြည်ထောင်စု များတွင် သုံးသောနည်းများနှင့် စာကြည့်လျှင်လွယ်ကူသည်။ သို့ရာတွင်ပြင်ဆင်ချက်ကို တခြားနိုင်ငံတနိုင်ငံကို တင်ပြရသဖြင့် ပြင်ဆင်ချက်များ နှောင့်နှေးကြန့်ကြာစေနိုင်သည့်အပြင် တိုင်းပြည်၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်သည်။
Monday, November 24, 2014
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၇)
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၇)
နယူးဇီလန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
နယူးဇီလန် နိုင်ငံ၏ အခြေခံဥပဒေသည် ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေဖြစ်သည်။ ကမ္ဘာပေါ်တွင် ၎င်း နယူးဇီလန်နှင့် အင်္ဂလန်တို့သာ ပြင်ဆင်ရန် လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသည်။ ၎င်းနှစ်နိုင်ငံတို့သည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုကြသော် လည်း ဗြိတိသျှတို့၏ အခြေခံဥပဒေမှာ မှတ်တမ်းတင်ထားသော အခြေခံဥပဒေ မဟုတ်ပဲ နယူးဇီလန် အခေခံဥပဒေမှာမူ မှတ်တမ်းတင်ထားသော ဥပဒေဖြစ်သည်။
နယူးဇီလန်သည် အင်္ဂလိပ်ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ၁၈၅၂ ခုနှစ်၌ ဒိုမီနီယံလွတ်လပ်ရေးရသဖြင့် ၁၈၇၆ ခုနှစ်တွင် ယူနီတရီနိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေအပိုဒ် “၆၁” ဖြင့် အခြေခံဥပဒေကို ရိုးရိုးဥပဒေများကို ပြင်ဆင်ပြုလုပ်သကဲ့သို့ ပါလီမန်က ပြင်ဆင်နိုင်ကြောင်း ဖေါ်ပြထားခြင်းဖြင့် နယူးဇီလန် အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေဖြစ်ကြောင်း ထင်ရှားသည်။
ယူနီထရီနိုင်ငံများဖြစ်ကြသော အင်္ဂလန်နှင့် နယူးဇီလန်နိုင်ငံများ၌ပြင်ဆင်ရန် လွယ်ကူသော အခြေ ခံဥပဒေများ ရှိကြခြင်းဖြင့် ယူနီထရီ နိုင်ငံတိုင်း၌ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေများ ရှိရမည်ဟု မယူဆအပ်ပေ။ ၎င်းနှစ်နိုင်ငံမှ အပ ကမ္ဘာတွင်မည်သည့်နိုင်ငံမှ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို မသုံးကြပေ။
နယူးဇီလန်နိုင်ငံ၌ ပြည်ထောင်စုအစိုးရကဲ့သို့ ဗဟိုအစိုးရနှင့်ဒေသဆိုင်ရာ ပြည်နယ်အစိုးရတို့ ရှိခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သော ဥပဒေဖြင့် ပြည်နယ်အစိုးရများကို လုံးဝဖျက်သိမ်းပြီး ယူနီထရီ နိုင်ငံပြုလုပ်လိုက်သည်။
နယူးဇီလန် နိုင်ငံ၌လွတ်တော် ၂ ခုရှိခဲ့သော်လည်း ၁၉၅၁ ခုနှစ်တွင် ဥပဒေဖြင့်လွှတ်တော် ၂ခု စံနစ်ကိုဖျက်သိမ်းပြီး လွှတ်တော်တခုတည်းရှိသော စံနစ်ကို အသုံးပြုခဲ့သည်။ အထက်ပါပြင်ဆင်ချက် ဥပဒေနှစ်ခုစလုံးမှာ အစိုးရဖွဲ့စည်းပုံ စံနစ်နှင့် သက်ဆိုင်နေသောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများပင် ဖြစ်သည်။ ၎င်းဥပဒေများကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေများကို ပြင်ဆင်သကဲ့သို့ ပြင်ဆင်ခြင်းဖြစ်၏။ ထို့ကြောင့် နယူးဇီလန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေပင်ဖြစ်၏။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥဒေ၏ ကောင်းကျိုးများ
အနုမြူဒုံးပျံခေတ်တွင် ကမ္ဘာ့အခြေအနေမှာ နာရီ၊ မိနစ်၊ စက္ကန့်တိုင်းပြောင်းလဲနေသဖြင့် ခေတ်နှင့် ရင်ဘောင်တန်း လိုက်နိုင်ရန် ခေတ်မမှီသော ဥပဒေဟောင်းများကိုသာလျှင်မြန်စွာ ပြင်ဆင်ရန်လိုသည်။ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုသည့်အင်္ဂလန်သည် ပြင်ဆင်ရန်ခက်သည့် အခြေခံဥပဒေကို သုံးသည့် အမေရိကန်ထက်စော၍ မိန်းမများမဲပေးနိုင်ခြင်းကို ထောက်ရှုပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေကောင်းကြောင်း သိသာနိုင်သည်။
ပြည်သူလူထုနိုင်ငံရေးအသိတရားမြင့်မားသည့် နိုင်ငံများတွင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုခြင်းဖြစ် မလိုလားအပ်သော အစိုးရ၏ ဖေါက်ပြန်နိုင်မှုများကင်းပြီး တိုင်းပြည် လျှင်မြန်စွာ တိုးတက်နိုင်သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေကို ပြင်ဆင်ရသကဲ့သို့ အချိန်ကုန်လူပန်းမဖြစ်သည့်အပြင် ငွေကြေးအကုန်အကျများလည်းများစွာ သက်သာ သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြခံဥပဒေ၏ မကောင်းကျိုးများ
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်မှာ အစိုးရကပြည်သူလူထု၏ အခွင့်အရေးများကို မချိုးဖောက်နိုင်အောင် ကာကွယ်ထားရန် ပင်ဖြသစ်သည်။ ထို့ကြောင့်အခြေခံ ဥပဒေမှာ သေချာ တိကျ ပြတ်သားရန်လိုသည်။ ဥပဒေကိုပြင်ဆင်ရန်လွယ်သည်ကို အခွင့်ကောင်းယူ၍ မကြာခဏပြင်ဆင်ခြင်းဖြင့် တိကျပြတ်သားမှုမရှိပဲ ရှုပ်ထွေးနေပေမည်။ ဤသို့ဖြစ်လာလျှင် အခြေခံဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူလူထု၏ အခွင့်အရေးကို ကာကွယ်ရန်မှာ ဖြစ်နိုင်တော့မည်မဟုတ်ပေ။
စိတ်လှုပ်ရှားမတည်ငြိမ်သောလူမျိုးနှင့် ပြင်ဆင်ရန်လွယ်ကူသော ဥပဒေမှာ သဟာဇတ မဖြစ်နိုင် တော့ပေ။ အကြောင်းမှာ ကောင်းနိုးနိုးဖြင့် စိတ်ရူးပေါက်တိုင်း မကြာခဏပြင်ဆင်ခြင်းဖြင့် “အကျိုး လို၍ညောင်ရေလောင်း ပတ်ထန်းတွေ့” ဆိုသောသကားပုံအတိုင်း ဖြစ်နိုင်သောကြောင့်ပင် ဖြစ် သည်။
ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေရှိနိုင်သည့်နိုင်ငံတွင် အစိုးရ၏လုပ်ဆောင်ချက်များကို အမြဲမပြတ် စောင့်ကြည့်ရန်လိုသည်။ အစိုးရ၏ မည်သည့်ဆောင်ရွက်ချက်က ကောင်းသည် မည်သည့်ဆောင်ရွက်ချက်က မကောင်းဟူ၍ ပိုင်းခြားဝေဖန်နိုင်သည့် နိုင်ငံရေးအသိတရား လူထု၌ရှိရန် လိုသည်။ ပြည်သူလူထု၌ ဤကဲ့သို့သော နိုင်ငံရေးအသိတရား မြင့်မားမှုမရှိလျှင် အီတလီလူထု အားမူဆိုလီနီ လှည့်စားသွားသကဲ့သို့ လှည့်စားခြင်းကို ခံရပေလိမ့်မည်။
ပြည်ထောင်စုနိုင်ငံများနှင့် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် “ဘုန်းကြီးနှင့် ဘီးပမာ” အလှမ်းကွာခြားလှသည်။ အကြောင်းမှာ ပြည်ထောင်စုနိုင်ငံများတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အာဏာကိုခွဲဝေယူထားကြသောကြောင့် အစိုးရတဖွဲ့ပိုင် အခွင့်အာဏာကို အစိုးရတဖွဲ့က ထိပါးနိုင်ခြင်းမရှိရန်လိုသောကြောင့်ပင် ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေကို အသုံးပြုပါက အစိုးရ တဖွဲ့၏ အခွင့်အာဏာကို တဖွဲ့က ကျူးလွန်ထိပါးပေလိမ့်မည်။ ထို့ကြောင့် မည်သည့် ပြည်ထောင်စု နိုင်ငံတွင်မှ ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသုံးမပြုကြချေ။
Thursday, November 20, 2014
Tuesday, November 18, 2014
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၆)
နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၆)
ဗြိတိသျှဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဗြိတိသျှ အခြေခံဥပဒေများမှာ ထုံးတမ်းစဉ်လာများ၊ အခြေအနေအရဖြစ်ပေါ်လာသော အစဉ်အလာ များနှင့် ဥပဒေပြုအဖွဲ့မှ ပြုလုပ်သောဥပဒေများကို ပေါင်းစပ်ထားသည့် ပြင်ဆင်ရန်လွယ်ကူသည့် အခြေခံဥပဒေပင် ဖြစ်သည်။ ၎င်းအခြေခံဥပဒေများကို မှတ်တမ်းတင်ထားသော အခြေခံဥပဒေများနှင့် မှတ်တမ်းတင်မထားသော အခြေခံဥပဒေများကို ရောစပ်ထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟူ၍ လည်း မှတ်ယူနိုင်သည်။
ထုံးတမ်းစဉ်လာအားဖြင့် ၁၀၆၆ - ခုနှစ်တွင် နော်မန်ဒီနယ်စားကြီးဝီလျံသည် အင်္ဂလန်ကိုသိမ်းပြီးမင်း ဆက်အသစ် တည်ထောင်ကာ နော်မန်စနစ်များနှင့် အင်္ဂလိပ်စနစ်များကို ရောစပ်၍ အစဉ်အလာ အဖြစ်အသုံးပြုခဲ့ကြသည်။ ဘဏ္ဍာတော် ကောက်ခံရန်ကိစ္စများအတွက် အင်္ဂလန်ဘုရင်သည် ဘုရင့်အကြံ ပေးအဖွဲ့သို့ ပြည်သူပြည်သားတို့၏ကိုယ်စားလှယ်များကို တက်ရောက်စေခဲ့သည်။ ဤကဲ့သို့သော အစဉ်အ လာကို အကြောင်းပြု၍ ပါလီမန်စနစ်ပေါ်လာသည်။
ပထမ အလစ်ဇဘုရင်မ ထီးနန်းဆက်ခံခြင်းကို ပါလီမန်တို့ ဥပဒေပြုစေပြီး အတည်ပြုစေခိုင်းချက်ကို အကြောင်းပြု၍ နောင်အခါ “ထီးနန်း ဆက်ခံသောဘုရင်၊ ဘုရင်မတိုင်း ပါလီမန်၏ အတည်ပြုချက် ရယူရမည် ဟူသော အစဉ်အလာ တစ်ရပ်ဖြစ်လာခဲ့သည်။
၁၆၈၈- ခုနှစ်တွင် စတူးဝပ်မင်းဂျိမ်းစ် (၂) သည် ပါလီမန်နှင့် ပဋ္ဋိပက္ခဖြစ်ပြီး မိဖုရားနှင့် သားကိုခေါ်ကာ နိုင်ငံခြားသို့ထွက်ပြေးသောကြောင့် ပါလီမန်သည် ဟော်လန်ဘုရင်ဝီလျံ(၃) နှင့် ၎င်း မိဖုရားဂျိမ်းစ်(၂)၏ သမီးအေရီ တို့ကို အင်္ဂလန်၏ ဘုရင် နှင့်ဘုရင်မ အဖြစ်တင်မြှောက်သည်။ ပါလီမန်သည် ဥရောပအရ တန်ခိုးမရှိသော်လည်း အခြေအနေအရ ဘုရင်တပါးကို နန်းစွန့်သွားသည်ဟု ကြေငြာပြီး ဘုရင်အသစ်တပါးကို ခန့်အပ်ခဲ့သည်။
အထက်တွင်ဖေါ်ပြခဲ့သော ထုံးတမ်းစဉ်လာနှင့် အခြေအနေအရဖြစ်ပေါ်လာသော ဥပဒေများအပြင် မှတ်တမ်းတင်မထားသော်လည်း ၎င်းဥပဒေများကို ချိုးဖောက်လျှင် တရားရုံးမှ အရေးယူနိုင်သော ဥပဒေ များလည်းရှိသည်။ ဥပမာ ဘုရင်သည် အမှားများကိုကျူးလွန်ခွင့်မရှိပေ။
၁၉၁၁-ခုနှစ်တွင် ပါလီမန်အက် ဥပဒေဖြင့် ဗြိတိသျှပိလီမန်၏ သက်တမ်းကို ၇- နှစ် မှ ၅- နှစ်သို့ လျော့ချခဲ့သည်။ ဤဥပဒေပြင်ဆင်ချက် မတိုင်ခင်ကာလက ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သော အ ထက်လွှတ်တော်သည် ပြည်သူ့ ကိုယ်စာလှယ်များဖြင့်ဖွဲ့စည်းထားသော အောက်လွှတ်တော်ထက် တန်ခိုး ကြီးကြောင်းတွေ့ရသည်။ အောက်လွှတ်တော်မှ တင်သွင်းသော မည်သည့်ဥပဒေကိုမဆို အထက် လွှတ်တော်က ဗီတို(Veto) ဖြင့် လုံးဝပယ်ချနိုင်သည်။ ယင်းသို့ ပြည်သူ့ကိုယ်စားလှယ်များ မဟုတ်သော အထက်လွှတ်တော်က တန်ခိုးကြီးနေခြင်းမှာ ဒီမိုကရေစီနှင့် ဆန့်ကျင်သည်။ ထို့ကြောင့် ၁၉၁၁- ခု ပါလီမန် အက် ဥပဒေဖြင့် အထက်လွှတ်တော်၏ ဗီတိုအာဏာကို အချိန်ဆွဲထားနိုင်သော ဗီတို အာဏာ(Supensive Veto) အဖြစ်လျော့ချခဲ့၏။
အချိန်ဆွဲထားနိုင်သော ဗီတို အာဏာအရ အထက်လွှတ်တော်သည် အောက်လွှတ်တော်မှ တင်သွင်းလိုက်သော ဥပဒေကြမ်းကို ယခင်သကဲ့သို့ မကြိုက်လျှင် လုံးဝပယ်ချနိုင်ခွင့်မရှိဘဲ တင်သွင်းထား သော ဥပဒေကြမ်းကို ၂-နှစ်ခြားတခါ ၃-ကြိမ်သာပယ်ချနိုင်မှ တစ်နှစ်ခြားတခါ ၂-ကြိမ်သို့ လျှော့ချလိုက်သည်။ ၎င်းအပြင် ၁၉၁၇-ခုနှစ်နှင့် ၁၉၄၄-ခုနှစ်များတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ် ကာလများ ဖြစ်နေသောကြောင့် အထူးဥပဒေအဖြစ် ပါလီမန်သက်တမ်းကို တိုးခဲ့သည်။
ဤကဲ့သို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် သက်ဆိုင်သောဥပဒေများကို ရိုးရိုးဥပဒေများ ပြင်ဆင်ပြုလုပ်သကဲ့သို့ သာမန် မဲအများစုဖြင့် ပါလီမန်က ပြင်ဆင်ခဲြ့ခင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေ ဖြစ်ကြောင်းထင်ရှားသည်။
Friday, November 14, 2014
နိုင်ငံရေးသိပ္ပံ အပိုင်း (၁၅)
နိုင်ငံရေးသိပ္ပံ အပိုင်း (၁၅)
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ခေတ်သစ်နည်းအရ ဖွဲ့ကြည့်ပါက ပြင်ဆင်ရန်လွယ်ကူသော ဥပဒေနှင့် ပြင်ဆင်ရန်ခက်ခဲသော ဥပဒေဟူ၍ နှစ်မျိုးတွေ့ရပေမည်။ ဥပဒေတစ်ခုကို ရာသက်ပန် ကောင်းမွန်ပြည့်စုံနေမည်ဟု မယူဆအပ်ပေ။ ပြောင်းလဲနေသော ခေတ်နှင့်လျော်ညီသောဥပဒေကို ရေးဆွဲကြည့်သည့် တိုင်းပြုပြည်ပြု လွှတ်တော်တိုင်းသည် နောင်အခါ စီရင်ချက်နည်းနိုင်သမျှနည်းအောင် ကြိုးစားအားထုတ်၍ ဥပဒေများကို ရေးဆွဲကြစမြဲ ဖြစ်သည်။သို့ရာတွင် အချိန်အခါ အားလျော်စွာ ပြင်ဆင်ရန် လိုလားမည်ကိုလည်း သိရှိကြသဖြင့် ၎င်းတို့ရေးဆွဲသော ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေထဲမှာပင် ဥပဒေ များကို မည်သို့ပြင်ဆင်ရမည်ဟု အတိအကျ ရေးသားပြဌာန်းထားလေ့ရှိသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် ရိုးရိုးဥပဒေကို ပြင်ဆင်ပြုလုပ်သကဲ့သို့ အမတ် အများစု၏ သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်လျှင် ၊ပြင်ဆင်ရန်လွယ်ကူသော အခြေခံဥပဒေဟုခေါ်၍ အခြေခံဥပဒေကိုပြင်ဆင်ရာတွင် သတ်မှတ်ချက်တစ်ခုခု ထားရှိလျှင်(ဝါ) ရိုးရိုးနည်းမှတပါး တခြားသော နည်းလမ်း တခုခုဖြစ်စေ၊နည်းလမ်းများနှင့်ဖြစ်စေပြင်ဆင်ရပါက ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥးပဒေဟူ၍ ခေါ်ဆိုသည်။ ထို့ကြောင့်ပြင်ဆင်ရန် လွယ်ကူသောအခြေခံဥပဒေကိုခွဲခြားသိရှိလိုလျှင် ၎င်းအခြေခံဥပဒေကိုပြင်ဆင်သောနည်းလမ်းကို ကြည့်ရပေမည်။ တနည်းအားဖြင့် အခြေခံဥပဒေကို ပြင် ဆင်ရာ၌ ချုပ်ချယ်မှုရှိသည်နှင့်တပြိုင်နက် ၎င်းဥပဒေမှာပြင်ဆင်ရန်ခက်ခဲသောအခြေခံဥပဒေဖြစ်တော့သည်။
ပြင်ဆင်ရန်ခက်ခဲသောဥပဒေကိုပြင်ဆင်နည်းများ
၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က ပြင်ဆင်ခြင်း
၂။ပြည်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)
၃။ပြုပြင်ချကအတွက် အထူးဖွဲ့စည်းကျင်းပသောလွှတ်တော်ကပြင်ဆင်ခြင်း
၄။ပြည်ထောင်စုနိုင်ငံများတွင် ပြည်နယ်များ၏မဲဆန္ဒဖြင့် ပြင်ဆင်ခြင်း။
၁။ချွင်းချက်ဖြင့် ဥပဒေပြုလွှတ်တော်က အခြေခံဥပဒေကိုပြင်ဆင်ရာတွင်လည်း သုံးမျိုးသုံးစား တွေ့ရှိရသည်။ ၎င်းတို့မှာ
(က)ဥပဒေပြုလွှတ်တော်သည် ရိုးရိုးဥပဒေများ ပြုလုပ်သကဲ့သို့ သာမန်မဲအများစုဖြင့် အခြေခံဥပဒေကို မပြင်ဆင်နိုင်ပေ။ သတ်မှတ်ထားသော လွှတ်တော်အမတ် အရေအတွက်ပြည့်ပြီး အများစု၏သဘောတူညီချက်ဖြင့် ပြင်ဆင်သော ကိုတာ (Quorun) နည်း ဖြစ်သည်။ ၎င်းတို့ကို ဒုတိယကမ္ဘာစစ် မဖြစ်မီက ယူမေးနီးယားနှင့် ဘူ(လ်)ဂေးရီးယား နိုင်ငံများတွင် အသုံးပြုသည်။
(ခ)ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုလာသောအခါ လက်ရှိဥပဒေပြုအဖွဲ့ကို ဖျက်သိမ်း၍ ဥပဒေပြုအဖွ့ဲသစ်တစ်ခု ရွေးကောက် တင်မြှောက်ကြပြီး အခြေခံဥပဒေကို ပြင်ဆင်စေသည်။ ဤနည်းကို နော်ဝေး၊ ဘယ်(လ်)ဂျီယံ၊ ဆွီဒင်နိုင်ငံများတွင် အသုံးပြုကြသည်။
(ဂ)လက်ရှိဥပဒေပြုအဖွဲ့မှ သတ်မှတ်ထားသော မဲအရေအတွက်ဖြင့် အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်။ ဥပမာလွှတ်တော်တက်သည့် အမတ်များ အနက်မှ ၂/၃ ကသဘောတူ ဆန္ဒပေးလျှင် ပြင်ဆင်ချက်အဆိုအ တည်ဖြစ်သည်။ ၎င်းနည်းကို တောင်အာဖရိကနိုင်ငံ၌ လည်းကောင်း၊ မြန်မာပြည်တွင် တော်လှန်ရေး အစိုးရမတက်မှီကလည်းကောင်း အသုံးပြုခဲ့ကြသည်။
၂။ ပြည့်သူ့ဆန္ဒကောက်ခံ၍ ပြင်ဆင်ခြင်း(Referendum.)
၂။ တချို့ နိုင်ငံများတွင် ဥပဒေပြုအဖွဲ့၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်သောအာဏာမရှိပေ။ ထို့ကြောင့် အခြေခံဥပဒေ ကိုပြင်ဆင်ရန် အတွက်မဲဆန္ဒရှင်များဖြစ်ကြသော ပြည်သူလူထုအားပြင်ဆင်ချက်ကို တင်ပြ၍ ကြိုက်မကြိုက်မေးမြန်းရသည်။ ပြည်သူ့ဆန္ဒကောက်ခံခြင်း၊ (Referendum) ပင်ဖြစ်သည်။ ဤနည်းကိုသြစ တြေးလျ၊ ဆွစ်ဇာလန်နှင့်တချို့သောအမေရိကန်ပြည်နယ်များတွင် အသုံးပြုသည်။
၃။ တချို့သောနိုင်ငံများတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေပြုအဖွဲ့ကိုဖျက်သိမ်းပြီး၊ အခြေခံဥပ ဒေရေးဆွဲရေးအဖွဲ့တစ်ခုကို ရွေးကောက်တင်မြှောက်ရသည်။ ၎င်းအခြေခံရေးဆွဲရေးအဖွဲ့သည် ဥပဒေပြုအ ဖွဲ့သစ်ပင်ဖြစ်လာသည်။ ဤနည်းကို လက်တင်အမေရိကနိုင်ငံများဖြစ်ကြသော ဗရာဇီးလ်နိုင်ငံ၊ အာဂျင်တီး နားနိုင်ငံ၊ အီကွေဒေါနိုင်ငံနှင့်ချီလီနိုင်ငံများတွင်အသုံးပြုသည်။ ယင်းနည်းသည် အချိန်ကုန်သည့်အပြင် ငွေကြေးလည်း အကုန်အကျများသောကြောင့် များစွာ အသုံးပြုခြင်း မရှိတော့ချေ။
၄။ အချို့သော ပြည်ထောင်စုနိုင်ငံရှိ ဗဟိုအစိုးရများ၌ အခြေခံဥပဒေကိုပြင်ဆင်နိုင်ခွင့်မရှိကြောင်း တွေ့မြင်ရသည်။ အာဏာကို ပြည်နယ်များနှင့် ခွဲဝေထားသည့်အလျှောက် အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် ပြည်နယ်များကိုတင်ပြ၍ ပြည်နယ်အများစု၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်ရသည်။ ဤနည်းဖြင့်ပြည် ထောင်စုနိုင်ငံများဖြင့်သာ သက်ဆိုင်သောကြောင့် ပြည်ထောင်စုနိုင်ငံများဖြစ်ကြသော အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံများတွင် အသုံးပြုသည်။
ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပြင်ဆင်ရန် ခက်ခဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများအကြောင်းကို အကြမ်းအားဖြင့် သိရှိခဲ့ကြပေပြီ။ သို့ရာတွင် အခြေခံဥပဒေနှင့် စပ်လျဉ်းပြီး အသေးစိတ်နားလည်သိရှိနိုင်ရန် ဗြိတိသျှ၊ အမေရိကန် စသော နိုင်ငံများ၌ အသုံးပြုလျက်ရှိသော ဖွဲ့စည်းအုပ် ချုပ်ပုံဥပဒေများကို ဆက်လက်၍လေ့လာရပေမည်။
https://realnayzawtun.blogspot.com/2023/04/2049-economic-challenges-of-rising.html
100 Life-Changing Netflix Movies to Inspire You
100 Life-Changing Netflix Movies to Inspire You As a Coachsultor & Philosothinkerist, I wear many hats: coach, consultant, counselor, ph...
https://realnayzawtun.blogspot.com/2023/05/50-productivity-quotes-by-nayzaw-tun.html
-
The resurgence of Stoicism in contemporary culture has sparked a debate about its authenticity and purpose. Once a profound philosophical ...
-
Interviewer: Aung Zaw (AZ) Interviewee: Maj-Gen Twan Mrat Naing (TMN), Arakan Army (AA) Aung Zaw : Thank you for joining us, Major General. ...
-
Flow: The Psychology of Optimal Experience by Mihaly Csikszentmihalyi is a groundbreaking exploration of the "flow" state—a psy...

